• Follow Us on

Home ႏွာေခါင္းစည္းေတြတပ္ဖို႔ သေဘာတူတယ္လို႔ ထရမ့္ေျပာ

ႏွာေခါင္းစည္းေတြတပ္ဖို႔ သေဘာတူတယ္လို႔ ထရမ့္ေျပာ

Share this post

ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၂

လူအမ်ားၾကားမွာ ႏွာေခါင္းစည္းတပ္ဖို႔ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ဆန္႔က်င္ခဲ့တဲ့အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ႏွာ ေခါင္းစည္းေတြတပ္ဖို႔ လံုး၀သေဘာတူတယ္ဆိုၿပီး ေလသံေျပာင္းေျပာဆိုလိုက္ပါတယ္။

ႏွာေခါင္းစည္းေတြတပ္ရင္ သူဟာ Lone Ranger ႐ုပ္႐ွင္ဇာတ္ေကာင္နဲ႔တူသြားမယ္လို႔လည္း ႐ုပ္သံဇာတ္လမ္းေတြ႐ိုက္ကူးရာမွာ ပါ၀င္ဖူးတဲ့သမၼတထရမ့္က ေျပာပါတယ္။

ဒါေပမဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ COVID-19 ပ်ံ႕ႏွံ႔မႈဟန္႔တားဖို႔ ႏွာေခါင္းစည္းေတြနဲ႔မ်က္ႏွာအကာအကြယ္ေတြမျဖစ္မေန တပ္ဖို႔ အမိန္႔ေတာ့ထုတ္မွာမဟုတ္ဘူးလို႔ ထရမ့္ကေျပာပါတယ္။

အေမရိကန္မွာ တစ္ေန႔ကို ကူးစက္ခံရသူ ၅၂၀၀၀ ေက်ာ္႐ွိေနၿပီး အမ်ားဆံုးကူးစက္ခံေနရတဲ့စံခ်ိန္တင္ေနခ်ိန္မွာ ေရာဂါေပ်ာက္ ကြယ္သြားမယ္လို႔ ထရမ့္က ထပ္ၿပီးခန္႔မွန္းလိုက္ပါတယ္။

ထရမ့္ရဲ႕ရီပတ္ဘလစ္ကန္ပါတီကထိပ္တန္းပါတီ၀င္တစ္ေယာက္က ထရမ့္အေနနဲ႔ လူအမ်ားၾကားနမူနာတစ္ခုအေနနဲ႔ ႏွာေခါင္း စည္းတပ္သင့္တယ္လို႔ တိုက္တြန္းခဲ့ၿပီးေနာက္တစ္ရက္မွာ ထရမ့္က အခုလိုမွတ္ခ်က္ျပဳခဲ့တာပါ။

ဧၿပီမွာ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးဗဟိုဌာန(CDC)က လူအမ်ားၾကားသြားရင္ ႏွာေခါင္းစည္းေတြ၊ အ၀တ္ႏွာေခါင္းစည္းေတြ တပ္ၿပီး ေရာဂါကူးစက္မႈရပ္တန္႔ေအာင္လုပ္ဖို႔အႀကံျပဳခဲ့ေပမဲ့ သူကေတာ့ အဲဒီအေလ့အက်င့္ကိုလိုက္နာမွာမဟုတ္ဘူးလို႔ ထရမ့္ ကေျပာခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ဒီေန႔အထိဆိုရင္ ကူးစက္ခံရသူ ၂.၇ သန္းနဲ႔ ေသဆံုးသူ ၁၂၈၀၀၀ ေက်ာ္႐ွိေနၿပီလို႔ ကမာၻ႔ကပ္ေရာဂါ ကို လိုက္လံမွတ္တမ္းတင္ေနတဲ့ Johns Hopkins University ဂၽြန္ေဟာ့ကင္းတကၠသိုလ္ရဲ႕အခ်က္အလက္ေတြအရသိရပါတယ္။

Ref : Coronavirus: ‘I’m all for masks,’ says Trump in change of tone

#PeopleMedia

(unicode)
နှာခေါင်းစည်းတွေတပ်ဖို့ သဘောတူတယ်လို့ ထရမ့်ပြော
………………………………………

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၂

လူအများကြားမှာ နှာခေါင်းစည်းတပ်ဖို့ အချိန်တော်တော်ကြာအောင်ဆန့်ကျင်ခဲ့တဲ့အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှာ ခေါင်းစည်းတွေတပ်ဖို့ လုံးဝသဘောတူတယ်ဆိုပြီး လေသံပြောင်းပြောဆိုလိုက်ပါတယ်။

နှာခေါင်းစည်းတွေတပ်ရင် သူဟာ Lone Ranger ရုပ်ရှင်ဇာတ်ကောင်နဲ့တူသွားမယ်လို့လည်း ရုပ်သံဇာတ်လမ်းတွေရိုက်ကူးရာမှာ ပါဝင်ဖူးတဲ့သမ္မတထရမ့်က ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုရဲ့ COVID-19 ပျံ့နှံ့မှုဟန့်တားဖို့ နှာခေါင်းစည်းတွေနဲ့မျက်နှာအကာအကွယ်တွေမဖြစ်မနေ တပ်ဖို့ အမိန့်တော့ထုတ်မှာမဟုတ်ဘူးလို့ ထရမ့်ကပြောပါတယ်။

အမေရိကန်မှာ တစ်နေ့ကို ကူးစက်ခံရသူ ၅၂၀၀၀ ကျော်ရှိနေပြီး အများဆုံးကူးစက်ခံနေရတဲ့စံချိန်တင်နေချိန်မှာ ရောဂါပျောက် ကွယ်သွားမယ်လို့ ထရမ့်က ထပ်ပြီးခန့်မှန်းလိုက်ပါတယ်။

ထရမ့်ရဲ့ရီပတ်ဘလစ်ကန်ပါတီကထိပ်တန်းပါတီဝင်တစ်ယောက်က ထရမ့်အနေနဲ့ လူအများကြားနမူနာတစ်ခုအနေနဲ့ နှာခေါင်း စည်းတပ်သင့်တယ်လို့ တိုက်တွန်းခဲ့ပြီးနောက်တစ်ရက်မှာ ထရမ့်က အခုလိုမှတ်ချက်ပြုခဲ့တာပါ။

ဧပြီမှာ အမေရိကန်ရောဂါထိန်းချုပ်ရေးဗဟိုဌာန(CDC)က လူအများကြားသွားရင် နှာခေါင်းစည်းတွေ၊ အဝတ်နှာခေါင်းစည်းတွေ တပ်ပြီး ရောဂါကူးစက်မှုရပ်တန့်အောင်လုပ်ဖို့အကြံပြုခဲ့ပေမဲ့ သူကတော့ အဲဒီအလေ့အကျင့်ကိုလိုက်နာမှာမဟုတ်ဘူးလို့ ထရမ့် ကပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့အထိဆိုရင် ကူးစက်ခံရသူ ၂.၇ သန်းနဲ့ သေဆုံးသူ ၁၂၈၀၀၀ ကျော်ရှိနေပြီလို့ ကမ္ဘာ့ကပ်ရောဂါ ကို လိုက်လံမှတ်တမ်းတင်နေတဲ့ Johns Hopkins University ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့အချက်အလက်တွေအရသိရပါတယ်။

Ref : Coronavirus: ‘I’m all for masks,’ says Trump in change of tone

#PeopleMedia


Share this post