• Follow Us on

Home နျူကလီးယားလက်နက်တပ်ဆင်ထားသော ဒုတိယမြောက်ရေငုပ်သင်္ဘော အမေရိကန်ရေတပ်တွင် ပေါ် ထွက်လာ

နျူကလီးယားလက်နက်တပ်ဆင်ထားသော ဒုတိယမြောက်ရေငုပ်သင်္ဘော အမေရိကန်ရေတပ်တွင် ပေါ် ထွက်လာ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၆ (People Media)

 

မဟာဗျူဟာမြောက် နျူကလီးယားရေငုပ်သင်္ဘော USS တင်နက်စီအပြင် နျူကလီးယားထိပ်ဖူးတပ် ပဲ့ထိန်းဒုံး ကျည်တစ်စင်း သို့မဟုတ် နှစ်စင်း တပ်ဆင်ထားသော USS အလာစကား ရေငုပ်သင်္ဘောတစ်စင်းကို အမေရိ ကန်ရေတပ်က လက်ရှိအချိန်တွင်ထုတ်ဖော်ပြသလိုက်ကြောင်းသိရသည်။

 

USS အလာစကားနျူကလီးယားရေငုပ်သင်္ဘောသည် ရေငုပ်သင်္ဘောအခြေစိုက်စခန်းဖြစ်သော ဂျော်ဂျီယာပြည် နယ်၊ Kings Bay တွင် အောက်တိုဘာလအစောပိုင်းက ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း ရေတပ်ကပြောသည်။

 

အဆိုပါ USS အလာစကားနျူကလီးယားရေငုပ်သင်္ဘောသည် အတ္တလန်တစ်သမုဒ္ဒရာနှင့် မြေထဲပင်လယ်ဒေသ သို့ ကင်းလှည့်တာဝန်များထမ်းဆောင်ခဲ့ကြောင်းသိရသည်။ ဇွန်လနှောင်းပိုင်းက USS အလာစကားသည် ဂျီဘ ရော်တာတွင် စားနပ်ရိက္ခာများပြန်လည်ဖြည့်တင်းရန် တောင်းဆိုခဲ့သည်။

 

အမေရိကန်အတ္တလန်တစ်ကမ်းရိုးတန်း၊ Kings Bay တွင်  အခြေစိုက်ထားသော အိုဟီယိုအတန်းအစား USS တင်နက်စီနျူကလီးယားရေငုပ်သင်္ဘောနှင့် USS အလာစကားနျူကလီးယားရေငုပ်သင်္ဘောသည် Trident II D5 ICBMs (တိုက်ချင်းပစ်ဒုံးကျည်) အစင်း ၂၀ တပ်ဆင်ထားသည်။ ယင်းဒုံးကျည်များသည် ၁၀၀ ကီလိုတန် အလေးချိန်ရှိ W76-1 နျူကလီးယားထိပ်ဖူးများနှင့် ၄၇၅ ကီလိုတန်အလေးချိန်ရှိ W88 နျူကလီးယားထိပ်ဖူးများ ကို သယ်ဆောင်နိုင်သည်။

 

၅ ကီလိုတန်မှ ၈ ကီလိုတန်အလေးချိန်ရှိ W76-2 နျူကလီးယားထိပ်ဖူးတပ်ဆင်ထားသော ဒုံးကျည်တစ်စင်း သည် ဟီရိုရှီးမားမြို့ကို အမေရိကန်ကကြဲချခဲ့သည့် အနုမြူဗုံးထက် သုံးဆခန့်ပြင်းကြောင်းသိရသည်။

 

ယင်းနျူကလီးယားထိပ်ဖူးများထဲမှ အချို့ကို တက္ကဆက်ပြည်နယ်၊ ပန်တက်နျူကလီးယားစက်ရုံက ၂၀၁၉ ခုနှစ် တွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်အချို့ကပြောသည်။ USS တင်နက်စီနျူကလီးယားရေငုပ် သ င်္ဘောသည် အဆိုပါနျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များ ပထမဦးဆုံးတပ်ဆင်ခဲ့သည့် ရေငုပ်သင်္ဘောဖြစ်သည်။

 

W76-2 နျူကလီးယားထိပ်ဖူးအနည်းငယ်ကို ရုရှားအစီအစဉ်များကို တုံ့ပြန်ရန်အတွက် နည်းဗျူဟာမြောက် နျူ ကလီးယားလက်နက်များအဖြစ်အသုံးပြုရန် ဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါတန်ဖိုးနည်းနျူကလီးယားထိပ်ဖူးများမှာ ပြိုင်ဘက်ရုရှားကို ထိရောက်စွာထိန်းထားနိုင်မည်ဖြစ်ပြီး အ ဖျက်စွမ်းအားကြီးမားသည့် ယင်းနျူကလီးယားထိပ်ဖူးများကို နည်းဗျူဟာနျူကလီးယားလက်နက်အဖြစ် အသုံး ပြုခွင့်မပေးနိုင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ကပြောသည်။

 

Ref: Second sub with new nuclear warheads has appeared in the US

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Second sub with new nuclear warheads has appeared in the US

 

#PeopleMedia


Share this post