• Follow Us on

Home ရိုသင်ဂျာခေါင်းဆောင်မိုဟီဘူလာ ကော့ဘဇားတွင် သေနတ်ပစ်ခံရပြီး သေဆုံး

ရိုသင်ဂျာခေါင်းဆောင်မိုဟီဘူလာ ကော့ဘဇားတွင် သေနတ်ပစ်ခံရပြီး သေဆုံး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၃၀ (People Media)

 

ရိုသင်ဂျာခေါင်းဆောင် မိုဟာမက်မိုဟီဘူလာအား ကော့ဘဇားရှိ အမည်မသိအုပ်စုတစ်စုက သေနတ်ဖြင့် ပစ် ခတ်လုပ်ကြံ၍ သေဆုံးသွားပြီဖြစ်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ထုတ်မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

 

အတ်ခီယာဒေသ၊ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် ည ၈ နာရီခွဲက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အမှတ် ၁၄ လက်နက်ကိုင်ရဲတပ်ရင်း၏အကြီးအကဲ မိုဟာမက်နအီမူဟာကွီးက အတည်ပြုပြောကြားသည်။

 

ကနဦး၌ မိုဟာမက်မိုဟီဘူလာအား ဒေသတွင်းကျန်းမာရေးဆေးပေးခန်းသို့ခေါ်သွားပြီး နောက်ပိုင်းတွင် ကော့ ဘဇားခရိုင်ဆေးရုံကြီးသို့ခေါ်ဆောင်သွားရာ တာဝန်ကျဆရာဝန်က ၎င်းသေဆုံးကြောင်းအတည်ပြုပြောကြားခဲ့ သည်ဟု ရဲတပ်ရင်းအကြီးအကဲ မိုဟာမက်နအီမူဟာကွီးကပြောသည်။

 

မိုဟီဘူလာသည် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာလူမှုအဖွဲ့အစည်း (ARSPH) တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေစဉ်ကာလ ၂၀၁၉ ခုနှစ်တွင် မိခင်တိုင်းပြည်သို့ ပြန်လည်ပို့ဆောင်ရေးအစီ အစဉ်ပျက်ပြားသွားသည့်အချိန်တွင် နာမည်ကြီးလာသူတစ်ဦးဖြစ်သည်။

 

ကူတူပါလောင်ဒုက္ခသည်စခန်းရှိ အာရကန်ရိုဟင်ဂျာလူမှုအဖွဲ့အစည်း (ARSPH) သည် ကမ္ဘာ့အကြီးဆုံးဒုက္ခ သည်အဖွဲ့အစည်းကြီးဖြစ်ပြီး ရိုဟင်ဂျာလူထုခေါင်းဆောင်များအစည်းအဝေးကျင်းပပေးလေ့ရှိသည့်အဖွဲ့အစည်း လည်းဖြစ်သည်။

 

ကျောင်းဆရာတစ်ဦးဘဝမှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအဖြစ်ပြောင်းလဲလာခဲ့သည့် မိုဟီဘူလာသည် နိုင်ငံတကာအစည်းအဝေးများတွင် ထင်ရှားသောဒုက္ခသည်ခေါင်းဆောင်နှင့် ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ပေါ်ထွက် လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ထံသို့ ဘာသာရေးလွတ်လပ်ခွင့်နှင့် ပတ်သက် ပြီး သွားရောက်တွေ့ဆုံရန် ဒုက္ခသည်များ၏ကိုယ်စားလှယ်အဖြစ် ၎င်းအားရွေးချယ်ခဲ့သည်။ သမ္မတထရမ့်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအဖိနှိပ်ခံနေရပုံကို မိုဟီဘူလာက ရင်ဖွင့်ပြောဆိုခဲ့သည်။

 

အဆိုပါနှစ်တွင် ဒုက္ခသည် ၂၀၀,၀၀၀ စုဝေး၍ မြန်မာ့တပ်မတော်ကဖိနှိပ်ဖြိုခွင်းခဲ့သည့် ဒုတိယအကြိမ်နှစ်ပတ် လည်အခမ်းအနားကိုကျင်းပရာတွင် အခြားခေါင်းဆောင်များနှင့်အတူ ဦးဆောင်ခဲ့သည့် မိုဟီဘူလာမှာ ပြင်းပြင်း ထန်ထန်ဝေဖန်ခံခဲ့ရသည်။ အရေးအခင်းမှာ ငြိမ်းချမ်းစွာပြီးဆုံးသွားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ မှာ တုန်လှုပ်သွားခဲ့ပုံရသည်။

 

မိခင်နိုင်ငံသို့ပြန်လည်ပေါင်းစည်းရေးပျက်ကွက်သွားပြီးနောက် ဒုက္ခသည်များအပေါ်ချက်ချင်းဒဏ်ခတ်အရေးယူ သည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အာရကန်ရိုဟင်ဂျာလူမှုအဖွဲ့အစည်း (ARSPH) ကို ပိတ်ပစ်ခဲ့ သော်လည်း နောက်ပိုင်းတွင် ARSPH ရုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။

 

မိုဟီဘူလာ သေနတ်ပစ်ခံရပြီးသေဆုံးခဲ့သည်မှာ ဗုဒ္ဓဟူးနေ့ညပိုင်းဖြစ်သည်။ မိုဟီဘူလာ၏ အကြမ်းဖက်မှုကို ဆန့်ကျင်ခြင်းကြောင့် အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်မတော် ARSA စစ်သွေးကြွများနှင့် ၎င်းအဖွဲ့ကို ထောက်ခံသူများက မိုဟီဘူလာကို သတ်ဖြတ်ရန်ခြိမ်းခြောက်ခဲ့ကြောင်း ရိုဟင်ဂျာများကိုယ်စား လူ့အခွင့် အရေး လှုပ်ရှားသည့် NGO တစ်ခုဖြစ်သော Fortify Rights အဖွဲ့က ပြောသည်။

 

Ref: Rohingya leader Mohibullah gunned down in Cox’s Bazar

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Rohingya leader Mohibullah gunned down in Cox’s Bazar

 

#PeopleMedia


Share this post