• Follow Us on

Home “ႏွင္းဆီပါတီမွ ဥကၠ႒ႀကီးက ျမန္မာႏိုင္ငံကို ၅နစ္အတြင္း စကၤာပူႏိုင္ငံထက္သာေအာင္ေဆာင္ရြက္ ေပးႏိုင္တယ္” ဟု မခ်မ္းေဘာ့ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္အမွတ္ (၁) ကိုယ္စားလွယ္ေလာင္းေျပာ

“ႏွင္းဆီပါတီမွ ဥကၠ႒ႀကီးက ျမန္မာႏိုင္ငံကို ၅နစ္အတြင္း စကၤာပူႏိုင္ငံထက္သာေအာင္ေဆာင္ရြက္ ေပးႏိုင္တယ္” ဟု မခ်မ္းေဘာ့ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္အမွတ္ (၁) ကိုယ္စားလွယ္ေလာင္းေျပာ

Share this post

မခ်မ္းေဘာ့၊ ဩဂုတ္ ၂၀

“ႏွင္းဆီပါတီမွ ဥကၠ႒ႀကီးကျမန္မာႏိုင္ငံကို (၅)ႏွစ္အတြင္း စကၤာပူႏိုင္ငံ ထက္သာေအာင္ေဆာင္ရြက္ေပးႏိုင္တ ယ္၊ မွီတာေတြမကဘူးသာေအာင္ ေဆာင္ရြက္မယ္” ဟု မခ်မ္းေဘာ့ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္အမွတ္ (၁) ကိုယ္စားလွယ္ေလာင္း ဦးေစာႏြဲ႕ႏိုခမ္းက ေျပာဆိုသည္။

မခ်မ္းေဘာ့ၿမိဳ႕နယ္၊ ထရမ္ဒမ္းေက်းရြာ အုပ္စု၊ ဆလြမ္ဒမ္းေက်းရြာေန ပါတီစည္း႐ုံးေရးမွဴးျဖစ္သည့္ ဦးငြား ဇာခီေနအိမ္တြင္ ဩဂုတ္လ၊ ၁၉ရက္၊ ညေန ၃ နာရီ ၄၅မိနစ္အခ်ိန္က၂၀၂၀ေရြးေကာက္ပြဲအတြက္ေက်းရြာ ပါတီဝင္စည္း႐ုံးေရးမွဴးမ်ားကိုပါတီ၏ မူဝါဒႏွင့္ မဲဆြယ္ကာလအတြင္း လုပ္ေဆာင္သြားရမည့္ လုပ္ငန္းစဉ္မ်ားကို လမ္းၫြန္ အသိေပးျခင္း ႏွင္းဆီပါတီမွ လြတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ ရပ္ေက်းစည္း႐ုံးေရးမွဴးမ်ား မ်က္ႏွာဆုံညီေတြ႕ဆုံ ေဆြးေႏြးျခင္း ျပဳလုပ္ခဲ့ရာတြင္ ယခုကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ ဥကၠ႒ႀကီးက ျမန္မာႏိုင္ငံကို (၅)ႏွစ္အတြင္း စကၤာပူႏိုင္ငံထက္သာေအာင္ေဆာင္ရြက္ ေပးႏိုင္တယ္၊ မွီတာေတြမကဘူးသာေအာင္ ေဆာင္ရြက္မယ္ေပါ႔ဗ်ာ၊ႏိုင္ငံျခား၊ အေမရိကန္ႏိုင္ငံ၊ ကေနဒါတို႔မွာစီးပြားေရးနဲ႔ ႏိုင္ငံေရးဘြဲ႕ေတြလည္းယူထားတယ္ဆိုေတာ့ ပညာလည္းတတ္တယ္၊ အျမင္လည္းက်ယ္တဲ့ ပုဂၢိဳလ္လည္းဟုတ္တယ္၊ ႏိုင္ငံတကာမွာ မိတ္ေဆြလည္းရွိတယ္၊ အဲ့ဒါဆိုေတာ့သူကေဆာင္ရြက္ႏိုင္တာေပါ႔ဗ်ာ” ဟု မခ်မ္းေဘာ့ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ (၁) ကိုယ္စားလွယ္ေလာင္း ဦးေစာႏြဲ႕ႏိုခမ္းက ဆက္ေျပာသည္။

မ်က္ႏွာဆုံညီ ေတြ႕ဆုံျခင္းတြင္ ကိုယ္စားလွယ္ေလာင္း အပါအဝင္ ရပ္ေက်းပါတီဝင္စည္း႐ုံးမွဴးမ်ား စုစုေပါင္း(၁၂) ဦးတက္ေရာက္ခဲ့ၿပီး ဆလြမ္ဒမ္းရပ္ေက်းစည္း႐ုံးေရးမွဴးကလည္း ယခုကဲ့သို႔ေျပာသည္။

“အခုလို ေတြ႕ဆုံတဲ့ရည္ရြယ္ခ်က္ကေတာ့အမႈေဆာင္ လုပ္ေဖာ္ကိုင္ဖက္ ညီအစ္ကို ေဆြမ်ိဳးသားေတြနဲ႔ လာေရာက္မ်က္ႏွာေတြ႕ၿပီးေတာ့ ကိုယ္စားလွယ္ေလာင္းေတြနဲ႔လည္း မိတ္ဆက္တဲ့ သေဘာနဲ႔ လာေရာက္ျခင္းျဖစ္တယ္”ဟု ဆလြမ္ဒမ္း ရပ္ေက်းစည္း႐ုံးေရးမွဴးက ေျပာသည္။

ႏွင္းဆီပါတီအေနႏွင့္ ၂၀၂၀ ေရြးေကာက္ပြဲ တြင္ ကခ်င္ျပည္နယ္အတြင္း ပါဝင္ယွဉ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း စုစုေပါင္း ၇၀ဦးမွ ပူတာအိုခ႐ိုင္တြင္ ကိုယ္စားလွယ္ေလာင္း ၂၀ ဦး ပါဝင္ယွဉ္ၿပိဳင္သြားမည္ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ မဲဆႏၵနယ္ (၂) အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးထမိုင္ဒီးထံမွ သိရသည္။

ဂ်ာပါ

#PeopleMedia #မခ်မ္းေဘာ့

(unicode)
“နှင်းဆီပါတီမှ ဥက္ကဋ္ဌကြီးက မြန်မာနိုင်ငံကို ၅နစ်အတွင်း စင်္ကာပူနိုင်ငံထက်သာအောင်ဆောင်ရွက် ပေးနိုင်တယ်” ဟု မချမ်းဘော့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်လောင်းပြော
……………………………………………………

မချမ်းဘော့၊ ဩဂုတ် ၂၀

“နှင်းဆီပါတီမှ ဥက္ကဋ္ဌကြီးကမြန်မာနိုင်ငံကို (၅)နှစ်အတွင်း စင်္ကာပူနိုင်ငံ ထက်သာအောင်ဆောင်ရွက်ပေးနိုင်တ ယ်၊ မှီတာတွေမကဘူးသာအောင် ဆောင်ရွက်မယ်” ဟု မချမ်းဘော့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးစောနွဲ့နိုခမ်းက ပြောဆိုသည်။

မချမ်းဘော့မြို့နယ်၊ ထရမ်ဒမ်းကျေးရွာ အုပ်စု၊ ဆလွမ်ဒမ်းကျေးရွာနေ ပါတီစည်းရုံးရေးမှူးဖြစ်သည့် ဦးငွား ဇာခီနေအိမ်တွင် ဩဂုတ်လ၊ ၁၉ရက်၊ ညနေ ၃ နာရီ ၄၅မိနစ်အချိန်က၂၀၂၀ရွေးကောက်ပွဲအတွက်ကျေးရွာ ပါတီဝင်စည်းရုံးရေးမှူးများကိုပါတီ၏ မူဝါဒနှင့် မဲဆွယ်ကာလအတွင်း လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များကို လမ်းညွန် အသိပေးခြင်း နှင်းဆီပါတီမှ လွတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ရပ်ကျေးစည်းရုံးရေးမှူးများ မျက်နှာဆုံညီတွေ့ဆုံ ဆွေးနွေးခြင်း ပြုလုပ်ခဲ့ရာတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဥက္ကဋ္ဌကြီးက မြန်မာနိုင်ငံကို (၅)နှစ်အတွင်း စင်္ကာပူနိုင်ငံထက်သာအောင်ဆောင်ရွက် ပေးနိုင်တယ်၊ မှီတာတွေမကဘူးသာအောင် ဆောင်ရွက်မယ်ပေါ့ဗျာ၊နိုင်ငံခြား၊ အမေရိကန်နိုင်ငံ၊ ကနေဒါတို့မှာစီးပွားရေးနဲ့ နိုင်ငံရေးဘွဲ့တွေလည်းယူထားတယ်ဆိုတော့ ပညာလည်းတတ်တယ်၊ အမြင်လည်းကျယ်တဲ့ ပုဂ္ဂိုလ်လည်းဟုတ်တယ်၊ နိုင်ငံတကာမှာ မိတ်ဆွေလည်းရှိတယ်၊ အဲ့ဒါဆိုတော့သူကဆောင်ရွက်နိုင်တာပေါ့ဗျာ” ဟု မချမ်းဘော့မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးစောနွဲ့နိုခမ်းက ဆက်ပြောသည်။

မျက်နှာဆုံညီ တွေ့ဆုံခြင်းတွင် ကိုယ်စားလှယ်လောင်း အပါအဝင် ရပ်ကျေးပါတီဝင်စည်းရုံးမှူးများ စုစုပေါင်း(၁၂) ဦးတက်ရောက်ခဲ့ပြီး ဆလွမ်ဒမ်းရပ်ကျေးစည်းရုံးရေးမှူးကလည်း ယခုကဲ့သို့ပြောသည်။

“အခုလို တွေ့ဆုံတဲ့ရည်ရွယ်ချက်ကတော့အမှုဆောင် လုပ်ဖော်ကိုင်ဖက် ညီအစ်ကို ဆွေမျိုးသားတွေနဲ့ လာရောက်မျက်နှာတွေ့ပြီးတော့ ကိုယ်စားလှယ်လောင်းတွေနဲ့လည်း မိတ်ဆက်တဲ့ သဘောနဲ့ လာရောက်ခြင်းဖြစ်တယ်”ဟု ဆလွမ်ဒမ်း ရပ်ကျေးစည်းရုံးရေးမှူးက ပြောသည်။

နှင်းဆီပါတီအနေနှင့် ၂၀၂၀ ရွေးကောက်ပွဲ တွင် ကချင်ပြည်နယ်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၇၀ဦးမှ ပူတာအိုခရိုင်တွင် ကိုယ်စားလှယ်လောင်း ၂၀ ဦး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ် (၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထမိုင်ဒီးထံမှ သိရသည်။

ဂျာပါ

#PeopleMedia #မချမ်းဘော့


Share this post