• Follow Us on

Home နျူကလီးယားလက်နက်များတပ်ဆင်ထားသော ရုရှားရေငုပ်သင်္ဘောနှစ်စီး အမေရိကန်ကမ်းလွန်ပင်လယ်ပြင် တွင် တပ်ဖြန့်ချထားကြောင်း သတင်းများထွက်ပေါ်

နျူကလီးယားလက်နက်များတပ်ဆင်ထားသော ရုရှားရေငုပ်သင်္ဘောနှစ်စီး အမေရိကန်ကမ်းလွန်ပင်လယ်ပြင် တွင် တပ်ဖြန့်ချထားကြောင်း သတင်းများထွက်ပေါ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၇ (People Media)

 

အမေရိကန်အစိုးရ၏ ရုရှားနိုင်ငံအပေါ် ရန်လိုမှုကို တုံ့ပြန်သည့်အနေဖြင့် နျူကလီးယားလက်နက်များတပ်ဆင် ထားသော နျူကလီးယားစွမ်းအင်သုံး ရုရှားရေငုပ်သင်္ဘောနှစ်စီးကို အမေရိကန်ပြည်ထောင်စုကမ်းလွန်ပင်  လယ်ပြင်တွင် တပ်ဖြန့်ချထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

 

ရုရှားနျူကလီးယားရေငုပ်သင်္ဘောနှစ်စီးအနက် ပထမတစ်စီးမှာ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုး တန်းတွင် ရောက်ရှိနေပြီး ဒုတိယတစ်စီးကို အနောက်ဘက်ကမ်းရိုးတန်းတွင် တပ်ဖြန့်ချထားကြောင်း အတည်မ ပြုနိုင်သောသတင်းများအရသိရသည်။ နောက်ထပ် ရုရှားရေငုပ်သင်္ဘောတစ်စီးကို အာတိတ်သမုဒ္ဒရာအတွင်း တပ်ဖြန့်ချထားမည်ဟု ဆိုသည်။

 

အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်တို့ကြား ဆက်ဆံရေးတင်းမာမှုများမှာ အထွတ်အထိပ်သို့ရောက်ရှိနေပြီ ဖြစ်ပြီး ရုရှားနိုင်ငံက အကျပ်အတည်းပြဿနာကို သံတမန်နည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန် နည်းလမ်းများ ရှာဖွေနေ  သော်လည်း အမေရိကန်နိုင်ငံကမူ ယင်းသို့သံတမန်နည်းလမ်းဖြင့်ဖြေရှင်းမည့်အစား ရုရှားနယ်နိမိတ်နှင့် နီးစပ် သော အရှေ့ဥရောပဒေသသို့ နေတိုးတပ်ဖွဲ့ဝင်များစေလွှတ်ခြင်းဖြင့် ရန်လိုသည့်နည်းလမ်းများဖြင့် ဖြေရှင်းနည်း ကို ပိုမိုအကြိုက်တွေ့နေသည်။

 

အမေရိကန်ပြည်ထောင်စု ကမ်းလွန်ပင်လယ်ပြင်တွင်ရောက်ရှိနေသော ရုရှားနိုင်ငံ၏ နျုကလီးယားလက်နက် များတပ်ဆင်ထားသော ရေငုပ်သင်္ဘောများမှာ မည်သည့်ကျူးကျော်တိုက်ခိုက်မှုကိုမဆို ချက်ချင်း လက်တုံ့ပြန် တိုက်ခိုက်နိုင်စွမ်းရှိသည်။

 

“ရုရှားရေငုပ်သင်္ဘောတွေ အမေရိကန်ပြည်ထောင်စုရဲ့ အနောက်ဘက်ကမ်းလွန်ပင်လယ်ပြင်နဲ့ အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်မှာ ရောက်ရှိနေတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ အဲဒီရေငုပ်သင်္ဘောတွေရဲ့ လျှို့ဝှက်စွာ သွားလာနေမှုကြောင့် ပင်တဂွန်စစ်ဌာနချုပ်က ရေငုပ်သင်္ဘောတပ်တည်တွေကို မသိနိုင်ဘူးဖြစ်နေတယ်။ နောက်ထပ်ရေငုပ်သင်္ဘောတစ်စီးကလည်း အာတိတ်သမုဒ္ဒရာ ရေခဲပင်လယ်ပြင်အောက်မှာရှိနေတယ်လို့ ယူ ဆရပါတယ်။” ဟု Sina Military မီဒီယာက ရေးသားဖော်ပြခဲ့သည်။

 

ရေငုပ်သင်္ဘောနှစ်စီး အမေရိကန်နိုင်ငံအနီးရောက်ရှိနေသည့်သတင်းအား အတည်ပြု/ ငြင်းဆန်ရန်မဖြစ်နိုင် သော်လည်း နျူကလီးယားလက်နက်များတပ်ဆင်ထားသော နျူကလီးယားစွမ်းအင်သုံး ရုရှားရေငုပ်သင်္ဘော များမှာ ပစိဖိတ်သမုဒ္ဒရာနှင့် အတ္တလန်တစ်သမုဒ္ဒရာအတွင်း တာဝန်ထမ်းဆောင်နေသည်မှာ သေချာသော ကြောင့် ယင်းရေငုပ်သင်္ဘောများ အမေရိကန်ကမ်းလွန်ပင်လယ်ပြင်တွင်ရောက်ရှိနေသည့်သတင်းမှာ  ဖြစ်နိုင် ခြေရှိကြောင်း Avia.pro သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

Ref: Russian nuclear submarines already on duty off US coasts

 

#PeopleMedia

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 


 

Ref: Russian nuclear submarines already on duty off US coasts

 

#PeopleMedia


Share this post