• Follow Us on

Home ရုရှားကို စစ်အင်အားပြသည့်အနေဖြင့် အမေရိကန်စစ်သည်များနှင့် စစ်လက်နက်ပစ္စည်းများ ပိုလန်နိုင်ငံသို့ ရောက်ရှိ

ရုရှားကို စစ်အင်အားပြသည့်အနေဖြင့် အမေရိကန်စစ်သည်များနှင့် စစ်လက်နက်ပစ္စည်းများ ပိုလန်နိုင်ငံသို့ ရောက်ရှိ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၅ (People Media)

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်လာပါက တားမြစ်နိုင်ရန် အဓိက စစ်အင်အားပြသသည့်အနေဖြင့် အရှေ့ဥရောပတွင် အမေရိကန်စစ်အင်အား ၃၀၀၀ တပ်ဖြန့်ချထားရာတွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် အမေရိ ကန်လေထီးစစ်သည်များ၊ သံချပ်ကာကားများနှင့် ဂျက်တိုက်လေယာဉ်များကို ဖေဖော်ဝါရီလ ၄ ရက်နေ့က စေ လွှတ်လိုက်ကြောင်းသိရသည်။

 

ရုရှားနိုင်ငံက ယူကရိန်းနယ်စပ်တစ်လျှောက် စစ်အင်အားတိုးချဲ့ တပ်ဖြန့်ချထားလျက်ရှိရာ အမေရိကန်နိုင်ငံက လည်း အင်အားပြင်းလက်နက်များကို အရှေ့ဥရောပသို့ ရွှေ့ပြောင်းနေကြောင်း ထုတ်ဖော်ပြသဖြင်းဖြစ်သည်။

 

အမေရိကန် အမှတ် ၈၂ လေကြောင်းချီတပ်မမှ စစ်သည်များ စတင်ရောက်ရှိလာသည်ကို တွေ့ရသလို အမှတ် ၁ ကြည်းတပ်အမျိုးသားလုံခြုံရေးတပ်ရင်းနှင့် အမှတ် ၁၈၅ ခြေလျင်တပ်ရင်းမှ ဘီးတပ်သံချပ်ကာတိုက်ခိုက်ရေး ယာဉ်များအပါအဝင် စစ်လက်နက်ပစ္စည်း ၂၀၀ ကျော်ကို ပိုလန်နိုင်ငံ Gdyna ဆိပ်ကမ်းတွင် သင်္ဘောပေါ်မှ ချ နေသည်ကို တွေ့ရသည်။

 

အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံမှ စစ်သည် ၂,၀၀၀ ကို ပိုလန်နိုင်ငံနှင့် ဂျာမနီနိုင်ငံသို့ စေလွှတ်ခဲ့ပြီး ဂျာ မနီနိုင်ငံတွင် တပ်စွဲထားသော အမေရိကန်စစ်သည် ၁,၀၀၀ ကို ရိုမေးနီးယားနိုင်ငံသို့ စေလွှတ်ခဲ့သည်။

 

အဆိုပါအမေရိကန်တပ်ဖွဲ့ဝင်များသည် နေတိုးအဖွဲ့စစ်ဆင်ရေးတစ်ခုတွင် ထောက်ပံ့ကူညီနေသောစစ်သည်များ အပါအဝင် ပိုလန်နိုင်ငံတစ်ဝန်း ဖြန့်ကျက်ထားသော စစ်သည်အင်အား ၄၀၀၀ နှင့် သွားရောက်ပူးပေါင်းမည်ဖြစ် သည်။ နေတိုးအဖွဲ့စစ်ဆင်ရေးပြုလုပ်နေသည့်နေရာမှာ ရုရှားကထိန်းချုပ်ထားသော ကာလီနင်ဂရက်ဒေသနှင့် မိုင် ၅၀ ခန့်သာဝေးကွာသည်။

 

အမေရိကန်စစ်သည်များနျင့် စစ်လက်နက်ပစ္စည်းများကို သယ်ဆောင်လာသော စစ်ဘက်ဆိုင်ရာသယ်ယူပို့ ဆောင်ရေးလေယာဉ်များကိုလည်း ပိုလန်နိုင်ငံတွင် ဆင်းသက်နေသည်ကို တွေ့မြင်နေရသည်။

 

ပင်တဂွန်စစ်ဌာနချုပ်က လိုအပ်သည့်အချိန်တွင် တပ်ဖြန့်ချထားနိုင်ရန် အမေရိကန်စစ်သည် ၈၅၀၀ ကို အမြင့် ဆုံးတပ်လှန့်ထားသည်။ လက်ရှိအချိန်တွင် နှစ်နိုင်ငံသဘောတူညီချက်နှင့် နေတိုးအဖွဲ့၏ ဖွဲ့စည်းပုံအရ ပိုလန် နိုင်ငံတွင် အမေရိကန်စစ်သည် အင်အား ၄,၅၀၀ ခန့် တပ်ဖြန့်ချထားသည်။

 

ရုရှားနိုင်ငံက ရုရှားတပ်ဖွဲ့ဝင်အင်အား ၁၀၀,၀၀၀ ကျော် ယူကရိန်းနယ်စပ်တွင် တပ်ဖြန့်ချထားသည့်တိုင် အမေရိ ကန်တပ်ဖြန့်ချထားမှုကို အဖျက်သဘောဆောင်သည့်လုပ်ရပ်အဖြစ် ပြောဆိုခဲ့သည်။

 

ရုရှား- ဘယ်လာရုစ် တပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၃၀၀၀၀ ခန့်သည် ဖေဖော်ဝါရီလ ၄ ရက် (သောကြာနေ့) က ဘယ်လာရုစ်နိုင်ငံတွင် စစ်ရေလေ့ကျင့်မှုများပြုလုပ်ခဲ့သည်။

 

သို့သော် ရုရှားနိုင်ငံသည် ၎င်းတို့၏လုံခြုံရေးတောင်းဆိုချက်များနှင့်ပတ်သက်၍ အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများကို သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နေဆဲဖြစ်သည်။

 

Rfe: American firepower lands in Poland as Senators call Ukraine tensions ‘Europe’s biggest threat since 1945’: First of 3,000 troops and armored vehicles fill bases after China backed Putin in NATO spat

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Rfe: American firepower lands in Poland as Senators call Ukraine tensions ‘Europe’s biggest threat since 1945’: First of 3,000 troops and armored vehicles fill bases after China backed Putin in NATO spat

 

#PeopleMedia


Share this post