• Follow Us on

Home ႏွင္းဆီ(UDP)ပါတီ၏ ေငြေၾကးသုံးစြဲမႈမ်ားႏွင့္ ပတ္သက္၍ စစ္ေဆးရန္ UEC တြင္ တာ၀န္ရွိေၾကာင္း တရား လႊတ္ေတာ္ ေရွ႕ေနဦးႀကီးျမင့္ ေျပာဆို

ႏွင္းဆီ(UDP)ပါတီ၏ ေငြေၾကးသုံးစြဲမႈမ်ားႏွင့္ ပတ္သက္၍ စစ္ေဆးရန္ UEC တြင္ တာ၀န္ရွိေၾကာင္း တရား လႊတ္ေတာ္ ေရွ႕ေနဦးႀကီးျမင့္ ေျပာဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၁

ႏွင္းဆီ(UDP)ပါတီဥကၠ႒ ဦးေက်ာ္ျမင့္ ထိန္းသိမ္းခံရၿပီးေနာက္ ပါတီအတြက္ သုံးစြဲခဲ့သည့္ေငြေၾကးမ်ား တရား ၀င္ ေငြေၾကး ဟုတ္/မဟုတ္ စစ္ေဆးရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္တြင္ တာ၀န္ရွိေနေၾကာင္း တရားလႊတ္ေတာ္ ေရွ႕ေနဦးႀကီးျမင့္က ေျပာသည္။

“လူကိုဖမ္းတာနဲ႔ေတာ့ ပါတီက ပ်က္မသြားဘူး။ ဒါေပမဲ့ သူကဥကၠ႒ဆိုေတာ့ တာ၀န္အရမ္းႀကီးေတာ့ သူ႔ ပိုက္ဆံေတြ ဘယ္ေတြရလဲ။ ေရြးေကာက္ပြဲ ဥပေဒနဲ႔ညႇိတဲ့ အလုပ္ေတြကို သူဘာလုပ္ေနလဲ။ ပါတီမွတ္ပုံ ဥပေဒနဲ႔ညႇိတဲ့အလုပ္ေတြ ဘာလုပ္လည္းဆိုတာကို ေရြးေကာက္ပြဲေကာ္မရွင္က ျပည္ထဲေရးကို တာ၀န္ေပးၿပီး စစ္ေဆးရမယ္။ စစ္ၿပီးတဲ့အခါမွ ပါတီအျဖစ္ ရပ္တည္လို႔ မသင့္တဲ့အေျခအေနျဖစ္တယ္ဆိုရင္ေတာ့ ပါတီကို ဖ်က္သိမ္းရမွာဘဲ။ ပါတီကို ဖ်က္သိမ္းတယ္ဆိုရင္ေတာ့ ေငြသြင္းထားသူေတြက တစ္သီးပုဂၢလေတြ ျဖစ္ကုန္ မွာေပါ့” တရားလႊတ္ေတာ္ေရွ႕ေနဦးႀကီးျမင့္က ေျပာသည္။

UDP ပါတီဥကၠ႒ ဦးေက်ာ္ျမင့္သည္ မႏၲေလးအိုးဘိုအက်ဥ္းေထာင္တြင္ ၁၉၅၀ ျပည့္ႏွစ္၊ အေရးေပၚစီမံအက္ ဥပေဒပုဒ္မ(၅)(ည)၊ ျပစ္မႈပုဒ္မ ၁၈၉ တို႔ျဖင့္ ေထာင္ဒဏ္ ကိုးႏွစ္က်ခံေနရာမွ ၁၉၉၉ ခုႏွစ္ ဇန္နဝါရီလအတြင္း က ေဆး႐ုံတက္ေရာက္ကုသေနစဥ္ ထြက္ေျပးသြားခဲ့ျခင္းျဖစ္၍ သက္ဆိုင္ရာက ၂၀၂၀ခုႏွစ္ စက္တင္ဘာလ ၂၉ ရက္ ညတြင္ ျပန္လည္ဖမ္းဆီးခဲ့သည့္အတြက္ UDP ပါတီအေနျဖင့္ ဆက္လက္ရပ္တည္နိုင္ျခင္း ရွိ/မရွိ ဆိုတာကိုမူ သက္ဆိုင္ရာတာ၀န္ရွိသူမ်ား၏ စစ္ေဆးမႈမ်ားတြင္ မူတည္ေၾကာင္း ေရွ႕ေနဦးႀကီးျမင့္ကဆိုသည္။

“အခုခ်ိန္ထိေတာ့ ပါတီတာ၀န္ရွိသူေတြက ဘာမွမေျပာေသးဘူး၊ ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ ကိုယ္စား လွယ္ေလာင္း အျဖစ္တင္သြင္းထားၿပီးၿပီျဖစ္တဲ့အတြက္ ေရြးေကာက္ပြဲ ဆက္၀င္ရမွာေပါ့” လို႔ UDP ပါတီကိုယ္စားျပဳ ေတာင္ဥကၠလာပၿမိဳ႕နယ္ မဲဆႏၵနယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခင္ ေမာင္ၾကည္က ေျပာသည္။

ညီညြတ္ေသာဒီမိုကရက္တစ္ပါတီ (UDP)သည္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ တစ္နိုင္ငံလုံး အတိုင္းအတာျဖင့္ ကိုယ္စားလွယ္ေလာင္း ၁၁၄၃ ဦးျဖင့္ ကိုယ္စားလွယ္ေလာင္းဦးေရ ဒုတိယအမ်ားဆုံးဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီတစ္ခုလည္း ျဖစ္သည္။

UDP ပါတီႏွင့္ပတ္သက္ၿပီး People Media မွ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဦးျမင့္နိုင္ထံ အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေသာ္လည္း ျပန္လည္ေျဖၾကားျခင္းမရွိခဲ့ေပ။

#PeopleMedia #ႏွင္ဆီပါတီ #UEC

(Unicode)
နှင်းဆီ(UDP)ပါတီ၏ ငွေကြေးသုံးစွဲမှုများနှင့် ပတ်သက်၍ စစ်ဆေးရန် UEC တွင် တာဝန်ရှိကြောင်း တရား လွှတ်တော် ရှေ့နေဦးကြီးမြင့် ပြောဆို
……………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၁

နှင်းဆီ(UDP)ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ထိန်းသိမ်းခံရပြီးနောက် ပါတီအတွက် သုံးစွဲခဲ့သည့်ငွေကြေးများ တရား ဝင် ငွေကြေး ဟုတ်/မဟုတ် စစ်ဆေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိနေကြောင်း တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က ပြောသည်။

“လူကိုဖမ်းတာနဲ့တော့ ပါတီက ပျက်မသွားဘူး။ ဒါပေမဲ့ သူကဥက္ကဋ္ဌဆိုတော့ တာဝန်အရမ်းကြီးတော့ သူ့ ပိုက်ဆံတွေ ဘယ်တွေရလဲ။ ရွေးကောက်ပွဲ ဥပဒေနဲ့ညှိတဲ့ အလုပ်တွေကို သူဘာလုပ်နေလဲ။ ပါတီမှတ်ပုံ ဥပဒေနဲ့ညှိတဲ့အလုပ်တွေ ဘာလုပ်လည်းဆိုတာကို ရွေးကောက်ပွဲကော်မရှင်က ပြည်ထဲရေးကို တာဝန်ပေးပြီး စစ်ဆေးရမယ်။ စစ်ပြီးတဲ့အခါမှ ပါတီအဖြစ် ရပ်တည်လို့ မသင့်တဲ့အခြေအနေဖြစ်တယ်ဆိုရင်တော့ ပါတီကို ဖျက်သိမ်းရမှာဘဲ။ ပါတီကို ဖျက်သိမ်းတယ်ဆိုရင်တော့ ငွေသွင်းထားသူတွေက တစ်သီးပုဂ္ဂလတွေ ဖြစ်ကုန် မှာပေါ့” တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။

UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံအက် ဥပဒေပုဒ်မ(၅)(ည)၊ ပြစ်မှုပုဒ်မ ၁၈၉ တို့ဖြင့် ထောင်ဒဏ် ကိုးနှစ်ကျခံနေရာမှ ၁၉၉၉ ခုနှစ် ဇန်နဝါရီလအတွင်း က ဆေးရုံတက်ရောက်ကုသနေစဉ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်၍ သက်ဆိုင်ရာက ၂၀၂ဝခုနှစ် စက်တင်ဘာလ ၂၉ ရက် ညတွင် ပြန်လည်ဖမ်းဆီးခဲ့သည့်အတွက် UDP ပါတီအနေဖြင့် ဆက်လက်ရပ်တည်နိုင်ခြင်း ရှိ/မရှိ ဆိုတာကိုမူ သက်ဆိုင်ရာတာဝန်ရှိသူများ၏ စစ်ဆေးမှုများတွင် မူတည်ကြောင်း ရှေ့နေဦးကြီးမြင့်ကဆိုသည်။

“အခုချိန်ထိတော့ ပါတီတာဝန်ရှိသူတွေက ဘာမှမပြောသေးဘူး၊ ကျွန်တော်တို့အနေနဲ့ကတော့ ကိုယ်စား လှယ်လောင်း အဖြစ်တင်သွင်းထားပြီးပြီဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ဆက်ဝင်ရမှာပေါ့” လို့ UDP ပါတီကိုယ်စားပြု တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင် မောင်ကြည်က ပြောသည်။

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)သည် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးဖြင့် ကိုယ်စားလှယ်လောင်းဦးရေ ဒုတိယအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီတစ်ခုလည်း ဖြစ်သည်။

UDP ပါတီနှင့်ပတ်သက်ပြီး People Media မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဦးမြင့်နိုင်ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

#PeopleMedia #နှင်ဆီပါတီ #UEC


Share this post