• Follow Us on

Home ႐ုပ္ရွင္႐ုံမ်ား ၃ ပတ္အတြင္း ေစာင့္ၾကည့္ၿပီးေနာက္ က်န္းမာေရးအရျပင္ ဆင္ထားမႈစစ္ေဆးမႈျပဳလုပ္ၿပီးပါက ျပန္ လည္ဖြင့္လွစ္ခြင့္ေပးမည္

႐ုပ္ရွင္႐ုံမ်ား ၃ ပတ္အတြင္း ေစာင့္ၾကည့္ၿပီးေနာက္ က်န္းမာေရးအရျပင္ ဆင္ထားမႈစစ္ေဆးမႈျပဳလုပ္ၿပီးပါက ျပန္ လည္ဖြင့္လွစ္ခြင့္ေပးမည္

Share this post

ရန္ကုန္၊ ဇူလိုင္၂၈

႐ုပ္ရွင္႐ုံမ်ား ျပန္လည္ဖြင့္လွစ္ေရး ၃ ပတ္အတြင္း ေစာင့္ၾကည့္ကာ ႐ုပ္ရွင္႐ုံမ်ားျပင္ဆင္ထားမႈကို စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး ျပန္လည္ဖြင့္လွစ္ခြင့္ေပးမည္ဟု ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးကေျပာသည္။

COVID 19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးကာလတြင္ ႐ုပ္ရွင္လုပ္ငန္းမ်ား ျပန္လည္ လည္ပတ္ႏိုင္ေရးႏွင့္ စပ္ လ်ဥ္း၍ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔ တိုက္႐ိုက္ဆြးေႏြးသည့္စကားဝိုင္းတြင္ က်န္းမာေရးႏွင့္ အားကစား၀န္ ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးက ေျပာၾကားသည္။

“၃ ပတ္ေလာက္ေတာ့ ေစာင့္ၾကည့္ပါမယ္။ ၃ ပတ္အတြင္း ႐ုပ္ရွင္႐ုံမွာ ဘာေတြစီစဥ္ထားသလဲလာၾကည့္မယ္။ ၾကားထဲမွာ ျပည္သူေတြကလည္း MASK ၀တ္ျခင္း၊ လက္ေဆးျခင္း တစ္ၿပိဳင္နက္ထဲလုပ္ရမယ္။ ၾကားထဲမွာ ကူး စက္မႈလည္း အသစ္မရွိဘူး။ အေျခအေနလည္းေကာင္းတယ္ဆိုရင္ အေျခအေနေကာင္းတာနဲ႔ စဖြင့္လို႔ရေအာင္ လုပ္မွာပါ။ အျမန္ဆုံးျပန္ဖြင့္ႏိုင္ေအာင္ စီစဥ္ေပးပါမယ္” ၎ကေျပာသည္။

လက္ရွိတြင္ COVID 19 ကာလအတြင္း ႐ုပ္ရွင္႐ုံမ်ား ျပန္ၾကားေရး၀န္ႀကီးဌာနမွ ပိတ္ခိုင္းထားၿပီး ႐ုပ္ရွင္႐ုံမ်ား ျပန္လည္ဖြင့္လွစ္ပါက မူလ႐ုပ္ရွင္႐ုံတင္ဇာတ္ကားမ်ား ဆက္လက္ျပသမည္ျဖစ္ေၾကာင္းသိရသည္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၂ ရက္မွစတင္ကာ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ ကူးစက္ျပန္႔ပြားခဲ့ေသာ ကို႐ိုနာဗိုင္းရပ္စ္ပိုး သည္ ႏိုင္ငံေပါင္းရာႏွင့္ခ်ီ ကူးစက္ျပန္႔ပြားခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ ဇူလိုင္ ၂၆ ရက္အထိ ေရာဂါပိုးေတြ႕ရွိသူ ၃၅၀ ဦး ၊ ေသဆုံး၆ဦး၊ ေရာဂါပိုးျပန္လည္ကင္းစင္သူ ၂၉၂ ဦးျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ သိရ သည္။

လက္ရွိတြင္ COVID 19 ေရာဂါျဖစ္ပြားမႈမွာ ႏိုင္ငံအားလုံးစုစုေပါင္းမွ ဓါတ္ခြဲအတည္ျပဳလူနာ ဇူလိုင္ ၂၇ ရက္ အထိ ၁၅၇၈၅၆၄၁ ဦး၊ ေသဆုံးသူစုစုေပါင္း ၆၄၀၀၁၆ ဦးရွိေၾကာင္းသိရၿပီး ေသဆုံးမႈအျမင့္ဆုံးမွာ အေမရိကန္၊ ဘရာဇီး၊ အိႏၵိယႏွင့္ ႐ုရွားႏိုင္ငံတို႔ျဖစ္ေၾကာင္းသိရသည္။

#PeopleMedia

(unicode)
ရုပ်ရှင်ရုံများ ၃ ပတ်အတွင်း စောင့်ကြည့်ပြီးနောက် ကျန်းမာရေးအရပြင် ဆင်ထားမှုစစ်ဆေးမှုပြုလုပ်ပြီးပါက ပြန် လည်ဖွင့်လှစ်ခွင့်ပေးမည်
…………………………………………………

ရန်ကုန်၊ ဇူလိုင်၂၈

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ရေး ၃ ပတ်အတွင်း စောင့်ကြည့်ကာ ရုပ်ရှင်ရုံများပြင်ဆင်ထားမှုကို စစ်ဆေးမှုများ ပြုလုပ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။

COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် စပ် လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တိုက်ရိုက်ဆွးနွေးသည့်စကားဝိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“၃ ပတ်လောက်တော့ စောင့်ကြည့်ပါမယ်။ ၃ ပတ်အတွင်း ရုပ်ရှင်ရုံမှာ ဘာတွေစီစဉ်ထားသလဲလာကြည့်မယ်။ ကြားထဲမှာ ပြည်သူတွေကလည်း MASK ဝတ်ခြင်း၊ လက်ဆေးခြင်း တစ်ပြိုင်နက်ထဲလုပ်ရမယ်။ ကြားထဲမှာ ကူး စက်မှုလည်း အသစ်မရှိဘူး။ အခြေအနေလည်းကောင်းတယ်ဆိုရင် အခြေအနေကောင်းတာနဲ့ စဖွင့်လို့ရအောင် လုပ်မှာပါ။ အမြန်ဆုံးပြန်ဖွင့်နိုင်အောင် စီစဉ်ပေးပါမယ်” ၎င်းကပြောသည်။

လက်ရှိတွင် COVID 19 ကာလအတွင်း ရုပ်ရှင်ရုံများ ပြန်ကြားရေးဝန်ကြီးဌာနမှ ပိတ်ခိုင်းထားပြီး ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပါက မူလရုပ်ရှင်ရုံတင်ဇာတ်ကားများ ဆက်လက်ပြသမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ကူးစက်ပြန့်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပိုး သည် နိုင်ငံပေါင်းရာနှင့်ချီ ကူးစက်ပြန့်ပွားခဲ့ပြီး မြန်မာနိုင်ငံတွင် ဇူလိုင် ၂၆ ရက်အထိ ရောဂါပိုးတွေ့ရှိသူ ၃၅၀ ဦး ၊ သေဆုံး၆ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်သူ ၂၉၂ ဦးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရ သည်။

လက်ရှိတွင် COVID 19 ရောဂါဖြစ်ပွားမှုမှာ နိုင်ငံအားလုံးစုစုပေါင်းမှ ဓါတ်ခွဲအတည်ပြုလူနာ ဇူလိုင် ၂၇ ရက် အထိ ၁၅၇၈၅၆၄၁ ဦး၊ သေဆုံးသူစုစုပေါင်း ၆၄၀၀၁၆ ဦးရှိကြောင်းသိရပြီး သေဆုံးမှုအမြင့်ဆုံးမှာ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ဖြစ်ကြောင်းသိရသည်။

#PeopleMedia


Share this post