• Follow Us on

Home နွားထိုးကြီးမြို့နယ် လက်ဝဲမြင်းနီကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်အား မီးရှို့ဖျက်စီးခံရမှုကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား (၃) ဦးနှင့် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး

နွားထိုးကြီးမြို့နယ် လက်ဝဲမြင်းနီကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်အား မီးရှို့ဖျက်စီးခံရမှုကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား (၃) ဦးနှင့် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၇ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ လက်ဝဲမြင်းနီကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း နေအိမ်၏ နေအိမ်မီးရှို့ဖျက်စီးခဲ့ပြီး မီးရှို့ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ မီးလောင်သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက် ည ၇ နာရီတွင် နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာနေ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးဆန်းဝင်းသည် နေအိမ်၌ ၎င်း၏ မိသားစုဝင်များ၊ ကျေးရွာရပ်မိရပ်ဖ ဦးဟန်ဝင်းတို့နှင့်အတူ စကား ပြောနေစဉ် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်ထားသည့် လူ (၇) ဦးက ဆိုင်ကယ် (၄) စီးဖြင့် ရောက်ရှိ လာပြီး သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ကာ နေအိမ်အတွင်း လက်လုပ်ဗုံးများ ဖောက်ခွဲ၍ နေအိမ်အား မီးရှို့ ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 

ထိုသို့ မီးရှို့ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၊ သားဖြစ်သူ မောင်ဝေမင်းသူ၊ ချွေးမဖြစ်သူ မခိုင်စိုး ရည်နှင့် ဦးဟန်ဝင်းတို့ (၄) ဦးမှာ နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့ပြီး၊ ဦးဆန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်သန်း သန်းဆင့်မှာတော့ ယာပေါင်ကျည်ထိမှန်ဒဏ်ရာ တစ်ချက်နှင့် သားဖြစ်သူ မောင်ဖိုးလယ်မှာတော့ ဝဲလက်မောင်း ကျည်ထိမှန်ဒဏ်ရာတစ်ချက်တို့ဖြင့် ရရှိခဲ့ပြီး၊ မီးလောင်နေသည့် အိမ်အတွင်းမှ ထွက်ပြေးခဲ့သဖြင့် အသက် ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

 

မီးရှို့ခဲ့မှုတွင် အသက်ဘေးလွတ်မြောက်လာသူတို့ကို မြင်းခြံမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး၊ အခင်း ဖြစ်ရပ်အနီးမှ ၁၂ ဗို့ကျည်ခွံ ၂ ခု၊ ၅.၅၆ ကျည်ခွံ ၆၀ ခုနှင့် ၇.၆၂ ကျည်ခွဲ ၇၉ ခုတို့အား တွေ့ရှိခဲ့ရကြောင်း သိရ သည်။

 

#PeopleMedia #နွားထိုးကြီးမြို့နယ်

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post