• Follow Us on

Home ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကို ေထာင္ေျပးမႈျဖင့္ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံး၌ ယေန႔ စတင္ တရားစြဲဆို

ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကို ေထာင္ေျပးမႈျဖင့္ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံး၌ ယေန႔ စတင္ တရားစြဲဆို

Share this post

မႏၲေလး၊ ေအာက္တိုဘာ – ၂
အမ်ိဳးသားညီညြတ္ေသာ ဒီမိုကရက္တစ္ပါတီ(UDP) ဥကၠ႒ ဦးေက်ာ္ျမင့္ကို ေထာင္ေျပးမႈ (ပုဒ္မ ၂၂၄) ျဖင့္ မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံး၌ တရားစြဲဆိုနိုင္ရန္ ေအာက္တိုဘာလ ၂ ရက္ နံနက္ပိုင္း၌ ပထမဆုံးအႀကိမ္ ႐ုံးထုတ္ခဲ့သည္။
ျဖစ္စဥ္မွာ ဦးေက်ာ္ျမင့္ အေရးေပၚစီမံမႈ အက္ဥပေဒပုဒ္မ ၅(ည)၊ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၁၈၉ တို႔အရ ျပစ္ဒဏ္ခ်မွတ္ခဲ့သည့္ ေထာင္ဒဏ္ ၉ ႏွစ္ ကို မႏၲေလးၿမိဳ႕၊ အိုးဘိုအက်ဥ္းေထာင္၌ ျပစ္ဒဏ္က်ခံေနစဥ္ ဦးေႏွာက္အာ႐ုံေၾကာအားနည္းေရာဂါျဖင့္ ေထာင္ျပင္ပသို႔ ေဆးကုသခြင့္ရရွိခဲ့ၿပီးေနာက္ ျပင္ပ၌ ေဆးကုသ ခြင့္ရရွိစဥ္ ၁၉၉၉ ခုႏွစ္ ဇန္နဝါရီ ၁ ရက္တြင္ ထြက္ေျပးလြတ္ေျမာက္ခဲ့ျခင္းျဖစ္ေၾကာင္း အက်ဥ္းဦးစီးဌာန၏ မွတ္တမ္းမ်ားအရ သိရသည္။
ဦးေက်ာ္ျမင့္(ခ) ဟူးဝါးကို ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၂၄ ျဖင့္ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံးသို႔ ေအာက္တိုဘာလ ၂ ၇က္ တြင္ စတင္တရားစြဲဆိုတင္ပို႔ခဲ့ေသာေၾကာင့္ ၿမိဳ႕နယ္တရား႐ုံးမွ အမႈအမွတ္ (၇၈၃/၂၀၂၀) ျဖင့္ လက္ခံအမႈဖြင့္ခဲ့ေၾကာင္း ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံးျပန္ၾကားေရးအရာရွိ ဦးေက်ာ္မ်ိဳးဝင္းက ေျပာၾကားသည္။
“၁၉၉၉ မွာကတည္းက ဒီအမႈကို ယခင္ အမွတ္(၈) ရဲစခန္း စခန္းမႈး ရဲအုပ္သိန္းေဌးက အမႈဖြင့္ထားၿပီး ျဖစ္ပါတယ္၊ လက္ရွိမွာ တရားလို ဦးသိန္းေဌးက ပင္စင္ယူသြားပီဆိုေတာ့ ဆင့္စာထုတ္ဆင့္ပါမယ္။ သူ႔ကို ရွာေဖြ မေတြ႕ရွိဘူးဆိုရင္ေတာ့ အေျခအေနအရ လက္ရွိ စခန္းမႈးနဲ႔ ဆက္လက္ စစ္ေဆးသြားဖို႔ ရွိပါတယ္။ ေနာက္တစ္ပတ္မွာ ဒီေန႔က တရားလိုကို ဆင့္ေခၚစာထုတ္မွာ ျဖစ္တဲ့အတြက္ ေနာက္တစ္ခ်ိန္းကို ခ်ိန္းလိုက္တာျဖစ္တယ္။ ဆင့္ေခၚစာအတည္ျပဳျဖစ္တဲ့အခါ အမႈကို ဆက္စစ္ေဆးသြားမွာျဖစ္ပါတယ္”ဟု ၎ကဆိုသည္။
ဦးေက်ာ္ျမင့္အား ပုဒ္မ ၂၂၄ ျဖင့္ တရားစြဲဆိုထားေသာ အမႈကို လာမည့့္ ေအာက္တိုဘာလ ၈ ရက္တြင္ ျပန္လည္ခ်ိန္းဆိုခဲ့ၿပီး အဆိုပါအမႈအတြက္ သက္ေသ ၁၀ ဦး တင္ထားသည္။
UDP ပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကို စက္တင္ဘာလ၂၉ရက္ ညပိုင္တြင္ ၎ေနထိုင္ယာ ပန္းလွိုင္အိမ္ယာ၌ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး စက္တင္ဘာလ ၃၀ ေန႔လယ္ပိုင္းတြင္ ျပစ္ဒဏ္က်ခံေနစဥ္ ထြက္ေျပးခဲ့ေသာ မႏၲေလးၿမိဳ႕ အိုးဘိုေထာင္သို႔ ပို႔ေဆာင္ခဲ့ျခင္းျဖစ္သည္။
ဦးေက်ာ္ျမင့္သည္ ျပည္ပနိုင္ငံ၌ ေနထိုင္ေနစဥ္ ညီညြတ္ေသာ ဒီမိုကရက္တစ္ပါတီကို ၂၀၀၇ ခုႏွစ္၌ စတင္ တည္ေထာင္ခဲ့သူတစ္ဦးျဖစ္သည္။
ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၂၄ အရ မည္သူမဆို၊ မိမိအားစြဲဆိုေသာျပစ္မႈႏွင့္ ျပစ္မႈထင္ရွား၍ စီရင္ေသာ အမႈ အတြက္ ဥပေဒႏွင့္အညီ ဖမ္းဆီးသည္ကို တမင္ခုခံလၽွင္၊ ဥပေဒကို ဆန႔္က်င္ ဟန႔္တားလၽွင္(သို႔မဟုတ္) ျပစ္မႈအတြက္ ဥပေဒႏွင့္အညီ ခ်ဳပ္ထားရာမွ ထြက္ေျပးလၽွင္၊ ထြက္ေျပးရန္အားထုတ္ခဲ့လၽွင္ ထိုသူကို ႏွစ္ႏွစ္ ထိေထာင္ဒဏ္တမ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟု ေဖၚျပထားသည္။
ထိုေဖၚျပခ်က္အျပင္ ျပစ္ဒဏ္သည္စြဲဆိုရင္းျပစ္မႈအတြက္ျဖစ္ေစ၊ ျပစ္မႈထင္ရွားစီရင္ရင္း ျပစ္မႈအတြက္ျဖစ္ေစ ဖမ္းဆီးျခင္းခံရမည့္သူ ခံထိုက္ေသာ၊ သို႔တည္းမဟုတ္ အခ်ဳပ္ခံေနရသူ ခံထိုက္ေသာ ျပစ္ဒဏ္အျပင္ အပိုခံရ မည့္ျပစ္ဒဏ္ျဖစ္သည္ ဟု ရွင္းလင္းေဖၚၿပေရးသားထားသည္။
ေနေသာ္(မန္း)
#PeopleMedia #ႏွင္းဆီ
(Unicode)
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် ချမ်းအေးသာစံမြို့နယ် တရားရုံး၌ ယနေ့ စတင် တရားစွဲဆို
……………………………………………………
မန္တလေး၊ အောက်တိုဘာ – ၂
အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှု (ပုဒ်မ ၂၂၄) ဖြင့် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရားရုံး၌ တရားစွဲဆိုနိုင်ရန် အောက်တိုဘာလ ၂ ရက် နံနက်ပိုင်း၌ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။
ဖြစ်စဉ်မှာ ဦးကျော်မြင့် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(ည)၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၉ တို့အရ ပြစ်ဒဏ်ချမှတ်ခဲ့သည့် ထောင်ဒဏ် ၉ နှစ် ကို မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေစဉ် ဦးနှောက်အာရုံကြောအားနည်းရောဂါဖြင့် ထောင်ပြင်ပသို့ ဆေးကုသခွင့်ရရှိခဲ့ပြီးနောက် ပြင်ပ၌ ဆေးကုသ ခွင့်ရရှိစဉ် ၁၉၉၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဦးကျော်မြင့်(ခ) ဟူးဝါးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ ဖြင့် ချမ်းအေးသာစံမြို့နယ် တရားရုံးသို့ အောက်တိုဘာလ ၂ ရက် တွင် စတင်တရားစွဲဆိုတင်ပို့ခဲ့သောကြောင့် မြို့နယ်တရားရုံးမှ အမှုအမှတ် (၇၈၃/၂၀၂၀) ဖြင့် လက်ခံအမှုဖွင့်ခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် တရားရုံးပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ပြောကြားသည်။
“၁၉၉၉ မှာကတည်းက ဒီအမှုကို ယခင် အမှတ်(၈) ရဲစခန်း စခန်းမှုး ရဲအုပ်သိန်းဌေးက အမှုဖွင့်ထားပြီး ဖြစ်ပါတယ်၊ လက်ရှိမှာ တရားလို ဦးသိန်းဌေးက ပင်စင်ယူသွားပီဆိုတော့ ဆင့်စာထုတ်ဆင့်ပါမယ်။ သူ့ကို ရှာဖွေ မတွေ့ရှိဘူးဆိုရင်တော့ အခြေအနေအရ လက်ရှိ စခန်းမှုးနဲ့ ဆက်လက် စစ်ဆေးသွားဖို့ ရှိပါတယ်။ နောက်တစ်ပတ်မှာ ဒီနေ့က တရားလိုကို ဆင့်ခေါ်စာထုတ်မှာ ဖြစ်တဲ့အတွက် နောက်တစ်ချိန်းကို ချိန်းလိုက်တာဖြစ်တယ်။ ဆင့်ခေါ်စာအတည်ပြုဖြစ်တဲ့အခါ အမှုကို ဆက်စစ်ဆေးသွားမှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
ဦးကျော်မြင့်အား ပုဒ်မ ၂၂၄ ဖြင့် တရားစွဲဆိုထားသော အမှုကို လာမည့့် အောက်တိုဘာလ ၈ ရက်တွင် ပြန်လည်ချိန်းဆိုခဲ့ပြီး အဆိုပါအမှုအတွက် သက်သေ ၁၀ ဦး တင်ထားသည်။
UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို စက်တင်ဘာလ၂၉ရက် ညပိုင်တွင် ၎င်းနေထိုင်ယာ ပန်းလှိုင်အိမ်ယာ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၃၀ နေ့လယ်ပိုင်းတွင် ပြစ်ဒဏ်ကျခံနေစဉ် ထွက်ပြေးခဲ့သော မန္တလေးမြို့ အိုးဘိုထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ဦးကျော်မြင့်သည် ပြည်ပနိုင်ငံ၌ နေထိုင်နေစဉ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီကို ၂၀၀၇ ခုနှစ်၌ စတင် တည်ထောင်ခဲ့သူတစ်ဦးဖြစ်သည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ အရ မည်သူမဆို၊ မိမိအားစွဲဆိုသောပြစ်မှုနှင့် ပြစ်မှုထင်ရှား၍ စီရင်သော အမှု အတွက် ဥပဒေနှင့်အညီ ဖမ်းဆီးသည်ကို တမင်ခုခံလျှင်၊ ဥပဒေကို ဆန့်ကျင် ဟန့်တားလျှင်(သို့မဟုတ်) ပြစ်မှုအတွက် ဥပဒေနှင့်အညီ ချုပ်ထားရာမှ ထွက်ပြေးလျှင်၊ ထွက်ပြေးရန်အားထုတ်ခဲ့လျှင် ထိုသူကို နှစ်နှစ် ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖေါ်ပြထားသည်။
ထိုဖေါ်ပြချက်အပြင် ပြစ်ဒဏ်သည်စွဲဆိုရင်းပြစ်မှုအတွက်ဖြစ်စေ၊ ပြစ်မှုထင်ရှားစီရင်ရင်း ပြစ်မှုအတွက်ဖြစ်စေ ဖမ်းဆီးခြင်းခံရမည့်သူ ခံထိုက်သော၊ သို့တည်းမဟုတ် အချုပ်ခံနေရသူ ခံထိုက်သော ပြစ်ဒဏ်အပြင် အပိုခံရ မည့်ပြစ်ဒဏ်ဖြစ်သည် ဟု ရှင်းလင်းဖေါ်ပြရေးသားထားသည်။
နေသော်(မန်း)
#PeopleMedia #နှင်းဆီ


Share this post