• Follow Us on

Home ႏြားထိုးႀကီးၿမိဳ႕နယ္၌ မဲ႐ုံပိတ္ခ်ိန္တြင္ လွ်ိဳ႕ဝွက္မဲပုံးထဲသို႔ ႀကိဳတင္မဲလာေရာက္ထည့္ခဲ့သည့္ ေက်းရြာေကာ္ မရွင္ဥကၠ႒ႏွင့္ အတြင္းေရးမွဴးစာေရးမအား အမႈဖြင့္တိုင္ၾကား

ႏြားထိုးႀကီးၿမိဳ႕နယ္၌ မဲ႐ုံပိတ္ခ်ိန္တြင္ လွ်ိဳ႕ဝွက္မဲပုံးထဲသို႔ ႀကိဳတင္မဲလာေရာက္ထည့္ခဲ့သည့္ ေက်းရြာေကာ္ မရွင္ဥကၠ႒ႏွင့္ အတြင္းေရးမွဴးစာေရးမအား အမႈဖြင့္တိုင္ၾကား

Share this post

ရန္ကုန္၊ နို၀င္ဘာ ၆
မႏၲေလးတိုင္းေဒသႀကီး၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ဘုံသာေက်းရြာအုပ္စု၌ မဲ႐ုံပိတ္ခ်ိန္တြင္ လွ်ိဳ႕ဝွက္မဲပုံးထဲသို႔ ႀကိဳတင္မဲလာေရာက္ထည့္ခဲ့သည့္ ေက်းရြာေကာ္မရွင္ဥကၠ႒ႏွင့္ အတြင္းေရးမွဴးစာေရးမအား မဲ႐ုံအကူ ကိုယ္စားလွယ္ဦးေအာင္ေက်ာ္စိုးက ျပင္စည္ရဲစခန္းသို႔ အမႈဖြင့္၍ တိုင္ၾကားစာေပးပို႔ခဲ့သည္။
ျဖစ္စဥ္မွာ နို၀င္ဘာ ၅ ရက္ေန႔တြင္ ဘုံသာေက်းရြာ အထက္တန္းေက်ာင္း၌ ႀကိဳတင္မဲ႐ုံအား ဖြင့္လွစ္ထားရွိၿပီး သက္ဆိုင္ရာတာ၀န္ရွိသူမ်ားမွ ညေန ၄ နာရီခြဲအခ်ိန္တြင္ မဲေပးျခင္းကိုပိတ္သိမ္းၿပီး မဲပုံးမ်ား၊ မဲလက္မွတ္ႏွင့္ တံဆိပ္တုံးမ်ားကို ေကာ္မရွင္႐ုံးတြင္ ေသာ့ခတ္ပိတ္သိမ္းခဲ့ၿပီး တာ၀န္ရွိလုံၿခဳံေရး အထူး ရဲအခ်ိဳ႕ တာ၀န္ယူေစာင့္ေရွာက္ေနစဥ္ ညေန ၆ နာရီခြဲခန႔္အခ်ိန္တြင္ ေက်းရြာေကာ္မရွင္ဥကၠ႒ ဦးသန္းျမင့္ႏွင့္ ေကာ္မရွင္အတြင္းေရးမွဴး(စာေရးမ) ေဒၚေအးေအး၀င္းတို႔ႏွစ္ဦးမွ လွ်ိဳ႕ဝွက္မဲပုံးထဲသို႔ ႀကိဳတင္မဲသုံးေစာင္ကို ထည့္ခဲ့ေၾကာင္း လုံၿခဳံေရးတာ၀န္က်ရဲမ်ားမွေျပာျပသည္ဟု အဆိုပါတိုင္ၾကားစာတြင္ေရးသားထားသည္။
“ကၽြန္ေတာ္က ၅ နာရီခြဲက ထမင္းစားျပန္သြားတာ။ ၆ နာရီေလာက္ အိမ္ကထြက္လာတာ။ အဲဒီမဲ႐ုံျပဳ လုပ္ထားတဲ့ ေက်ာင္းအေက်ာ္ေလးမွာပဲ စာေရးမနဲ႔၊ ေကာ္မရွင္ဥကၠ႒ရဲ႕ဆိုင္ကယ္ကို ကၽြန္ေတာ္ေရွာင္ ေတာင္ေပးလိုက္တယ္။ ဟိုေရာက္ေတာ့ လုံၿခဳံေရးရဲေလးကို ခုနကစာေရးမနဲ႔ ေကာ္မရွင္ဥကၠ႒ ဘာလို႔ လာတာတုန္းလို႔ ကၽြန္ေတာ္ကေမးလိုက္တာ။ သူတို႔က ခုနက ေကာ္မရွင္ဥကၠ႒နဲ႔ စာေရးမနဲ႔ မဲ ၃ မဲထည့္စရာ ရွိတယ္ဆိုၿပီးေတာ့ ဘယ္သူမွလည္းမေျပာဘဲနဲ႔ ၀င္ၿပီးေတာ့ ထည့္သြားတယ္တဲ့။ တကယ္ဆိုရင္ ဟိုဘက္ကိုယ္စားလွယ္လည္းေခၚ၊ ဒီဘက္ကိုယ္စားလွယ္လည္းေခၚ ရွိတဲ့သူေတြကို ေခၚရမယ္ေလ”ဟု USDP ပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၏ မဲ႐ုံ အကူကိုယ္စားလွယ္ ဦးေအာင္ေက်ာ္စိုးက ေျပာသည္။
ဆက္လက္ၿပီး ၎တို႔ႏွစ္ဦးမွ မဲ႐ုံပိတ္ၿပီးေနာက္ပိုင္း မဲ႐ုံတာ၀န္က်သူတစ္ဦးတစ္ေယာက္မွ်မပါဘဲ တာ ၀န္ရွိသူမ်ားအစုံအလင္ျဖင့္ မဲပုံးမ်ားထိန္းသိမ္းထားသည့္အခန္းအား ဖြင့္၍လွ်ိဳ႕ဝွက္မဲထည့္ျခင္းသည္ မရိုးမေျဖာင့္ေသာ သေဘာႏွင့္ျပဳမူက်ဴးလြန္ျခင္းျဖစ္သည္မွာ ထင္ရွားေၾကာင္း၊ ယင္းလုပ္ရပ္သည္ စည္းကမ္းေဖာက္ဖ်က္က်ဴးလြန္ျခင္းျဖစ္ၿပီး ေရြးေကာက္ပြဲဆိုင္ရာဥပေဒကို ေဖာက္ဖ်က္က်ဴးလြန္ျခင္း ျဖစ္သည္ဟု တိုင္ၾကားစာတြင္ပါရွိသည္။
အလားတူ ေကာ္မရွင္ဥကၠ႒ ဦးသန္းျမင့္ႏွင့္ ေကာ္မရွင္အတြင္းေရးမွဴး(စာေရးမ)ေဒၚေအးေအး၀င္းတို႔ ႏွစ္ဦးအား နို၀င္ဘာလ ၆ ရက္ေန႔ နံနက္ပိုင္းအခ်ိန္တြင္ အဆိုပါကိစၥႏွင့္ပတ္သက္၍ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ျပင္စည္ရဲစခန္းသို႔ သြားေရာက္အမႈဖြင့္ တိုင္ၾကားရာ ရဲစခန္းတြင္ စခန္းမွဴးမရွိသျဖင့္ တာ၀န္ရွိသူတစ္ဦးမွ စခန္းမွဴးျပန္လည္ ေရာက္ရွိလာခ်ိန္တြင္ အေၾကာင္းၾကားမည္ျဖစ္ေၾကာင္း တရားလိုျပဳလုပ္တိုင္တန္းသူ ဦးေအာင္ေက်ာ္စိုးက ေျပာသည္။
#PeopleMedia #UEC #ႏြားထိုးႀကီးၿမိဳ႕နယ္
(Unicode)
နွားထိုးကြီးမြို့နယ်၌ မဲရုံပိတ်ချိန်တွင် လျှို့ဝှက်မဲပုံးထဲသို့ ကြိုတင်မဲလာရောက်ထည့်ခဲ့သည့် ကျေးရွာကော် မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးစာရေးမအား အမှုဖွင့်တိုင်ကြား
…………………………………………………………………
ရန်ကုန်၊ နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဘုံသာကျေးရွာအုပ်စု၌ မဲရုံပိတ်ချိန်တွင် လျှို့ဝှက်မဲပုံးထဲသို့ ကြိုတင်မဲလာရောက်ထည့်ခဲ့သည့် ကျေးရွာကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးစာရေးမအား မဲရုံအကူ ကိုယ်စားလှယ်ဦးအောင်ကျော်စိုးက ပြင်စည်ရဲစခန်းသို့ အမှုဖွင့်၍ တိုင်ကြားစာပေးပို့ခဲ့သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက်နေ့တွင် ဘုံသာကျေးရွာ အထက်တန်းကျောင်း၌ ကြိုတင်မဲရုံအား ဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ညနေ ၄ နာရီခွဲအချိန်တွင် မဲပေးခြင်းကိုပိတ်သိမ်းပြီး မဲပုံးများ၊ မဲလက်မှတ်နှင့် တံဆိပ်တုံးများကို ကော်မရှင်ရုံးတွင် သော့ခတ်ပိတ်သိမ်းခဲ့ပြီး တာဝန်ရှိလုံခြုံရေး အထူး ရဲအချို့ တာဝန်ယူစောင့်ရှောက်နေစဉ် ညနေ ၆ နာရီခွဲခန့်အချိန်တွင် ကျေးရွာကော်မရှင်ဥက္ကဋ္ဌ ဦးသန်းမြင့်နှင့် ကော်မရှင်အတွင်းရေးမှူး(စာရေးမ) ဒေါ်အေးအေးဝင်းတို့နှစ်ဦးမှ လျှို့ဝှက်မဲပုံးထဲသို့ ကြိုတင်မဲသုံးစောင်ကို ထည့်ခဲ့ကြောင်း လုံခြုံရေးတာဝန်ကျရဲများမှပြောပြသည်ဟု အဆိုပါတိုင်ကြားစာတွင်ရေးသားထားသည်။
“ကျွန်တော်က ၅ နာရီခွဲက ထမင်းစားပြန်သွားတာ။ ၆ နာရီလောက် အိမ်ကထွက်လာတာ။ အဲဒီမဲရုံပြု လုပ်ထားတဲ့ ကျောင်းအကျော်လေးမှာပဲ စာရေးမနဲ့၊ ကော်မရှင်ဥက္ကဋ္ဌရဲ့ဆိုင်ကယ်ကို ကျွန်တော်ရှောင် တောင်ပေးလိုက်တယ်။ ဟိုရောက်တော့ လုံခြုံရေးရဲလေးကို ခုနကစာရေးမနဲ့ ကော်မရှင်ဥက္ကဋ္ဌ ဘာလို့ လာတာတုန်းလို့ ကျွန်တော်ကမေးလိုက်တာ။ သူတို့က ခုနက ကော်မရှင်ဥက္ကဋ္ဌနဲ့ စာရေးမနဲ့ မဲ ၃ မဲထည့်စရာ ရှိတယ်ဆိုပြီးတော့ ဘယ်သူမှလည်းမပြောဘဲနဲ့ ဝင်ပြီးတော့ ထည့်သွားတယ်တဲ့။ တကယ်ဆိုရင် ဟိုဘက်ကိုယ်စားလှယ်လည်းခေါ်၊ ဒီဘက်ကိုယ်စားလှယ်လည်းခေါ် ရှိတဲ့သူတွေကို ခေါ်ရမယ်လေ”ဟု USDP ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၏ မဲရုံ အကူကိုယ်စားလှယ် ဦးအောင်ကျော်စိုးက ပြောသည်။
ဆက်လက်ပြီး ၎င်းတို့နှစ်ဦးမှ မဲရုံပိတ်ပြီးနောက်ပိုင်း မဲရုံတာဝန်ကျသူတစ်ဦးတစ်ယောက်မျှမပါဘဲ တာ ဝန်ရှိသူများအစုံအလင်ဖြင့် မဲပုံးများထိန်းသိမ်းထားသည့်အခန်းအား ဖွင့်၍လျှို့ဝှက်မဲထည့်ခြင်းသည် မရိုးမဖြောင့်သော သဘောနှင့်ပြုမူကျူးလွန်ခြင်းဖြစ်သည်မှာ ထင်ရှားကြောင်း၊ ယင်းလုပ်ရပ်သည် စည်းကမ်းဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်သည်ဟု တိုင်ကြားစာတွင်ပါရှိသည်။
အလားတူ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းမြင့်နှင့် ကော်မရှင်အတွင်းရေးမှူး(စာရေးမ)ဒေါ်အေးအေးဝင်းတို့ နှစ်ဦးအား နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရဲစခန်းသို့ သွားရောက်အမှုဖွင့် တိုင်ကြားရာ ရဲစခန်းတွင် စခန်းမှူးမရှိသဖြင့် တာဝန်ရှိသူတစ်ဦးမှ စခန်းမှူးပြန်လည် ရောက်ရှိလာချိန်တွင် အကြောင်းကြားမည်ဖြစ်ကြောင်း တရားလိုပြုလုပ်တိုင်တန်းသူ ဦးအောင်ကျော်စိုးက ပြောသည်။
#PeopleMedia #UEC #နွားထိုးကြီးမြို့နယ်


Share this post