• Follow Us on

Home နျူကလီးယားဓာတ်ခွဲခန်းပေါ်မှ ဒရုန်းများဖြတ်သန်းခြင်းမပြုရန် ကန်အာဏာပိုင်များ သတိပေး

နျူကလီးယားဓာတ်ခွဲခန်းပေါ်မှ ဒရုန်းများဖြတ်သန်းခြင်းမပြုရန် ကန်အာဏာပိုင်များ သတိပေး

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၅ (People Media)

 

အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကစီကိုပြည်နယ်၊ ဆန်တာဖီမြို့၏ အနောက်မြောက်ဘက်တွင်တည်ရှိသော လော့စ်အာလာမိုစ်အစိုးရဓာတ်ခွဲခန်းပေါ်မှ လေယာဉ်များ အထူးသဖြင့် ဒရုန်းများဖြတ်သန်းသွားလာခြင်းမပြုရန် အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်းနျူကလီးယားလက်နက်များဆိုင်ရာဓာတ်ခွဲခန်းမှ အာဏာပိုင်များက သြ ဂုတ်လ၂၃ ရက်နေ့က သတိပေးလိုက်သည်။

 

ဓာတ်ခွဲခန်းနယ်မြေရှိ ကန့်သတ်ဝေဟင်ပေါ်တွင် ခွင့်ပြုချက်မရှိသော မောင်းသူမဲ့လေယာဉ်များဖြတ်သန်းသွား လာနေသည်ကို ထောက်လှမ်းသိရှိရကြောင်း အနုမြူဗုံးစတင်ထုတ်လုပ်ခဲ့သည့် လော့စ်အာလာမိုစ်အစိုးရဓာတ်ခွဲ ခန်းမှ အာဏာပိုင်များကပြောသည်။ ဒရုန်းများ ပျံသန်းဖြတ်ကျော်သွားပါက အဆိုပါဒရုန်းများပျောက်ဆုံးသွား မည်ဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

 

“မောင်းသူမဲ့လေယာဉ်တွေကို ကျွန်တော်တို့ စုံစမ်းထောက်လှမ်းပြီး ခြေရာခံနိုင်ပါတယ်။ အဲဒီမောင်းသူမဲ့လေ ယာဉ်တစ်စီးစီးက ခြိမ်းခြောက်မှုတစ်ခုခုလုပ်လာပြီဆိုရင် အဲဒီလေယာဉ်ရဲ့ ထိန်းချုပ်မှုစနစ်ကိုပျက်သွားအောင် ကျွန်တော်တို့ လုပ်လို့ရတယ်။ လေယာဉ်ကိုသိမ်းဆည်းပစ်လိုက်နိုင်ပါတယ်။ အဲဒီလေယာဉ် ပျံသန်းလို့မရတော့ အောင်၊ ထိခိုက်သွားအောင် ဒါမှမဟုတ် လုံးဝသုံးလို့မရတော့လောက်အောင် ဖျက်ဆီးပစ်လိုက်လို့ရပါတယ်” ဟု ဓာတ်ခွဲခန်းလုံခြုံရေး၏ ထိပ်တန်းညွှန်ကြားရေးမှူး ယူနီကာဗီရာမွန်တီးစ်ကပြောသည်။

 

လုံခြုံရေးအစီအမံများနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်ထားသည်ကို ဓာတ်ခွဲခန်းအာဏာပိုင်များက အသေး စိတ်ပြောပြခြင်းမရှိသလို လတ်တလောကာလအတွင်း ခွင့်ပြုချက်မရှိသော ဒရုန်းများ မည်မျှဖြတ်သန်းသွား သည်ကိုလည်း ပြောဆိုခြင်းမရှိပေ။

 

ပိုင်းလော့များအနေဖြင့် ကန့်သတ်ဝေဟင်ပိုင်နက်နှင့် ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ကသတ်မှတ်ထား သော ဒရုန်းမပျံသန်းရေးဇုံတို့ကို ရှောင်ရှားမောင်းနှင်ရန်လိုအပ်ကြောင်းပြောဆိုပြီး ပုံမှန်အရပ်ဘက်ဒရုန်းများ သို့ မဟုတ် ဝါသနာရှင်များ၏ဒရုန်းများ ကြားဖြတ်ဝင်ရောက်လာနိုင်မှုကိုလည်း ဓာတ်ခွဲ ခန်းအာဏာပိုင်များက သတိ ပေးထောက်ပြထားသည်။

 

လုံခြုံရေးအရတားမြစ်ပိတ်ပင်ထားသောနေရာများကို ဒရုန်းများဖြတ်သန်းသွာလာခြင်းမပြုရန် တားမြစ်ထား ကြောင်း ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။ အခြေစိုက်စစ်စခန်းများနှင့် ကာကွယ်ရေးဝန်ကြီးဌာနပိုင်အဆောက်အအုံများအပြင် အမျိုးသားအထိမ်းအမှတ်နေရာများ၊ နျူကလီးယား စက်ရုံများကဲ့သို့ အရေးကြီးသောနေရာများကို ဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်ထားသည်။

 

Ref: So you want to fly a drone over a nuclear weapons lab …

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

Ref: So you want to fly a drone over a nuclear weapons lab …

 

#PeopleMedia


Share this post