• Follow Us on

Home ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္ ပိုင္ဆိုင္မႈ ၂၃ ဘီလီယံရွိၿပီး တ႐ုတ္ႏိုင္ငံမွ တရားမ၀င္ ေငြလႊဲလုပ္ငန္းမ်ားမွ တစ္ဆင့္ ၁၆ ဒသမ ၃၅ ဘီလီယံရယူထားေၾကာင္း စိစစ္ေတြ႕ရွိႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္ ပိုင္ဆိုင္မႈ ၂၃ ဘီလီယံရွိၿပီး တ႐ုတ္ႏိုင္ငံမွ တရားမ၀င္ ေငြလႊဲလုပ္ငန္းမ်ားမွ တစ္ဆင့္ ၁၆ ဒသမ ၃၅ ဘီလီယံရယူထားေၾကာင္း စိစစ္ေတြ႕ရွိ

ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္ ပိုင္ဆိုင္မႈ ၂၃ ဘီလီယံရွိၿပီး တ႐ုတ္ႏိုင္ငံမွ တရားမ၀င္ ေငြလႊဲလုပ္ငန္းမ်ားမွ တစ္ဆင့္ ၁၆ ဒသမ ၃၅ ဘီလီယံရယူထားေၾကာင္း စိစစ္ေတြ႕ရွိႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္ ပိုင္ဆိုင္မႈ ၂၃ ဘီလီယံရွိၿပီး တ႐ုတ္ႏိုင္ငံမွ တရားမ၀င္ ေငြလႊဲလုပ္ငန္းမ်ားမွ တစ္ဆင့္ ၁၆ ဒသမ ၃၅ ဘီလီယံရယူထားေၾကာင္း စိစစ္ေတြ႕ရွိ

Share this post


ရန္ကုန္၊ ေအာက္တိုဘာ ၁၅
 
ႏွင္းဆီပါတီဥကၠ႒ဦးေက်ာ္ျမင့္၏ ပိုင္ဆိုင္မႈ လက္ရွိစစ္ေဆးေတြ႕ရွိမႈ ၂၃ ဘီလီယံရွိၿပီး တ႐ုတ္ႏိုင္ငံမွ တရား မ၀င္ေငြလႊဲလုပ္ငန္းမ်ားမွတစ္ဆင့္ ၁၆ ဒသမ ၃၅ ဘီလီယံရယူထားသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ံုး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးမွ ေျပာသည္။
 
ယေန႔ျပဳလုပ္ခဲ့သည့္ ေနျပည္ေတာ္ရွိ သမၼတအိမ္ေတာ္အထူးသတင္းစာရွင္းလင္းပြဲတြင္ ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္၏ ၀င္ေငြရလမ္းပိုင္ဆိုင္မႈမ်ားႏွင့္ပတ္သက္၍ ၎မွအထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
 
“ျမန္မာေက်ာ္ကုမၸဏီလီမိတက္နာမည္နဲ႔ဖြင့္ထားတဲ့ ယူႏိုက္တက္အမရဘဏ္မွာရွိတဲ့ေငြစာရင္း၊ ဧရာ၀တီ ဘဏ္မွာရွိတဲ့ ေငြစာရင္းေတြနဲ႔ လႊဲေျပာင္းထားတဲ့ ၀င္လာတဲ့ေငြစာရင္းေတြနဲ႔ ကၽြန္ေတာ္တို႔ပဏာမစိစစ္တဲ့အခါ မွာ ၂၀၁၅ ခုႏွစ္အတြင္းမွာ စုစုေပါင္းက်ပ္ ၁၆ ဒသမ ၃၅ ဘီလ်ံ၊ အဲဒါကို တ႐ုတ္ႏိုင္ငံအတြင္းမွာရွိတဲ့ ခြန္တီလုပ္ ငန္းေပါ့ တရားမ၀င္ ေငြေၾကးလႊဲေျပာင္းတဲ့လုပ္ငန္း လုပ္ကိုင္တဲ့လူေတြကေန မူဆယ္နယ္စပ္ကတစ္ဆင့္ အဆင့္ ဆင့္ေပါ့ေနာ္၊ လႊဲေျပာင္းၿပီး ေပးပို႔ထားတာ ေတြ႕ရွိပါရတယ္”ဟု ႏိုင္ငံေတာ္သမၼတ႐ံုးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ ေဌးမွေျပာသည္။
 
ဆက္လက္ၿပီး ဦးေက်ာ္ျမင့္သည္ ပါတီလုပ္ငန္းမ်ားအတြက္ ၁၃ ဒသမ ၈၉ ဘီလီယံေက်ာ္သံုးစြဲထားေၾကာင္းႏွင့္ တရားမ၀င္ရရွိလာသည့္ ေငြေၾကးမ်ားျဖင့္ ပါတီလုပ္ငန္းမ်ားကို လုပ္ကိုင္ေနျခင္းသည္ ႏိုင္ငံေရးပါတီမ်ားမွတ္ပံု တင္ျခင္းဥပေဒႏွင့္ ကိုက္ညီမႈရွိ၊ မရွိကို ေရြးေကာက္ပြဲေကာ္မရွင္ကို ႏိုင္ငံေတာ္သမၼတ႐ံုးမွ အေၾကာင္းၾကားတင္ ျပသြားမည္ျဖစ္ေၾကာင္းလည္း ၎မွေျပာၾကားခဲ့သည္။
 
ထို႔အျပင္ ႏွင္းဆီပါတီဥကၠ႒ဦးေက်ာ္ျမင့္ႏွင့္ဆက္စပ္သည့္ ဘဏ္ေငြစာရင္း ၅၉ ခုကို အစိုးရမွပဏာမ စစ္ေဆးခဲ့ရာ ၎သည္ တ႐ုတ္ႏိုင္ငံမွတစ္ဆင့္ ေငြေၾကးမ်ား တရားမ၀င္လႊဲေျပာင္းရယူခဲ့သည့္အတြက္ ၂၀၁၄ ခုႏွစ္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၄၃ အရ ၁၀ ႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ ထည့္သြင္းေျပာၾကားခဲ့သည္။
 
အလားတူ ၎မွာ ေထာက္လွမ္းေရးေထာက္ခံခ်က္ႏွင့္ မွတ္ပံုတင္ထုတ္ေပးထားျခင္းျဖစ္ၿပီး ထိုေထာက္ခံခ်က္ ျဖင့္ မွတ္ပံုတင္ရရွိထားသူျဖစ္ေၾကာင္းကို စိစစ္ေတြ႕ရွိရေၾကာင္းႏွင့္ ယင္းႏွင္းဆီပါတီကို ပယ္ဖ်က္၊ ဖ်က္သိမ္း ျခင္းကိုမူ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ဆံုးျဖတ္သြားမွာျဖစ္ၿပီး အစိုးရႏွင့္မသက္ဆိုင္ေၾကာင္း အဆိုပါ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။
 
#PeopleMedia #ႏွင္းဆီပါတီ #ဦးေက်ာ္ျမင့္
 
 
(unicode)
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ပိုင်ဆိုင်မှု ၂၃ ဘီလီယံရှိပြီး တရုတ်နိုင်ငံမှ တရားမဝင် ငွေလွှဲလုပ်ငန်းများမှ တစ်ဆင့် ၁၆ ဒသမ ၃၅ ဘီလီယံရယူထားကြောင်း စိစစ်တွေ့ရှိ ………………………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ ၁၅
 
နှင်းဆီပါတီဥက္ကဋ္ဌဦးကျော်မြင့်၏ ပိုင်ဆိုင်မှု လက်ရှိစစ်ဆေးတွေ့ရှိမှု ၂၃ ဘီလီယံရှိပြီး တရုတ်နိုင်ငံမှ တရား မဝင်ငွေလွှဲလုပ်ငန်းများမှတစ်ဆင့် ၁၆ ဒသမ ၃၅ ဘီလီယံရယူထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ပြောသည်။
 
ယနေ့ပြုလုပ်ခဲ့သည့် နေပြည်တော်ရှိ သမ္မတအိမ်တော်အထူးသတင်းစာရှင်းလင်းပွဲတွင် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ဝင်ငွေရလမ်းပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ ၎င်းမှအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
 
“မြန်မာကျော်ကုမ္ပဏီလီမိတက်နာမည်နဲ့ဖွင့်ထားတဲ့ ယူနိုက်တက်အမရဘဏ်မှာရှိတဲ့ငွေစာရင်း၊ ဧရာဝတီ ဘဏ်မှာရှိတဲ့ ငွေစာရင်းတွေနဲ့ လွှဲပြောင်းထားတဲ့ ဝင်လာတဲ့ငွေစာရင်းတွေနဲ့ ကျွန်တော်တို့ပဏာမစိစစ်တဲ့အခါ မှာ ၂၀၁၅ ခုနှစ်အတွင်းမှာ စုစုပေါင်းကျပ် ၁၆ ဒသမ ၃၅ ဘီလျံ၊ အဲဒါကို တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ ခွန်တီလုပ် ငန်းပေါ့ တရားမဝင် ငွေကြေးလွှဲပြောင်းတဲ့လုပ်ငန်း လုပ်ကိုင်တဲ့လူတွေကနေ မူဆယ်နယ်စပ်ကတစ်ဆင့် အဆင့် ဆင့်ပေါ့နော်၊ လွှဲပြောင်းပြီး ပေးပို့ထားတာ တွေ့ရှိပါရတယ်”ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးမှပြောသည်။
 
ဆက်လက်ပြီး ဦးကျော်မြင့်သည် ပါတီလုပ်ငန်းများအတွက် ၁၃ ဒသမ ၈၉ ဘီလီယံကျော်သုံးစွဲထားကြောင်းနှင့် တရားမဝင်ရရှိလာသည့် ငွေကြေးများဖြင့် ပါတီလုပ်ငန်းများကို လုပ်ကိုင်နေခြင်းသည် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေနှင့် ကိုက်ညီမှုရှိ၊ မရှိကို ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတော်သမ္မတရုံးမှ အကြောင်းကြားတင် ပြသွားမည်ဖြစ်ကြောင်းလည်း ၎င်းမှပြောကြားခဲ့သည်။
 
ထို့အပြင် နှင်းဆီပါတီဥက္ကဋ္ဌဦးကျော်မြင့်နှင့်ဆက်စပ်သည့် ဘဏ်ငွေစာရင်း ၅၉ ခုကို အစိုးရမှပဏာမ စစ်ဆေးခဲ့ရာ ၎င်းသည် တရုတ်နိုင်ငံမှတစ်ဆင့် ငွေကြေးများ တရားမဝင်လွှဲပြောင်းရယူခဲ့သည့်အတွက် ၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၃ အရ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ထည့်သွင်းပြောကြားခဲ့သည်။
 
အလားတူ ၎င်းမှာ ထောက်လှမ်းရေးထောက်ခံချက်နှင့် မှတ်ပုံတင်ထုတ်ပေးထားခြင်းဖြစ်ပြီး ထိုထောက်ခံချက် ဖြင့် မှတ်ပုံတင်ရရှိထားသူဖြစ်ကြောင်းကို စိစစ်တွေ့ရှိရကြောင်းနှင့် ယင်းနှင်းဆီပါတီကို ပယ်ဖျက်၊ ဖျက်သိမ်း ခြင်းကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆုံးဖြတ်သွားမှာဖြစ်ပြီး အစိုးရနှင့်မသက်ဆိုင်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
 
#PeopleMedia #နှင်းဆီပါတီ #ဦးကျော်မြင့်

Share this post