• Follow Us on
Latest News

Home နှစ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှုနှင့် နှစ်ဖက်ပူးတွဲအားထုတ်မှုများကြောင့် မြန်မာရုရှားနှစ်နိုင်ငံဆက် ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်အမြင့်ဆုံးသို့ရောက်နေဟု နစကဒုဥက္ကဋ္ဌပြောကြား

နှစ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှုနှင့် နှစ်ဖက်ပူးတွဲအားထုတ်မှုများကြောင့် မြန်မာရုရှားနှစ်နိုင်ငံဆက် ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်အမြင့်ဆုံးသို့ရောက်နေဟု နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

နှစ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှုနှင့် နှစ်ဖက်ပူးတွဲအားထုတ်မှုများကြောင့် မြန်မာ-ရုရှားနှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ယနေ့အချိန်တွင် အမြင့်ဆုံးသို့ ရောက်ရှိနေပြီဟု မိမိတို့ အနေဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားနိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

 

မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌက တက်ရောက်အမှာစကားပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကို ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထူထောင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ အကြား ဆက်ဆံရေး သည် ခိုင်မာသထက် ခိုင်မာလျက်ရှိပြီး နှစ်နိုင်ငံလုံးအနေဖြင့် ရင်းနှီးချစ်ကြည်ပြီး နီး ကပ်သည့် ဆက်ဆံရေးအား တန်ဖိုးထားထိန်းသိမ်းနိုင်ခဲ့သည်ကို တွေ့မြင်ရကြောင်း၊ ယင်းကာလ တစ် လျှောက်တွင် ရုရှားနိုင်ငံက မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာတွင် အစဉ်တစိုက် ထောက်ခံ အားပေးခဲ့သည့်အပေါ်တွင်လည်း မိမိတို့အနေဖြင့် တန်ဖိုးထားပါကြောင်း ပြောသည်။

 

“၂၀၂၁ ခုနှစ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်တွေကို စတင်တာဝန်ယူချိန် မှာ မြန်မာ-ရုရှား ဆက်ဆံရေးဟာ သိသာထင်ရှားစွာ တိုးတက်လာတာကိုလည်း ကျွန်တော်အနေနဲ့ ဝမ်းမြောက် ဖွယ် တွေ့မြင်ရပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အမြော်အမြင်ရှိမှုနဲ့ နှစ်ဖက်ပူးတွဲ အားထုတ်မှုတွေကြောင့် မြန်မာ-ရုရှားနှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒီနေ့အချိန်မှာ အမြင့်ဆုံးကို ရောက် ရှိ နေပြီလို့ ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားနိုင်ပြီဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား ကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုယန္တရားတွေဟာလည်း ရှိရင်းစွဲချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးအပေါ်မှာ နားလည်မှုနဲ့ ယုံကြည်မှုတွေ ပိုမိုဖြစ်ထွန်းစေခဲ့ပြီး နှစ်နိုင်ငံနဲ့ ပြည်သူတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ချဲ့ထွင်နိုင်စေမယ်လို့ ယုံကြည်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နှစ်နိုင်ငံအတွက် အကျိုးစီးပွား ရလဒ်ကောင်းများကို ထပ်လောင်းဖော်ဆောင်ပေးမည့် အနာဂတ်ပူးပေါင်း ဆောင်ရွက်ရေးနယ်ပယ် အလားအလာသစ်များ ရှိဆဲဖြစ် သည်ဟုလည်း မိမိအနေဖြင့် ခိုင်မာစွာ ယုံကြည် ပါကြောင်း၊ ယင်း အလားအလာများကို အပြည့်အဝ ဖော်ထုတ်အကောင်အထည်ဖော်ရန် ရုရှားနိုင်ငံ စိန့်ပီ တာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများကို မကြာမီကာလတွင် ဖွင့်လှစ်နိုင်ရေး အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုရှားနိုင်ငံတွင် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးသစ်များ ဖွင့်လှစ်နိုင်ခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင့်မားသည် အဆင့် တစ်ဆင့်သို့ ရောက်ရှိစေရေးအတွက် မိမိတို့၏ ပူးတွဲကြိုးပမ်းမှုများကို သိသိသာသာ အထောက်အကူဖြစ်စေ မည်ဟု ယုံကြည်ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post