• Follow Us on

Home နျူကလီးယားဆွေးနွေးပွဲတွင် အီရန်နိုင်ငံအတွက် အာမခံချက်ရှိရမည်ဖြစ်ကြောင်း အီရန်သမ္မတရိုင်စီက ပြင်သစ် သမ္မတမက်ခ်ရွန်အားပြော

နျူကလီးယားဆွေးနွေးပွဲတွင် အီရန်နိုင်ငံအတွက် အာမခံချက်ရှိရမည်ဖြစ်ကြောင်း အီရန်သမ္မတရိုင်စီက ပြင်သစ် သမ္မတမက်ခ်ရွန်အားပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၁ (People Media)

 

၂၀၁၅ နျူကလီးယားသဘောတူညီချက် ပြန်လည်စတင်ရန်အတွက် အင်အားကြီးနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်း ရာတွင် တီဟီရန်၏အခွင့်အရေးကို အာမခံရမည်ဖြစ်ကြောင်း အီရန်သမ္မတသစ် အီဘရာဟင်ရိုင်စီက ပြင်သစ် သမ္မတ အီမန်နျူရယ်မက်ခ်ရွန်အား ပြောသည်။

 

“ဘယ်လိုဆွေးနွေးညှိနှိုင်းမှုမျိုးမှာမဆို အီရန်ပြည်သူတွေရဲ့အခွင့်အရေးကို ဆုတ်ကိုင်ထားရမယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို တိကျသေချာအောင်လုပ်ဖို့လိုပါတယ်” ဟု တစ်နာရီကျော်ကြာသည့် ဖုန်းလိုင်းမှ တစ်ဆင့်ပြောဆိုမှုတွင် ရိုင်စီကပြောကြောင်း အီရန်သမ္မတဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ ယင်းဖုန်းခေါ် ဆိုမှုမှာ လွန်ခဲ့သည့်သီတင်းပတ် သမ္မတရိုင်စီအာဏာရရှိခဲ့သည့်အချိန်မှစ၍ အနောက်နိုင်ငံသမ္မတတစ်ဦးနှင့် ပထမဦးဆုံးအကြိမ် ဖုန်းခေါ်ဆိုမှုဖြစ်သည်။

 

ရိုင်စီသည် ၂၀၁၅ နျူကလီးယားသဘောတူညီချက်ဆွေးနွေးခဲ့သည့် သမ္မတသက်တမ်းနှစ်ကြိမ်အတွင်း အောင် မြင်မှုမှတ်တိုင်စိုက်ထူနိုင်ခဲ့သည့် အလယ်အလတ်ဝါဒီ သမ္မတဟက်ဆန်ရိုဟနီထံမှ သမ္မတအာဏာကိုလွှဲယူခဲ့ ခြင်းဖြစ်သည်။ ၂၀၁၅ နျူကလီးယားသဘောတူညီချက်သည် အီရန်နျူကလီးယားပရိုဂရမ်ကန့်သတ်မှုများအ တွက်အပေးအယူအဖြစ် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများ ဖြေလျော့ခဲ့သည်အထိ အထောက်အပံ့ဖြစ်ခဲ့သည်။

 

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် နျူကလီးယားသဘောတူညီချက်ဆွေးနွေးပွဲမှ တစ်ဖက်သတ် နုတ်ထွက်ခြင်းနှင့် ပြင်းထန်သောအရေးယူပိတ်ဆို့မှုများ ပြန်လည်ပြဋ္ဌာန်းခြင်းအားဖြင့် လွန်ခဲ့သည့်သုံးနှစ်က နျူကလီးယားသဘောတူညီချက်ဆွေးနွေးပွဲကို ဖျက်ဆီးခဲ့သည်။

 

သဘောတူညီမှုများပြန်လည်စတင်ရန်ကြိုးပမ်းမှုအနေဖြင့် အီရန်နိုင်ငံနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ခြောက် ကြိမ်မြောက် နျူကလီးယားဆွေးနွေးပွဲကို ဧပြီလမှ ဇွန်လ အထိ သြစတီးယားနိုင်ငံ ဗီယင်နာမြို့တွင်ကျင်းပခဲ့ သည်။ နောက်ဆုံးအကြိမ်ဆွေးနွေးပွဲကို ဇွန်လ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သော်လည်း ထပ်မံတွေ့ဆုံဆွေးနွေး ရန် ရက်သတ်မှတ်ခြင်းမရှိပေ။

 

စက်တင်ဘာလအစောပိုင်းမှစ၍ ရုံးပိတ်ရက်များတွင် အစည်းအဝေးများ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂမှအရာရှိများကပြောသော်လည်း အစိုးရသစ်အာဏာရယူလွှဲပြောင်းခြင်းမပြုရသေးမီ ဆွေးနွေးညှိ နှိုင်းမှုများ ပြန်လည်စတင်နိုင်ဦးမည်မဟုတ်ကြောင်း အီရန်အရာရှိများကပြောသည်။

 

“အမေရိကန်တွေဟာ အရေးယူပိတ်ဆို့မှုအသစ်တွေကို ပြဋ္ဌာန်းလိုက်ပြီး သူတို့ရဲ့ကတိကဝတ်တွေ ချိုးဖောက် ခဲ့ပါတယ်။” ဟု အမေရိကန်အရေးယူပိတ်ဆို့မှုများမှ ရှောင်တိမ်းနိုင်ရေး အကူအညီပေးရန် ဥရောပသမဂ္ဂတိုင်း ပြည်များ၏ပျက်ကွက်နေမှုကို ထောက်ပြပြောဆိုရင်း ရိုင်စီက မက်ခ်ရွန်ကိုပြောသည်။

 

အမေရိကန်၏ အရေးယူပိတ်ဆို့မှုအသစ်ကိုတုံ့ပြန်သည့်အနေဖြင့် အီရန်အစိုးရက သဘောတူညီချက်တွင်ပါရှိ သည့် အီရန်နိုင်ငံ၏ကတိကဝတ်အချို့ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

 

အီရန်အစိုးရအနေဖြင့် နျူကလီးယားနည်းပညာများကို ငြိမ်းချမ်းရေးလုပ်ငန်းများတွင်သာအသုံးပြုရန် ရည်ရွယ် ထုတ်လုပ်နေခြင်းဖြစ်ကြောင်းနှင့် ၎င်းအနေဖြင့် အီရန်နိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်း သွားစေရေးအတွက် မည်သည့်သံတမန်အစီအစဉ်များကိုမဆို ထောက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရန်သမ္မတရိုင်စီက ကြာသာပတေးနေ့ကကျင်းပခဲ့သော သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲတွင်ပြောကြားခဲ့သည်။

 

Ref: Raisi Tells Macron Nuclear Talks Must Guarantee Iran’s ‘Rights’

 

#PeopleMedia #အီရန်

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Raisi Tells Macron Nuclear Talks Must Guarantee Iran’s ‘Rights’

 



Share this post