• Follow Us on

Home ႏွာေခါင္းစည္းမဝတ္ဘဲ ဆဲလ္ဖီဓာတ္ပုံရိုက္သည့္ ခ်ီလီသမၼတ ေဒၚလာ ၃၅၀၀ ဒဏ္ရိုက္ခံရ

ႏွာေခါင္းစည္းမဝတ္ဘဲ ဆဲလ္ဖီဓာတ္ပုံရိုက္သည့္ ခ်ီလီသမၼတ ေဒၚလာ ၃၅၀၀ ဒဏ္ရိုက္ခံရ

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ႏွာေခါင္းစည္း တပ္ဆင္ထားျခင္းမရွိေသာ ဆယ္လ္ဖီဓာတ္ပုံတစ္ပုံကို တြစ္တာလူမႈကြန္ရက္၌တင္ကာ ကိုရိုနာဗိုင္းရပ္စ္ စည္းမ်ဥ္းမ်ား ခ်ိဳးေဖာက္ခဲ့သည့္ ခ်ီလီသမၼတ ဆီဘတ္ရွန္ပင္နီရာအား ေဒၚလာ ၃၅၀၀ ဒဏ္ရိုက္ခဲ့ေၾကာင္း သိရသည္။
 
ယခုလအတြင္း ႏွာေခါင္းစည္း ဝတ္ဆင္ထားျခင္းမရွိသည့္ အမ်ိဳးသမီးတစ္ဦးႏွင့္ အတူရိုက္ထားသည့္ ဓာတ္ပုံတစ္ပုံ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ့သြားၿပီးေနာက္ သမၼတ ဆီဘတ္ရွန္က ေတာင္းပန္ခဲ့သည္။
 
ေမြးရပ္ေၿမ ကာခ်ာဂြာၿမိဳ႕အနီးရွိ ကမ္းေျခတစ္ခု၌ ဓာတ္ပုံရိုက္ရန္ အမ်ိဳးသမီးက ေတာင္းဆိုခဲ့ခ်ိန္တြင္ သူ႔ အေနျဖင့္ ႏွာေခါင္းစည္း တပ္ဆင္သင့္ခဲ့ေၾကာင္း ၄င္းက ေျပာသည္။
 
အမ်ားျပည္သူႏွင့္သက္ဆိုင္ေသာေနရာမ်ား၌ ႏွာေခါင္းစည္း ဝတ္ဆင္ေရးႏွင့္ပတ္သက္၍ ခ်ီလီနိုင္ငံက တင္းက်ပ္ေသာစည္းမ်ဥ္းမ်ား သတ္မွတ္ထားသည္။ ႏွာေခါင္းစည္းတပ္ဆင္မႈဥပေဒ ခ်ိဳးေဖာက္ပါက ဒဏ္ေၾကးအ ျပင္ ေထာင္ဒဏ္ပါ က်ခံရနိုင္သည္။
 
လက္တင္အေမရိကတိုက္၌ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈႏွင့္ ေသဆုံးမႈႏႈန္း အျမင့္မားဆုံး ခ်ီလီနိုင္ငံ၌ ဗိုင္း ရပ္စ္ကူးစက္မႈမ်ား ျမင့္တက္လ်က္ရွိသည္။
 
ခ်ီလီနိုင္ငံ၌ လက္ရွိအခ်ိန္ထိ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၅၈၁၁၃၅ ႏွင့္ ေသဆုံးသူ ၁၆၀၅၁ ဦးရွိေၾကာင္း ဂၽြန္ေဟာ့ကင္းတကၠသိုလ္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
 
ကိုးကား – ဘီဘီစီ
 
Ref; Chile’s president Sebastián Piñera fined $3,500 for no-mask selfie
 
(unicode)
နှာခေါင်းစည်းမဝတ်ဘဲ ဆဲလ်ဖီဓာတ်ပုံရိုက်သည့် ချီလီသမ္မတ ဒေါ်လာ ၃၅၀၀ ဒဏ်ရိုက်ခံရ
……………………………………………..
 
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသော ဆယ်လ်ဖီဓာတ်ပုံတစ်ပုံကို တွစ်တာလူမှုကွန်ရက်၌တင်ကာ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းများ ချိုးဖောက်ခဲ့သည့် ချီလီသမ္မတ ဆီဘတ်ရှန်ပင်နီရာအား ဒေါ်လာ ၃၅၀၀ ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။
 
ယခုလအတွင်း နှာခေါင်းစည်း ဝတ်ဆင်ထားခြင်းမရှိသည့် အမျိုးသမီးတစ်ဦးနှင့် အတူရိုက်ထားသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့သွားပြီးနောက် သမ္မတ ဆီဘတ်ရှန်က တောင်းပန်ခဲ့သည်။
 
မွေးရပ်မြေ ကာချာဂွာမြို့အနီးရှိ ကမ်းခြေတစ်ခု၌ ဓာတ်ပုံရိုက်ရန် အမျိုးသမီးက တောင်းဆိုခဲ့ချိန်တွင် သူ့ အနေဖြင့် နှာခေါင်းစည်း တပ်ဆင်သင့်ခဲ့ကြောင်း ၄င်းက ပြောသည်။
 
အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၌ နှာခေါင်းစည်း ဝတ်ဆင်ရေးနှင့်ပတ်သက်၍ ချီလီနိုင်ငံက တင်းကျပ်သောစည်းမျဉ်းများ သတ်မှတ်ထားသည်။ နှာခေါင်းစည်းတပ်ဆင်မှုဥပဒေ ချိုးဖောက်ပါက ဒဏ်ကြေးအ ပြင် ထောင်ဒဏ်ပါ ကျခံရနိုင်သည်။
 
လက်တင်အမေရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုနှုန်း အမြင့်မားဆုံး ချီလီနိုင်ငံ၌ ဗိုင်း ရပ်စ်ကူးစက်မှုများ မြင့်တက်လျက်ရှိသည်။
 
ချီလီနိုင်ငံ၌ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၅၈၁၁၃၅ နှင့် သေဆုံးသူ ၁၆၀၅၁ ဦးရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။
 
ကိုးကား – ဘီဘီစီ
 
Ref; Chile’s president Sebastián Piñera fined $3,500 for no-mask selfie

Share this post