• Follow Us on

Home ႏွင္းဆီပါတီမွတ္ပုံတင္စီစစ္မႈႏွင့္ပတ္သက္၍ ဥပေဒေက်ာ္လြန္လုပ္ခဲ့သူရွိပါက ဥပေဒအရျပန္ေျဖရွင္းရမည္ဟု ေဒါက္တာမ်ိဳးညြန႔္ေျပာ

ႏွင္းဆီပါတီမွတ္ပုံတင္စီစစ္မႈႏွင့္ပတ္သက္၍ ဥပေဒေက်ာ္လြန္လုပ္ခဲ့သူရွိပါက ဥပေဒအရျပန္ေျဖရွင္းရမည္ဟု ေဒါက္တာမ်ိဳးညြန႔္ေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာလ – ၁
 
ႏွင္းဆီပါတီ(UDP)မွတ္ပုံတင္စီစစ္မူႏွင့္ပတ္သက္၍ ဥပေဒေက်ာ္လြန္လုပ္ခဲ့သူရွိပါက ဥပေဒအရျပန္ေျဖရွင္း ရမည္ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္NLDပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ိဳးညြန႔္ကေျပာသည္။
 
“ဘယ္သူဘယ္ဝါဆိုတာက ကၽြန္ေတာ္တို႔ျဖစ္စဥ္တစ္ခုလုံးကိုစစ္ေဆးတဲ့အခါ ဥပေဒကို က်ဴးလြန္‌ေက်ာ္လြန္ၿပီး လုပ္ခဲ့တဲ့သူရွိရင္ေတာ့ ဥပေဒေၾကာင္းအရျပန္ေျဖရွင္းရမယ္။ ေလၽွာက္တဲ့ ပါတီမွတ္ပုံတင္ထဲကိုက လုပ္ထုံးလုပ္ နည္းနဲ႔အညီ စီစစ္ရမွာပါ။ သို႔ေသာ္ ပါတီအျဖစ္ စတင္မွတ္ပုံတင္တဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ ဒီမိုကေရစီစနစ္က ခိုင္ခိုင္မာမာအေျခမက်ေသးတဲ့အခ်ိန္မွာ အထက္ကညႊန္ၾကားခ်က္နဲ႔ပဲလုပ္ခဲ့လားဆိုတာ စုံစမ္းစစ္ေဆးၿပီး ေတာ့ေဖာ္ထုတ္ရမယ့္ကိစၥပါ”ဟု ေဒါက္တာမ်ိဳးညႊန႔္ကေျပာသည္။
 
ႏွင္းဆီပါတီဟု လူသိမ်ားသည့္ UDPပါတီဥကၠဌျဖစ္သူဦးေက်ာ္ျမင့္မွာ ေထာင္မွထြက္ေျပးခဲ့သူတစ္ဦး ျဖစ္‌ေၾကာင္း တရားခံေျပးတစ္ဦးမွ ပါတီေထာင္ကာ ေရြးေကာက္ပြဲဝင္ေရာက္ခြင့္ရရွိထားမူအေပၚ ေဝဖန္မူမ်ားျမင့္တက္ခဲ့သည္။
 
UDP ပါတီသည္ ၂၀၁၀ ခုႏွစ္ ေမလ (၃)ရက္ေန႔၌ ပါတီတည္ေထာင္ခြင့္ ေလ်ာက္ထားခဲ့သည္။
 
ထို႔ေနာက္ ၂၀၁၀ခုႏွစ္ ေမ(၂၆)ရက္၌ ပါတီမွတ္ပုံတင္ခြင့္ျပဳလိုက္သည္။
 
အဆိုပါ ႏွင္းဆီပါတီသည္ ပါတီအမွတ္စဥ္ (၁၆)ျဖစ္ၿပီး ၂၀၁၀ ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒က ဦးသိန္းစိုး တာဝန္ယူခဲ့သည့္ကာလျဖစ္သည္။
 
ထိုသို႔ တရားခံေျပးတစ္ဦးမွ ပါတီႀကီးတစ္ခုေထာင္၍ ေရြးေကာက္ဝင္ေရာက္နိုင္သည့္အေျခအေနေရာက္ရွိခဲ့ျခင္း မွာ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္(UEC)၏စီစစ္မႈအားနည္းခ်က္ေၾကာင့့္ျဖစ္သည္ဟု PPP ပါတီ၏ ဒုတိယဥကၠ႒ ဦးေက်ာ္ေဇယ်က ေဝဖန္သည္။
 
“ေငြအင္အားမရွိဘဲ ပါတီေထာင္လို႔မရဘူး။ ဒီေငြဘယ္လိုျဖစ္လာသလဲ။ ဘယ္ကရသလဲ။ သူ႔ဥပေဒကေတာ့ရွိ တာေပါ့။ နိုင္ငံတကာေထာက္ပံ့လို႔မရဘူး။ ရပ္တည္လို႔မရဘူး။ သက္ဆိုင္ရာဥပေဒနဲ႔အညီ ထုတ္ျပန္ထား ဥပေဒနဲ႔ ညီရဲ႕လားဆိုတာ UEC အေနနဲ႔ စစ္ေဆးနိုင္ရမယ္။ လုပ္နိုင္ရမယ္။ ေသခ်ာအေသးစိပ္ေပါ့ ဘယ္က ၀င္ေငြရတယ္လဲေပါ့။ ဥပေဒနဲ႔ညီရဲ႕လားဆိုတာ သူတို႔အေနနဲ႔အခ်ိန္နဲ႔တေျပးညီျဖစ္သင့္တာေပါ့။ အခုၾကေတာ့ မွတ္ပုံတင္ၿပီး ကိုယ္စားလွယ္ေလာင္းေတြ အတည္ျပဳၿပီးက်ယ္က်ယ္ျပန႔္ျပန႔္လည္းျဖစ္ေနၿပီဆိုမွ ဒီလိုျဖစ္တာ UEC ရဲ႕ အားနည္းခ်က္ေပါ့။ အာဏာရပါတီပဲျဖစ္ျဖစ္ ဘယ္အစိုးရတက္တက္ ျဖစ္ေပၚလာတဲ့ UEC ကို ဒါေလးေတြ ေသခ်ာေလးလုပ္ေပးရမယ္လို႔ေျပာခ်င္တယ္”ဟု ၄င္းကေျပာသည္။
 
လက္ရွိအခ်ိန္တြင္ ရဲတပ္ဖြဲ႕က ဦးေက်ာ္ျမင့္ကို မႏၲေလးအိုးဘိုေထာင္၌ထားရွိထားသည္။
 
Photo – UDP
 
#PeopleMedia #ႏွင္းဆီပါတီ
 
(Unicode)
နှင်းဆီပါတီမှတ်ပုံတင်စီစစ်မှုနှင့်ပတ်သက်၍ ဥပဒေကျော်လွန်လုပ်ခဲ့သူရှိပါက ဥပဒေအရပြန်ဖြေရှင်းရမည်ဟု ဒေါက်တာမျိုးညွန့်ပြော
………………………………………………
 
ရန်ကုန်၊ အောက်တိုဘာလ – ၁
 
နှင်းဆီပါတီ(UDP)မှတ်ပုံတင်စီစစ်မူနှင့်ပတ်သက်၍ ဥပဒေကျော်လွန်လုပ်ခဲ့သူရှိပါက ဥပဒေအရပြန်ဖြေရှင်း ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကပြောသည်။
 
“ဘယ်သူဘယ်ဝါဆိုတာက ကျွန်တော်တို့ဖြစ်စဉ်တစ်ခုလုံးကိုစစ်ဆေးတဲ့အခါ ဥပဒေကို ကျူးလွန်‌ကျော်လွန်ပြီး လုပ်ခဲ့တဲ့သူရှိရင်တော့ ဥပဒေကြောင်းအရပြန်ဖြေရှင်းရမယ်။ လျှောက်တဲ့ ပါတီမှတ်ပုံတင်ထဲကိုက လုပ်ထုံးလုပ် နည်းနဲ့အညီ စီစစ်ရမှာပါ။ သို့သော် ပါတီအဖြစ် စတင်မှတ်ပုံတင်တဲ့အချိန်မှာ ကျွန်တော်တို့ ဒီမိုကရေစီစနစ်က ခိုင်ခိုင်မာမာအခြေမကျသေးတဲ့အချိန်မှာ အထက်ကညွှန်ကြားချက်နဲ့ပဲလုပ်ခဲ့လားဆိုတာ စုံစမ်းစစ်ဆေးပြီး တော့ဖော်ထုတ်ရမယ့်ကိစ္စပါ”ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။
 
နှင်းဆီပါတီဟု လူသိများသည့် UDPပါတီဥက္ကဌဖြစ်သူဦးကျော်မြင့်မှာ ထောင်မှထွက်ပြေးခဲ့သူတစ်ဦး ဖြစ်‌ကြောင်း တရားခံပြေးတစ်ဦးမှ ပါတီထောင်ကာ ရွေးကောက်ပွဲဝင်ရောက်ခွင့်ရရှိထားမူအပေါ် ဝေဖန်မူများမြင့်တက်ခဲ့သည်။
 
UDP ပါတီသည် ၂၀၁၀ ခုနှစ် မေလ (၃)ရက်နေ့၌ ပါတီတည်ထောင်ခွင့် လျောက်ထားခဲ့သည်။
 
ထို့နောက် ၂၀၁ဝခုနှစ် မေ(၂၆)ရက်၌ ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်သည်။
 
အဆိုပါ နှင်းဆီပါတီသည် ပါတီအမှတ်စဉ် (၁၆)ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဦးသိန်းစိုး တာဝန်ယူခဲ့သည့်ကာလဖြစ်သည်။
 
ထိုသို့ တရားခံပြေးတစ်ဦးမှ ပါတီကြီးတစ်ခုထောင်၍ ရွေးကောက်ဝင်ရောက်နိုင်သည့်အခြေအနေရောက်ရှိခဲ့ခြင်း မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏စီစစ်မှုအားနည်းချက်ကြောင့့်ဖြစ်သည်ဟု PPP ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ဝေဖန်သည်။
 
“ငွေအင်အားမရှိဘဲ ပါတီထောင်လို့မရဘူး။ ဒီငွေဘယ်လိုဖြစ်လာသလဲ။ ဘယ်ကရသလဲ။ သူ့ဥပဒေကတော့ရှိ တာပေါ့။ နိုင်ငံတကာထောက်ပံ့လို့မရဘူး။ ရပ်တည်လို့မရဘူး။ သက်ဆိုင်ရာဥပဒေနဲ့အညီ ထုတ်ပြန်ထား ဥပဒေနဲ့ ညီရဲ့လားဆိုတာ UEC အနေနဲ့ စစ်ဆေးနိုင်ရမယ်။ လုပ်နိုင်ရမယ်။ သေချာအသေးစိပ်ပေါ့ ဘယ်က ဝင်ငွေရတယ်လဲပေါ့။ ဥပဒေနဲ့ညီရဲ့လားဆိုတာ သူတို့အနေနဲ့အချိန်နဲ့တပြေးညီဖြစ်သင့်တာပေါ့။ အခုကြတော့ မှတ်ပုံတင်ပြီး ကိုယ်စားလှယ်လောင်းတွေ အတည်ပြုပြီးကျယ်ကျယ်ပြန့်ပြန့်လည်းဖြစ်နေပြီဆိုမှ ဒီလိုဖြစ်တာ UEC ရဲ့ အားနည်းချက်ပေါ့။ အာဏာရပါတီပဲဖြစ်ဖြစ် ဘယ်အစိုးရတက်တက် ဖြစ်ပေါ်လာတဲ့ UEC ကို ဒါလေးတွေ သေချာလေးလုပ်ပေးရမယ်လို့ပြောချင်တယ်”ဟု ၄င်းကပြောသည်။
 
လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က ဦးကျော်မြင့်ကို မန္တလေးအိုးဘိုထောင်၌ထားရှိထားသည်။
 
Photo – UDP
 
#PeopleMedia #နှင်းဆီပါတီ

Share this post