• Follow Us on
Latest News

Home နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်သမားများက သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းပစ်ခတ်ထိုးခုတ်သတ်ဖြတ်ခံရ၍ အလယ်တန်းပြဆရာမတစ်ဦး သေဆုံး

နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်သမားများက သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းပစ်ခတ်ထိုးခုတ်သတ်ဖြတ်ခံရ၍ အလယ်တန်းပြဆရာမတစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ မတ် ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာ၌ မတ် ၁၂ ရက် ညနေ ၆ နာရီခွဲခန့်တွင် အကြမ်း ဖက်သမားများက သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းပစ်ခတ် ထိုးခုတ်သတ်ဖြတ်ခံရ၍ အလယ်တန်းပြ ဆရာမ တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

အလယ်တန်းပြဆရာမတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ မင်းရွာကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲဝင်းအတွင်း နေထိုင်သည့် အလယ်တန်းပြဆရာမ ဒေါ်ညိုညိုဇော် (၄၂) နှစ်သည် ၎င်း၏ နေအိမ်လိုင်းခန်းအတွင်းရှိနေစဉ်အကြမ်းဖက်သူ အမျိုးသားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး CDM မလုပ်ဘူးလားဟု ခြိမ်းခြောက်၍ ဒလန်ဟု စွပ်စွဲပြောဆိုကာ သေ နတ်၊ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

အကြမ်းသမားများမှ သတ်ဖြတ်ခဲ့ခြင်းကြောင့် အလယ်တန်းပြဆရာမ ဒေါ်ညိုညိုဇော်မှာ ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာများမှ 9mm ကျည်ခွံနှစ်ခု နှင့် ကျည်ထိပ်ဖူးတစ်ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

(unicode)


…………………………………

 


 


 


 



Share this post