• Follow Us on

Home ႏွင္းဆီပါတီဥကၠ႒ဦးေက်ာ္ျမင့္ ေထာင္ေျပးမႈျဖင့္ ေထာင္ဒဏ္၂ ႏွစ္က်ခံရ

ႏွင္းဆီပါတီဥကၠ႒ဦးေက်ာ္ျမင့္ ေထာင္ေျပးမႈျဖင့္ ေထာင္ဒဏ္၂ ႏွစ္က်ခံရ

Share this post

မႏၲေလး၊ နိုဝင္ဘာ ၁၂

ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကို ရာဇသတ္ႀကီးပုဒ္မ ၂၂၄ (ေထာင္ေျပးမႈ) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္ က်ခံရန္ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံးမွ နိုဝင္ဘာလ ၁၂ ရက္ ႐ုံးခ်ိန္းတြင္ အမိန႔္ခ်မွတ္ခဲ့သည္။

“ထြက္ေျပးတဲ့အက်ိဳးဆက္ေၾကာင့္ ေထာက္က်ခံခဲ့ရတဲ့ နစ္နာသူေတြလည္းရွိေတာ့ တရား႐ုံးက သင့္ေတာ္မယ္လို႔ ယူဆလို႔ ခ်မွတ္ခဲ့ရျခင္းျဖစ္ပါတယ္” ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံးျပန္ၾကားေရး အရာရွိ ဦးေက်ာ္မ်ိဳးဝင္း ေျပာသည္။

ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၂၄ အရ အက်ဥ္းက်ခံေနသူသည္ ၎က ျပစ္မႈအတြက္ ဥပေဒႏွင့္အညီ ခ်ဳပ္ထားရာမွ ထြက္ေျပးရန္အားထုတ္လ်င္ ထိုသူအား ေထာင္ဒဏ္ ၂ ႏွစ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ (သို႔မဟုတ္) ဒဏ္ႏွစ္ရပ္လုံးကို ခ်မွတ္နိုင္သည္ဟု ေဖာ္ျပထားသည္။

ဦးေက်ာ္ျမင့္ ေရွ႕ေန ဦးေနလင္းထြန္းက “အလုပ္ႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္တဲ့အေပၚ မွတ္ခ်က္မေပးလိုပါဘူး၊ ဦးေက်ာ္ျမင့္ အသက္အရြယ္ကိုေတာ့ ထည့္သြင့္စဥ္းစားေစခ်င္တယ္”ဟု ေျပာသည္။

ဦးေက်ာ္ျမင့္(ခ)ဟူးဝါးကို အင္းစိန္တရား႐ုံးမွ ၁၉၉၈ ခုႏွစ္တြင္ အေရးေပၚ စီမံမႈအက္ဥပေဒ ပုဒ္မ-၅(ည) ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ-၁၈၉ တို႔အရ (ရန္ကုန္)အင္းစိန္ေထာင္တြင္ ေထာင္ဒဏ္(၉)ႏွစ္ ခ်မွတ္ခဲ့သည္။

ထို႔ေနာက္ မႏၲေလးအိုးဘိုေထာင္သို႔ ေျပာင္းေရႊ႕ခဲ့ၿပီး ၁၉၉၉ ခုႏွစ္ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီး၌ ေဆးကုသေနစဥ္ ထြက္ေျပးခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ထြက္ေျပးခဲ့အေပၚ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕မွ ဦးေက်ာ္ျမင့္ ေနထိုင္ရာ ရန္ကုန္ၿမိဳ႕ရွိ ပန္းလိႈင္အိမ္ရာ၌ စက္တင္ဘာလ (၂၉)ရက္ ညပိုင္းတြင္ ေထာင္ေျပးမႈျဖင့္ ျပန္လည္ဖမ္းဆီးခဲ့သည္။

ထိုေနာက္ စက္တင္ဘာလ (၃၀)ရက္တြင္ မူလျပစ္ဒဏ္က်ခံရာ မႏၲေလးအိုးဘို အက်ဥ္းေထာင္သို႔ ျပန္လည္ပို႔ေဆာင္ခဲ့ၿပီး ေအာက္တိုဘာ(၂)ရက္ေန႔တြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံးတြင္ ပထမဆုံးအႀကိမ္ စတင္႐ုံးထုတ္စစ္ေဆးခဲ့ၿပီး ယေန႔မွာ ေတာ့ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

ဦးေက်ာ္ျမင့္သည္ ပုဒ္မ ၂၂၄ အျပင္ အျခားျပစ္မႈတစ္ခုျဖစ္ေသာ ျပည္ပသို႔ တရားမဝင္ထြက္ခြာခဲ့ျခင္းႏွင့္ ျပည္တြင္းသို႔ တရား မဝင္ ျပန္လည္ဝင္ေရာက္လာမႈတို႔အေပၚ ရဲတပ္ဖြဲ႕မွ ျမန္မာနိုင္ငံလူဝင္မႈႀကီးၾကပ္ေရးဥပေဒပုဒ္မႏွင့္ လတ္တေလာျပဌာန္းခ်က္ အက္ဥပေဒ ပုဒ္မ ၁၃(၁)ျဖင့္ တရားစြဲထားသည့္ အမႈကိုလည္း ရင္ဆိုင္ေနရဆဲျဖစ္သည္။

ေနေသာ္ (မႏၲေလး)

#PeopleMedia #ဦးေက်ာ္ျမင့္

(unicode)
နှင်းဆီပါတီဥက္ကဋ္ဌဦးကျော်မြင့် ထောင်ပြေးမှုဖြင့် ထောင်ဒဏ်၂ နှစ်ကျခံရ
………………………………………..

မန္တလေး၊ နိုဝင်ဘာ ၁၂

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရာဇသတ်ကြီးပုဒ်မ ၂၂၄ (ထောင်ပြေးမှု) အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ကျခံရန် ချမ်းအေးသာစံမြို့နယ် တရားရုံးမှ နိုဝင်ဘာလ ၁၂ ရက် ရုံးချိန်းတွင် အမိန့်ချမှတ်ခဲ့သည်။

“ထွက်ပြေးတဲ့အကျိုးဆက်ကြောင့် ထောက်ကျခံခဲ့ရတဲ့ နစ်နာသူတွေလည်းရှိတော့ တရားရုံးက သင့်တော်မယ်လို့ ယူဆလို့ ချမှတ်ခဲ့ရခြင်းဖြစ်ပါတယ်” ချမ်းအေးသာစံမြို့နယ် တရားရုံးပြန်ကြားရေး အရာရှိ ဦးကျော်မျိုးဝင်း ပြောသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ အရ အကျဉ်းကျခံနေသူသည် ၎င်းက ပြစ်မှုအတွက် ဥပဒေနှင့်အညီ ချုပ်ထားရာမှ ထွက်ပြေးရန်အားထုတ်လျင် ထိုသူအား ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ဦးကျော်မြင့် ရှေ့နေ ဦးနေလင်းထွန်းက “အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်တဲ့အပေါ် မှတ်ချက်မပေးလိုပါဘူး၊ ဦးကျော်မြင့် အသက်အရွယ်ကိုတော့ ထည့်သွင့်စဉ်းစားစေချင်တယ်”ဟု ပြောသည်။

ဦးကျော်မြင့်(ခ)ဟူးဝါးကို အင်းစိန်တရားရုံးမှ ၁၉၉၈ ခုနှစ်တွင် အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ-၅(ည) ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၈၉ တို့အရ (ရန်ကုန်)အင်းစိန်ထောင်တွင် ထောင်ဒဏ်(၉)နှစ် ချမှတ်ခဲ့သည်။

ထို့နောက် မန္တလေးအိုးဘိုထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၉၉ ခုနှစ် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ဆေးကုသနေစဉ် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ထွက်ပြေးခဲ့အပေါ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဦးကျော်မြင့် နေထိုင်ရာ ရန်ကုန်မြို့ရှိ ပန်းလှိုင်အိမ်ရာ၌ စက်တင်ဘာလ (၂၉)ရက် ညပိုင်းတွင် ထောင်ပြေးမှုဖြင့် ပြန်လည်ဖမ်းဆီးခဲ့သည်။

ထိုနောက် စက်တင်ဘာလ (၃၀)ရက်တွင် မူလပြစ်ဒဏ်ကျခံရာ မန္တလေးအိုးဘို အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး အောက်တိုဘာ(၂)ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး ယနေ့မှာ တော့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးကျော်မြင့်သည် ပုဒ်မ ၂၂၄ အပြင် အခြားပြစ်မှုတစ်ခုဖြစ်သော ပြည်ပသို့ တရားမဝင်ထွက်ခွာခဲ့ခြင်းနှင့် ပြည်တွင်းသို့ တရား မဝင် ပြန်လည်ဝင်ရောက်လာမှုတို့အပေါ် ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မနှင့် လတ်တလောပြဌာန်းချက် အက်ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် တရားစွဲထားသည့် အမှုကိုလည်း ရင်ဆိုင်နေရဆဲဖြစ်သည်။

နေသော် (မန္တလေး)

#PeopleMedia #ဦးကျော်မြင့်


Share this post