• Follow Us on
Latest News

Home နျူကလီးယားဒုံးကျည်များတပ်ဖြန့်ချထားမှု ဆိုင်းငံ့ထားရန် ရုရှား၏တောင်းဆိုမှု နေတိုးပယ်ချ

နျူကလီးယားဒုံးကျည်များတပ်ဖြန့်ချထားမှု ဆိုင်းငံ့ထားရန် ရုရှား၏တောင်းဆိုမှု နေတိုးပယ်ချ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၅ (People Media)

 

အမေရိကန်နှင့်သဘောတူညီလက်မှတ်ရေးထိုးထားသည့် INF treaty (တာလတ်ပစ်နျူကလီးယားတပ်ဖွဲ့များ ထိန်းချုပ်ရေးစာချုပ်) ကို ရုရှားနိုင်ငံက ချိုးဖောက်သည်ဟု ပြစ်တင်ဝေဖန်နေစဉ်အတွင်း ဥရောပတိုက်တွင် နျူ ကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သော တာလတ်ပစ်ဒုံးကျည်များ တပ်ဖြန့်ချထားမှုကို ဆိုင်းငံ့ထားရန် ရုရှားနိုင်ငံ ၏တောင်းဆိုမှုကို နေတိုးအဖွဲ့က ပယ်ချလိုက်သည်။

 

ဒီဇင်ဘာလ ၁၄ ရက်နေ့က ရုရှားနိုင်ငံ၏တောင်ဆိုချက်ကို တုံ့ပြန်လိုက်ရင်း နေတိုးအဖွဲ့၏ အထွေထွေအတွင်း ရေးမှူးချုပ် ဂျန်းဆော့လ်တန်းဘာ့ဂျ်က ရုရှား၏တောင်းဆိုချက်မှာ ယုံကြည်နိုင်လောက်စရာအကြောင်းမရှိဟု ပြောဆိုခဲ့သည်။

 

“ကျွန်တော်တို့မှာ သဘောတူညီထားတဲ့စာချုပ်ရှိပါတယ်။ အဲဒီစာချုပ်ပါတားမြစ်ချက်ကို ရုရှားတွေက ချိုးဖောက် ခဲ့တာကြောင့် တာလတ်ပစ်ဒုံးကျည်တွေတပ်ဖြန့်ချထားမှုကို ဆိုင်းငံ့ထားဖို့ဆိုတဲ့ ရုရှားနိုင်ငံရဲ့တောင်းဆိုမှုဟာ ယုံကြည်လောက်စရာအကြောင်းမရှိပါဘူး။” ဟု ဆော့လ်တန်းဘာ့ဂျ်က ပြောသည်။

 

ဂျန်းဆော့လ်တန်းဘာ့ဂျ်က ၁၉၈၇ ခုနှစ်တွင် အမေရိကန်နှင့် ရုရှားတို့ချုပ်ဆိုခဲ့သော INF treaty (တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များထိန်းချုပ်ရေးစာချုပ်) ကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်အစိုးရက ၂၀၁၉ ခုနှစ်တွင် ယင်းစာချုပ်မှ တစ်ဖက်သတ်နုတ်ထွက်ခဲ့သည်။

 

ရုရှားနိုင်ငံသည် တားမြစ်ထားသော ဒုံးကျည်စနစ်များကို ၎င်းပိုင်နက်တွင် တပ်ဖြန့်ချထားခြင်းဖြင့် ခေတ်ကုန် သွားပြီဖြစ်သောစာချုပ်ကို တရားမဝင်ချိုးဖောက်ခဲ့ကြောင်း၊ နျူထိပ်ဖူးသယ်ဆောင်နိုင်သည့် တာလတ်ပစ်ဒုံး ကျည်များတပ်ဖြန့်ချထားမှုကိုဆိုင်းငံ့ထားရန် မတောင်းဆိုမီ ရုရှားနိုင်ငံအနေဖြင့် ၎င်း၏ဒုံးကျည်များကိုအရင်ဆုံး ဖြုတ်ချထားဖို့လိုမည်ဖြစ်ကြောင်း ဂျန်းဆော့လ်တန်းဘာ့ဂျ်က ပြောသည်။

 

နေတိုးအတွင်းရေးမှူးချုပ်က ရုရှား၏ 9M729 ဒုံးကျည်များကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းဒုံးကျည်များ ကို နေတိုးအဖွဲ့က SSC-8 Screwdriver ဟု အမည်ပေးထားသည်။ 9M729 ဒုံးကျည်များမှာ မြေပြင်အခြေစိုက် ခရုစ်ဒုံးကျည်များဖြစ်ပြီး ရွေ့လျားဒုံးပစ်စင်များဖြင့် ပစ်ခတ်နိုင်ရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

 

ယင်းဒုံးကျည်များမှာ ကီလိုမီတာ ၅၀၀ မှ ၅၅၀၀ အထိ ပစ်ခတ်နိုင်သော မြေပြင်အခြေစိုက်ပဲ့ထိန်းဒုံးကျည်များ၊ ခရုစ်ဒုံးကျည်များနှင့် ရွေ့လျားဒုံးပစ်စင်များနှင့်ပစ်ခတ်နိုင်သည့်ဒုံးကျည်များကို တားဆီးပိတ်ပင်ထားသည့် INF treaty ကိုချိုးဖောက်ရန်အတွက် ရုရှားနိုင်ငံကတီထွင်ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရနှင့် နေတိုးအဖွဲ့က အကြိမ်ကြိမ်စွပ်စွဲခဲ့သည်။

 

သို့သော် ရုရှားအစိုးရက ယင်းလက်နက်များကို ယခင်ချုပ်ဆိုခဲ့သောစာချုပ်ကို အပြည့်အဝလိုက်နာပြီး တီထွင် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ ယင်းဒုံးကျည်များမှာ ကီလိုမီတာ ၄၈၀ အထိသာပစ်ခတ်နိုင်ကြောင်း ပြောဆို ခဲ့သည်။

 

Ref: NATO dismisses Russia’s call for moratorium on missile deployment

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: NATO dismisses Russia’s call for moratorium on missile deployment

 

#PeopleMedia


Share this post