• Follow Us on

Home နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေသည့်ကြားမှ တရုတ်နှင့် အမေရိကန် စစ်ဘက်ရေးရာဆွေးနွေးပွဲပြုလုပ်

နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေသည့်ကြားမှ တရုတ်နှင့် အမေရိကန် စစ်ဘက်ရေးရာဆွေးနွေးပွဲပြုလုပ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁ (People Media)

 

နှစ်နိုင်ငံဆက်ဆံရေးဆက်လက်ကျဆင်းနေသည့်ကြားမှာ တိုးတက်မှုအနည်းငယ်ရရှိလာသည့်လက္ခဏာအဖြစ် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးဌာနအရာရှိများ နှစ်ရက်ကြာဆွေးနွေးပွဲ ကျင်းပခဲ့ ကြကြောင်းသိရသည်။

 

နှစ်ရက်ကြာ video conference အစည်းအဝေးကို စက်တင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ ရာ တရုတ်နိုင်ငံဘက်မှ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နိုင်ငံတကာစစ်ဘက်ရေးရာပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဟျောင်ရှဲဖျီဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန် ဘက်မှ ကာကွယ်ရေးဝန်ကြီးဌာန တရုတ်ရေးရာဒုလက်ထောက်အတွင်းဝန် မိုက်ကယ်ချက်စ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့ကြသည်။

 

တရုတ်နှင့် အမေရိကန် ကိုယ်စားလှယ်များသည် နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံတပ်မတော်များဆက်ဆံရေးနှင့် နှစ်နိုင်ငံစိုးရိမ်ပူပန်မှုပြဿနာများအကြောင်းကို အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုဠ် ဝူးကျီယန်က စက်တင်ဘာလ ၃၀ ရက်နေ့ကပြောသည်။

 

သို့သော် နှစ်နိုင်ငံတပ်မတော်များကြားတွင် အတော်အတန်ကြီးမားသောအခက်အခဲပြဿနာများနှင့် စိန်ခေါ်မှု များအတွက် အမေရိကန်က တရုတ်နိုင်ငံအပေါ် ပြုလုပ်နေသည့် “စဉ်ဆက်မပြတ်ရန်စနေခြင်းနှင့် ကန့်သတ် ထိန်းချုပ်နေခြင်း” တို့ အတွက် ဝူးကျီယန်က ပြစ်တင်ပြောဆိုလိုက်သည်။

 

“တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှု၊ ဂုဏ်သိက္ခာနဲ့ အဓိကအကျိုးစီးပွားတို့ဟာ ဘာကိုမှမချိုးဖောက်ခဲ့ပါ ဘူး။ နှစ်နိုင်ငံတပ်မတော်တွေကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီးပြောရရင် နှစ်နိုင်ငံဆက်ဆံရေးကို ကျွန်တော် တို့ ကြိုဆိုပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ မတူကွဲပြားမှုတွေကို ရင်ဆိုင်ရေး၊ အကျပ်ကိုင်မှုကို ဆန့် ကျင်ရေး ဒါတွေကို ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု လပတ်အစည်းအဝေးတွင် ဝူးကျီယန်ကပြောသည်။

 

အဆိုပါဆွေးနွေးမှုသည် တရုတ်နိုင်ငံနှင့် ဆက်သွယ်ရေးလမ်းကြောင်းများဖွင့်လှစ်ထားသည်ကို ဆက်လက် ထိန်းသိမ်းထားရင်း အမေရိကန်နှင့် တရုတ်နိုင်ငံကြား ပြိုင်ဆိုင်မှုများကို တာဝန်သိသိ ကိုင်တွယ်ဆောင်ရွက်ရန် ဘိုင်ဒန်-ဟားရစ် အစိုးရ (အမေရိကန်အစိုးရ) ၏ လက်ရှိဆောင်ရွက်နေသော ကြိုးပမ်းအားထုတ်မှုများထဲမှ အ ရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူးကြီးမာတင်မိုင်နာက ဝါရှင်တန်မှထုတ်ပြန်ကြေညာချက်တွင်ပြောဆိုခဲ့သည်။

 

ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံကိုယ်စားလှယ်များသည် ပြဿနာများကို ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း အ သေးစိတ်ဆွေးနွေးခဲ့ကြကြောင်း ဝူးကျီယန်ကပြောသည်။

 

Ref: China, US in talks on military relations amid strained ties

 

#PeopleMedia

 

(unicode)


………………………………………………………………………………

 


 


 


 


 


 


 


 


 

Ref: China, US in talks on military relations amid strained ties

 

#PeopleMedia


Share this post