• Follow Us on

Home ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း မငြိမ်သက်အောင် မြန်မာပြည်မှ လက်နက်များဝင်ရောက်နေကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးပြော

ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း မငြိမ်သက်အောင် မြန်မာပြည်မှ လက်နက်များဝင်ရောက်နေကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၅ (People Media)

 

ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် တည်ငြိမ်မှုမရှိအောင်ဖန်တီးရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် နည်းလမ်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံမှ လက်နက်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး အဆာဒူဇမန်ခန်းကမဲလ်က ပြောကြားလိုက်သည်။

 

သို့သော် ဒုက္ခသည်စခန်းအတွင်းရှိ တရားဥပဒေစိုးမိုးမှုအခြေအနေမှာ ကောင်းမွန်ကြောင်း၊ ရိုဟင်ဂျာဒုက္ခသည် ခေါင်းဆောင် မိုဟာမက်မိုဟစ်အူလာကိုသတ်ဖြတ်ခဲ့သည့် လူသတ်သမားများကို မကြာမီ တရားရုံးသို့ပို့ဆောင် မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

ကော့ဘဇားဒုက္ခသည်စခန်းများတစ်ဝိုက် ဒုက္ခသည်များကျူးလွန်သည့် ဓားပြမှုများနှင့် အခြားရာဇဝတ်မှုများ အ ကြောင်းကို မီဒီယာများတွင်မကြာခဏတွေ့နေရစဉ်အတွင်း ရိုဟင်ဂျာများ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်ကူးနေခြင်းမှာလည်း ရှင်းရခက်သောပြဿနာတစ်ရပ်ဖြစ်ကြောင်းသိရသည်။ သို့သော် ဒုက္ခသည်စခန်းတွင်း မိုဟစ်အူလာကို သတ်ဖြတ်ခဲ့ခြင်းမှာ နိုင်ငံတကာတွင် အုတ်အော်သောင်းတင်းဖြစ်ခဲ့ရသည်။

 

အဆိုပါလူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း အစိုးရ၏တရားဥပဒေစိုးမိုးရေး ထိန်း သိမ်းမှုနှင့် ပတ်သက်၍ မေးခွန်းမြန်းရာတွင် “ဒုက္ခသည်စခန်းတွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူးလို့ ပြော တာ မမှန်ပါဘူး။ အဲဒီဒုက္ခသည်စခန်းတွေမှာ တရားဥပေဒစိုးမိုးရေးလုပ်နေတဲ့တပ်ဖွဲ့တွေ အလုံအလောက်ရှိနေပါ တယ်။ တရားဥပဒေလည်း စိုးမိုးနေပါတယ်။” ဟု ကမဲလ်ကပြောသည်။

 

မိုဟစ်အူလာအသတ်ခံရမှုနှင့်ပတ်သက်၍ ၎င်းက “ဒီလိုသတ်ဖြတ်မှုမျိုးတွေ အရင်ကတည်းက ကျွန်တော်တို့မြင် ခဲ့ဖူးပါတယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မငြိမ်မသက်ဖြစ်အောင် နည်းလမ်းအမျိုးမျိုးအသုံးပြုပြီး မြန်မာနိုင် ငံထဲကနေ ဒီနေရာကို လက်နက်တွေဝင်လာနေတာပါ။ ဒုက္ခသည်စခန်းတွေမှာ သြဇာလွှမ်းမိုးခြယ်လှယ်ရေး တည်ဆောက်နိုင်ဖို့အတွက် လက်နက်ကိုင်အုပ်စုချင်း တိုက်ခိုက်ကြတာလည်း ကျွန်တော်တို့ မြင်ဖူးထားပြီးသား ပါ။” ဟု ပြောသည်။

 

“ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်အူလာအသတ်ခံရတာဟာ ရိုဟင်ဂျာတွေ အိမ်ပြန်မယ့်အရေးနဲ့ ဆက်စပ်နေတယ် ဗျ။ ကျွန်တော်ထင်တယ် … ဒီလူသတ်မှုကို ကျွန်တော်တို့စုံစမ်းစစ်ဆေးပြီး တကယ့်ပြဿနာ အရင်းအမြစ်ကိုရှာ ဖွေရမယ်လို့ထင်ပါတယ်။” ဟု ၎င်းကပြောသည်။

 

အလယ်အလတ်လမ်းစဉ်ရှိသော ရိုဟင်ဂျာလူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင် ရာ အာရကန်ရိုဟင်ဂျာလူမှုအဖွဲ့အစည်း၏ ဥက္ကဋ္ဌဖြစ်သူ မိုဟစ်အူလာကို ကော့ဘဇား ဒုက္ခသည်စခန်းတစ်ခု တွင် စက်တင်ဘာလ ၂၉ ရက်နေ့က အမည်မသိသေနတ်သမားက ပစ်သတ်ခဲ့သည်။

 

Ref: Arms are coming from Myanmar to destabilise Rohingya camps: minister

 

#PeopleMedia

 

(unicode)


……………………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Arms are coming from Myanmar to destabilise Rohingya camps: minister

 

#PeopleMedia


Share this post