• Follow Us on

Home နှစ် ၈၀ သက်တမ်းရှိ မလေးရှားသတင်းစာ ဖတ်ရှုသူနှင့် ကြေငြာကျ ဆင်းလာ၍ ရပ်ဆိုင်း

နှစ် ၈၀ သက်တမ်းရှိ မလေးရှားသတင်းစာ ဖတ်ရှုသူနှင့် ကြေငြာကျ ဆင်းလာ၍ ရပ်ဆိုင်း

Share this post

မလေးရှားနိုင်ငံက မလေးဘာသာစကားနဲ့ ထုတ်ဝေလျက်ရှိတဲ့ နှစ် ၈၀ သက်တမ်းရှိတဲ့ Utusan သတင်းစာထုတ်ဝေမှုကို အောက်တိုဘာ ၉ ရက်နေ့မှာ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ဖတ်ရှုသူနဲ့ ကြေငြာဝင်ငွေရရှိမှု နည်းပါးလာတာကြောင့် အခုလို ထုတ်ဝေမှုကို ရပ်ဆိုင်းလိုက်တာလို့ သိရပါတယ်။

Utusan သတင်းစာရပ်ဆိုင်းလိုက်တဲ့အတွက် ၀န်ထမ်း ၈၀၀ ကျော်ဟာ အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။ Utusan သတင်းစာကို ဗြိတိသျှကိုလိုနီ လက်ထက် ၁၉၃၉ ခုနှစ်မှာ စင်ကာပူနိုင်ငံရဲ့ ပထမဦးဆုံးသမ္မတဖြစ် လာမယ့် ယူဆော့ဖ်အိစ်ဟက တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Utusan သတင်းစာဟာ လွတ်လပ်ရေးရပြီးနောက် မလေးရှားနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ UMNO ပါတီဖွဲ့စည်းနိုင်ရေးအတွက် အရေးပါတဲ့ အခန်း ကဏ္ဍက ပါဝင်ခဲ့တဲ့ သတင်းစာတစ်စောင်လည်းဖြစ်ပါတယ်။

Ref; Bangkok Post


Share this post