• Follow Us on

Home ႏွစ္ေပါင္း ၁၅၀ ခန္႔ရွိ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္ ၁၁ ဆူအား ခိုးယူေရာင္းခ်ခဲ့သည့္ အမ်ဳိးသား ၆ ဦးအား ဖမ္းဆီးရမိ

ႏွစ္ေပါင္း ၁၅၀ ခန္႔ရွိ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္ ၁၁ ဆူအား ခိုးယူေရာင္းခ်ခဲ့သည့္ အမ်ဳိးသား ၆ ဦးအား ဖမ္းဆီးရမိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၄

မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္ႏွင့္ တံတားဦးၿမိဳ႕နယ္မ်ားရွိ ေက်း႐ြာဘုန္းႀကီးေက်ာင္းမ်ားမွ ေရွးေဟာင္း ဗုဒၶ႐ုပ္ပြားေတာ္ ၁၁ ဆူအား ခိုးယူေရာင္းခ်ခဲ့သည့္ အမ်ဳိးသား ၆ ဦးအား တိုင္းမႈခင္းအကူဌာနစိတ္မွ ဖမ္းဆီး ရမိခဲ့ေၾကာင္း မႏၲေလးရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။

ႏို၀င္ဘာ ၁၄ ရက္ေန႔ ၂ နာရီအခ်ိန္ခန႔္တြင္ က်ပ္ျပင္ ေက်း႐ြာ၊ သိပၸမၪၨဴေက်ာင္းဝန္း အတြင္းရွိ သီးျခား ဂႏၶကု ဋိတိုက္အတြင္း ကိုးကြယ္ထားရွိေသာ လြန္ခဲ့ေသာႏွစ္ေပါင္း (၁၅၀) ခန႔္က တည္ထား ကိုးကြယ္ေသာ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္(၈)ဆူ ေပ်ာက္ဆုံးသြားသျဖင့္ စုံစမ္းေဖာ္ထုတ္ အေရးယူေပးပါရန္ ေက်း႐ြာ ေဂါပက ဥကၠ႒မွ တိုင္တန္း၍ ေခ်ာင္းခြနယ္ေျမရဲစခန္း (ပ)၅၀/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၂၉၅ ျဖင့္ အမႈေရးဖြင့္ ေဆာင္႐ြက္ခဲ့သည္ဟု ေဖာ္ျပပါရွိသည္။

ဆက္လက္ၿပီး တိုင္းမႈခင္းအကူဌာနစိတ္ တာဝန္ခံႏွင့္တပ္ဖြဲ႕ဝင္မ်ားသည္ ဘုရားအခိုးခံရမႈႏွင့္ပတ္သက္၍ တရားခံဖမ္းဆီးရမိေရးအတြက္ အသြင္ယူစံုစမ္းခဲ့ရာ ေပ်ာက္ဆုံးဘုရားဆင္းတုေတာ္(၈)ဆူအနက္ (၃)ဆူမွာ မိတၳီလာၿမိဳ႕တြင္ ေနထိုင္သည့္ ဦးဝင္းျမင့္ဆိုသူထံတြင္ ေရာက္ရွိေနေၾကာင္း သတင္းရရွိသျဖင့္ ၁၉-၁၁-၂၀၂၀ ရက္ေန႔ ညေန ၁ နာရီခြဲအခ်ိန္ မိတၳီလာခ႐ိုင္မႈခင္းႏွိမ္နင္းေရးဌာနစိတ္မွ တပ္ဖြဲ႕ဝင္မ်ား ႏွင့္အတူ မိတၳီလာၿမိဳ႕၊ နန္းေတာ္ကုန္းရပ္ကြက္ေန ဦးဝင္းျမင့္(၅၇)ႏွစ္၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ဦးဝင္းျမင့္အား အမႈမွ ေပ်ာက္ဆုံးသြားသည့္ ဘုရားဆင္းတုေတာ္(၃)ဆူႏွင့္အတူ ေတြ႕ရွိသိမ္းဆည္းရမိခဲ့သည္။

ထို႔ေနာက္ ဦးဝင္းျမင့္အား ရဲစခန္းသို႔ေခၚေဆာင္၍ အေသးစိတ္စစ္ေဆးရာ ၁၅-၁၁-၂၀၂၀ ရက္ေန႔ နံနက္ ၈ နာရီအခ်ိန္ခန႔္က လႈိင္မင္း မွ ဖုန္းဆက္ၿပီး ဘုရားဆင္းတုေတာ္(၃)ဆူ ေရာင္းလိုေၾကာင္းေျပာရာမဝယ္လို ေၾကာင္းျငင္းဆန္ခဲ့ေၾကာင္း၊ မႏၲေလးၿမိဳ႕တြင္ ေနထိုင္သည္ဟုသိရသည့္ ဦးေမာင္မွ ဘုရားဆင္းတုေတာ္(၃)ဆူ ေရာင္းလိုေၾကာင္း ဖုန္းဆက္ၿပီး ၁၆-၁၁-၂၀၂၀ ရက္ေန႔ နံနက္ ၁၁ နာရီခြဲအခ်ိန္တြင္ ဆိုင္ကယ္ျဖင့္ ေရာက္ရွိ လာကာ ဗုဒၶ႐ုပ္ပြားေတာ္(၃) ဆူအား ေငြက်ပ္(၁၄)သိန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း စံုစမ္းစစ္ေဆးမႈအရသိရွိ ရေၾကာင္း ေဖာ္ျပပါရွိသည္။

ဦးဝင္းျမင့္၏ ထြက္ဆိုခ်က္အရ လႈိင္မင္း(ခ)ေက်ာ္သူအား ဖမ္းဆီးရမိေရး အသြင္ယူ သတင္းစုံစမ္းခဲ့ရာ မႏၲေလးၿမိဳ႕တြင္ေရာက္ရွိေနေၾကာင္းသတင္းအရ ၂၀-၁၁-၂၀၂၀ ရက္ေန႔ည ၈ နာရီ ၄၅ အခ်ိန္ ခ်မ္းျမ သာစည္ၿမိဳ႕နယ္၊ ဘုရားႀကီးအေရွ႕မုဒ္အနီးတြင္ ေစာင့္ဆိုင္းေနစဥ္ ဖမ္းဆီးရမိခဲ့ၿပီး ဦးဝင္းျမင့္ႏွင့္ လႈိင္မင္း(ခ) ေက်ာ္သူတို႔၏ ထြက္ဆိုခ်က္မ်ားအရ တရားခံတစ္ဦးျဖစ္သူ ဦးေမာင္(ခ)ဦးေမာင္ေမာင္အား ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ၂၉-၁၁-၂၀၂၀ ရက္ေန႔ ေန႔လည္ ၂ နာရီ ၁၅ အခ်ိန႔္ ဦးေမာင္(ခ) ဦးေမာင္ေမာင္ အား ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကန္ေတာ္ႀကီးအနီး၊ သံဃာ့ေဆး႐ုံ အေနာက္ဘက္အေပါက္အနီး ဆိုင္ကယ္ျဖင့္ ထြက္ေျပးမည္ျပဳစဥ္ လုံးေထြးဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ဖမ္းဆီးရမိေသာ ဦးဝင္းျမင့္၊ လႈိင္မင္း(ခ)ေက်ာ္သူ၊ ဦးေမာင္(ခ)ဦးေမာင္ေမာင္ တို႔အား စစ္ေဆး ခ်က္မ်ားအရ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္ခိုးယူသူမ်ားမွာ မင္းခန႔္ႏွင့္ ေက်ာ္ေက်ာ္(ခ)ကုလားေလး ဆိုသူတို႔ (၂)ဦးျဖစ္ေၾကာင္း သိရွိရသျဖင့္ ဖမ္းဆီးရမိေရးေဆာင္႐ြက္ခဲ့ရာ ၂၉-၁၁-၂၀၂၀ ရက္ေန႔ ညေန ၄ နာရီ ၁၅ အခ်ိန္တြင္ ေက်ာ္ေက်ာ္(ခ)ကုလားေလးအား ေအာင္ခ်မ္းသာရပ္ကြက္အတြင္းတြင္ လည္းေကာင္း၊ ည ၈ နာရီ ၁၅ အခ်ိန္ မင္းခန႔္အား သိပၸံလမ္းႏွင့္ ၅၆ လမ္းေထာင့္အနီးတြင္လည္းေကာင္း ဖမ္းဆီး ရမိခဲ့သည္။

ဖမ္းဆီးရမိေသာ မင္းခန႔္ႏွင့္ ေက်ာ္ေက်ာ္(ခ)ကုလားေလးတို႔ ႏွစ္ဦးအား အေသးစိတ္စစ္ေဆးခဲ့ရာ ခိုးယူလာ ေသာ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္မ်ားအား ေတာင္သမန္ကန္ပတ္ လမ္း၏ အေနာက္ဘက္ xxxxx ဆိုင္တြင္လည္း ေရာင္းခ်ခဲ့ေၾကာင္း ထြက္ဆိုသျဖင့္ သြားေရာက္ သိမ္းဆည္းရာ အမႈမွေပ်ာက္ဆုံး၍ သိမ္းဆည္းရန္က်န္ေသာ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္(၅)ဆူအျပင္ ျမင္းၿခံၿမိဳ႕နယ္ႏွင့္ တံတားဦးၿမိဳ႕နယ္အတြင္း အျခားေက်း႐ြာမ်ားရွိ ဘုန္းႀကီးေက်ာင္းမ်ားမွ ခိုးယူရရွိလာသည့္ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္ (၁၁)ဆူအား သိမ္းဆည္းရမိသျဖင့္ ရဲစခန္းအသီးသီးတြင္ အမႈဖြင့္ အေရးယူေဆာင္႐ြက္ထားေၾကာင္း မႏၲေလးတိုင္းရဲတပ္ဖြဲ႕မွ ထုတ္ျပန္ေၾကညာထားသည္။

#PeopleMedia

(unicode)
နှစ်ပေါင်း ၁၅၀ ခန့်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ၁၁ ဆူအား ခိုးယူရောင်းချခဲ့သည့် အမျိုးသား ၆ ဦးအား ဖမ်းဆီးရမိ
…………………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်နှင့် တံတားဦးမြို့နယ်များရှိ ကျေးရွာဘုန်းကြီးကျောင်းများမှ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် ၁၁ ဆူအား ခိုးယူရောင်းချခဲ့သည့် အမျိုးသား ၆ ဦးအား တိုင်းမှုခင်းအကူဌာနစိတ်မှ ဖမ်းဆီး ရမိခဲ့ကြောင်း မန္တလေးရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၄ ရက်နေ့ ၂ နာရီအချိန်ခန့်တွင် ကျပ်ပြင် ကျေးရွာ၊ သိပ္ပမ ဉ္ဇူကျောင်းဝန်း အတွင်းရှိ သီးခြား ဂန္ဓကု ဋိတိုက်အတွင်း ကိုးကွယ်ထားရှိသော လွန်ခဲ့သောနှစ်ပေါင်း (၁၅၀) ခန့်က တည်ထား ကိုးကွယ်သော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်(၈)ဆူ ပျောက်ဆုံးသွားသဖြင့် စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ကျေးရွာ ဂေါပက ဥက္ကဋ္ဌမှ တိုင်တန်း၍ ချောင်းခွနယ်မြေရဲစခန်း (ပ)၅၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြပါရှိသည်။

ဆက်လက်ပြီး တိုင်းမှုခင်းအကူဌာနစိတ် တာဝန်ခံနှင့်တပ်ဖွဲ့ဝင်များသည် ဘုရားအခိုးခံရမှုနှင့်ပတ်သက်၍ တရားခံဖမ်းဆီးရမိရေးအတွက် အသွင်ယူစုံစမ်းခဲ့ရာ ပျောက်ဆုံးဘုရားဆင်းတုတော်(၈)ဆူအနက် (၃)ဆူမှာ မိတ္ထီလာမြို့တွင် နေထိုင်သည့် ဦးဝင်းမြင့်ဆိုသူထံတွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ၁၉-၁၁-၂၀၂၀ ရက်နေ့ ညနေ ၁ နာရီခွဲအချိန် မိတ္ထီလာခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ နှင့်အတူ မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်နေ ဦးဝင်းမြင့်(၅၇)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဦးဝင်းမြင့်အား အမှုမှ ပျောက်ဆုံးသွားသည့် ဘုရားဆင်းတုတော်(၃)ဆူနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့နောက် ဦးဝင်းမြင့်အား ရဲစခန်းသို့ခေါ်ဆောင်၍ အသေးစိတ်စစ်ဆေးရာ ၁၅-၁၁-၂၀၂၀ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က လှိုင်မင်း မှ ဖုန်းဆက်ပြီး ဘုရားဆင်းတုတော်(၃)ဆူ ရောင်းလိုကြောင်းပြောရာမဝယ်လို ကြောင်းငြင်းဆန်ခဲ့ကြောင်း၊ မန္တလေးမြို့တွင် နေထိုင်သည်ဟုသိရသည့် ဦးမောင်မှ ဘုရားဆင်းတုတော်(၃)ဆူ ရောင်းလိုကြောင်း ဖုန်းဆက်ပြီး ၁၆-၁၁-၂၀၂၀ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ဆိုင်ကယ်ဖြင့် ရောက်ရှိ လာကာ ဗုဒ္ဓရုပ်ပွားတော်(၃) ဆူအား ငွေကျပ်(၁၄)သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုအရသိရှိ ရကြောင်း ဖော်ပြပါရှိသည်။

ဦးဝင်းမြင့်၏ ထွက်ဆိုချက်အရ လှိုင်မင်း(ခ)ကျော်သူအား ဖမ်းဆီးရမိရေး အသွင်ယူ သတင်းစုံစမ်းခဲ့ရာ မန္တလေးမြို့တွင်ရောက်ရှိနေကြောင်းသတင်းအရ ၂၀-၁၁-၂၀၂၀ ရက်နေ့ည ၈ နာရီ ၄၅ အချိန် ချမ်းမြ သာစည်မြို့နယ်၊ ဘုရားကြီးအရှေ့မုဒ်အနီးတွင် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးရမိခဲ့ပြီး ဦးဝင်းမြင့်နှင့် လှိုင်မင်း(ခ) ကျော်သူတို့၏ ထွက်ဆိုချက်များအရ တရားခံတစ်ဦးဖြစ်သူ ဦးမောင်(ခ)ဦးမောင်မောင်အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၉-၁၁-၂၀၂၀ ရက်နေ့ နေ့လည် ၂ နာရီ ၁၅ အချိန့် ဦးမောင်(ခ) ဦးမောင်မောင် အား ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအနီး၊ သံဃာ့ဆေးရုံ အနောက်ဘက်အပေါက်အနီး ဆိုင်ကယ်ဖြင့် ထွက်ပြေးမည်ပြုစဉ် လုံးထွေးဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသော ဦးဝင်းမြင့်၊ လှိုင်မင်း(ခ)ကျော်သူ၊ ဦးမောင်(ခ)ဦးမောင်မောင် တို့အား စစ်ဆေး ချက်များအရ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ခိုးယူသူများမှာ မင်းခန့်နှင့် ကျော်ကျော်(ခ)ကုလားလေး ဆိုသူတို့ (၂)ဦးဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၉-၁၁-၂၀၂၀ ရက်နေ့ ညနေ ၄ နာရီ ၁၅ အချိန်တွင် ကျော်ကျော်(ခ)ကုလားလေးအား အောင်ချမ်းသာရပ်ကွက်အတွင်းတွင် လည်းကောင်း၊ ည ၈ နာရီ ၁၅ အချိန် မင်းခန့်အား သိပ္ပံလမ်းနှင့် ၅၆ လမ်းထောင့်အနီးတွင်လည်းကောင်း ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသော မင်းခန့်နှင့် ကျော်ကျော်(ခ)ကုလားလေးတို့ နှစ်ဦးအား အသေးစိတ်စစ်ဆေးခဲ့ရာ ခိုးယူလာ သော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များအား တောင်သမန်ကန်ပတ် လမ်း၏ အနောက်ဘက် xxxxx ဆိုင်တွင်လည်း ရောင်းချခဲ့ကြောင်း ထွက်ဆိုသဖြင့် သွားရောက် သိမ်းဆည်းရာ အမှုမှပျောက်ဆုံး၍ သိမ်းဆည်းရန်ကျန်သော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်(၅)ဆူအပြင် မြင်းခြံမြို့နယ်နှင့် တံတားဦးမြို့နယ်အတွင်း အခြားကျေးရွာများရှိ ဘုန်းကြီးကျောင်းများမှ ခိုးယူရရှိလာသည့် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် (၁၁)ဆူအား သိမ်းဆည်းရမိသဖြင့် ရဲစခန်းအသီးသီးတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။

#PeopleMedia


Share this post