• Follow Us on

Home ႏွစ္ႏိုင္ငံ နယ္စပ္ေဒသလုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး၊ မူးယစ္ေဆးဝါးႏွိမ္နင္းေရးႏွင့္ နယ္စပ္ေဒသစီမံခံခန္႔ခြဲအုပ္ခ်ဳပ္ေနသည့္ အဖြဲ႕မ်ားအၾကား ဆက္သြယ္ေဆာင္ရြက္မႈ တိုးျမႇင့္ေဆာင္ရြက္ရန္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီ ေတြ႕ဆုံေဆြးေႏြး

ႏွစ္ႏိုင္ငံ နယ္စပ္ေဒသလုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး၊ မူးယစ္ေဆးဝါးႏွိမ္နင္းေရးႏွင့္ နယ္စပ္ေဒသစီမံခံခန္႔ခြဲအုပ္ခ်ဳပ္ေနသည့္ အဖြဲ႕မ်ားအၾကား ဆက္သြယ္ေဆာင္ရြက္မႈ တိုးျမႇင့္ေဆာင္ရြက္ရန္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီ ေတြ႕ဆုံေဆြးေႏြး

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၃

ႏွစ္ႏိုင္ငံ နယ္စပ္ေဒသလုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး၊ မူးယစ္ေဆးဝါးႏွိမ္နင္းေရးႏွင့္ နယ္စပ္ေဒသစီမခံခန္႔ခြဲအုပ္ခ်ဳပ္ေနသည့္ အဖြဲ႕မ်ားအၾကား ဆက္သြယ္ေဆာင္ရြက္မႈ တိုးျမႇင့္ေဆာင္ရြက္ရန္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီ ေတြ႕ဆုံေဆြးေႏြးခဲ့သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္မွ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ ႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕၀င္ H.E.Mr.Yang Jiechi ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား စက္တင္ဘာ ၂ ရက္ေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္၊ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါေတြ႕ဆုံပြဲတြင္ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသလုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးတို႔တြင္ တပ္မေတာ္ႏွစ္ရပ္အၾကား သတင္းအခ်က္အလက္မ်ား ဖလွယ္ကာ အတူတကြ ပူးေပါင္းလက္တြဲေဆာင္ရြက္သြားရန္ႏွင့္ ႏွစ္ႏိုင္ငံနယ္စပ္ေဒသ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအၾကားႏွင့္ နယ္စပ္ေဒသစီမံခန္႔ခြဲအုပ္ခ်ဳပ္ေနသည့္ အဖြဲ႕မ်ားအၾကား အခ်င္းခ်င္းအျပန္အလွန္ ဆက္သြယ္ေဆာင္ရြက္မႈမ်ား တိုးျမႇင့္ေဆာင္ရြက္သြားရန္ႏွင့္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္းေရး ရရွိရန္ အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဉ္မ်ား၏ အေျခခံမူျဖစ္သည့္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA တြင္ ပါဝင္လက္မွတ္ေရးထိုးရန္ လိုအပ္ၿပီး ဆက္လက္ေဆာင္ရြက္ရမည့္ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဉ္မ်ားတြင္ ျပည့္ျပည့္၀၀ ပါဝင္ေလွ်ာက္လွမ္းရန္လိုအပ္သည့္ အေျခအေနမ်ား၊ ပစ္ခတ္တိုက္ခိုက္ မႈရပ္စဲေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံေတာ္မွ အၾကမ္းဖက္ဟု သတ္မွတ္ ေၾကညာထားေသာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိသည့္ ေနရာမ်ားမွအပ က်န္ေနရာမ်ားတြင္ စက္တင္ဘာလ ၃၀ ရက္အထိ စစ္ေရးဆိုင္ရာလႈပ္ရွားမႈမ်ားကို ရပ္ဆိုင္းေပးထားသည့္ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ၾကသည္။

ဆက္လက္ၿပီး ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီေရြးေကာက္ပြဲ ေအာင္ျမင္စြာ က်င္းပႏိုင္ေရးႏွင့္ လြတ္လပ္၍တရားမွ်တသည့္ ေရြးေကာက္ပြဲျဖစ္ရန္ လိုအပ္သည့္ အေျခ အေနမ်ားအား ေဆြးေႏြးခဲ့ၾကသည္။

ယင္းေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုးဝင္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ့သမၼတႏိုင္ငံ၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္ႏွင့္အတူ အဆင့္ျမင့္အရာရွိႀကီးမ်ားႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ အမတ္ႀကီး Mr. Chen Hai တို႔ တက္ေရာက္ခဲ့ၾကသည္။

#PeopleMedia #တ႐ုတ္ #ျမန္မာ

(unicode)
နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် နယ်စပ်ဒေသစီမံခံခန့်ခွဲအုပ်ချုပ်နေသည့် အဖွဲ့များအကြား ဆက်သွယ်ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ တွေ့ဆုံဆွေးနွေး
…………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၃

နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် နယ်စပ်ဒေသစီမခံခန့်ခွဲအုပ်ချုပ်နေသည့် အဖွဲ့များအကြား ဆက်သွယ်ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ တွေ့ဆုံဆွေးနွေးခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် H.E.Mr.Yang Jiechi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့တွင် တပ်မတော်နှစ်ရပ်အကြား သတင်းအချက်အလက်များ ဖလှယ်ကာ အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ဝင်များအကြားနှင့် နယ်စပ်ဒေသစီမံခန့်ခွဲအုပ်ချုပ်နေသည့် အဖွဲ့များအကြား အချင်းချင်းအပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန် အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အခြေခံမူဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်ပြီး ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် ပြည့်ပြည့်၀၀ ပါဝင်လျှောက်လှမ်းရန်လိုအပ်သည့် အခြေအနေများ၊ ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နေရာများတွင် စက်တင်ဘာလ ၃၀ ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည့် အခြေ အနေများအား ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး Mr. Chen Hai တို့ တက်ရောက်ခဲ့ကြသည်။

#PeopleMedia #တရုတ် #မြန်မာ


Share this post