• Follow Us on

Home နှစ်ပေါင်း (၂၅) နှစ်တိုင် ဖွင့်လှစ်ခဲ့သည့် Savoy Hotel Yangon အပြီးပိုင် ပိတ်သိမ်းတော့မည်

နှစ်ပေါင်း (၂၅) နှစ်တိုင် ဖွင့်လှစ်ခဲ့သည့် Savoy Hotel Yangon အပြီးပိုင် ပိတ်သိမ်းတော့မည်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (People Media)

 

ရန်ကုန်မြို့၊ ဓမ္မစေတီးလမ်း၌ ဖွင့်လှစ်ထားသည့် Savoy Hotel Yangon ကို အပြီးပိုင် ပိတ်သိမ်းတော့မည် ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၁ ရက်တွင် အဆိုပါဟိုတယ်၏ လူမှုကွန်ယက်စာမျက်နှာ၌ ကြေညာထားသည်။

 

ဟိုတယ်သည် မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၂၅ နှစ်တိုင် ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဖြစ်သည်။ ဟိုတယ်ဧည့်သည်များ တည်းခိုခြင်း၊ ကျွန်တော်တို့ စားသောက်ဆိုင်များနှင့် Captains Bar ကို လာရောက်လည်ပတ်ခြင်း၊ ပွဲများခံစား ခြင်းနှင့် ပျော်ရွှင်ဖွယ်အခိုက်အတန့်များကို မျှဝေခြင်းတို့အတွက် ကျေးဇူးတင်ကြောင်း ကြေညာထားသည်။

 

Savoy Hotel Yangon သည် ကိုလိုနီခေတ် ဗိသုကာလက်ရာများဖြင့် ခမ်းနာစွာဆောက်လုပ်ထားသည့် နိုင်ငံ တကာအဆင့်မီဟိုတယ်တစ်ခုဖြစ်ပြီး၊ ယင်းဟိုတယ်တွင် အခန်းပေါင်း ၃၀ နှင့် ခန်းမကျယ် ၆ ခန်းပါဝင်ပြီး ဇိမ်ခံ ပစ္စည်းများစွာ ထည့်သွင်းထားသည့် ဟိုတယ်တစ်ခုဖြစ်သည်။

 

#PeopleMedia #SavoyHotelYangon

 

(unicode)


…………………………………………………………

 


 


 


 


 

#PeopleMedia #SavoyHotelYangon


Share this post