• Follow Us on

Home ရုရှားကျူးကျော်စစ်ကို ပြင်းထန်စွာရှုတ်ချထားတဲ့ ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ရုရှားနိုင်ငံက ဗီတိုအာဏာသုံးပြီး ပယ်ချ

ရုရှားကျူးကျော်စစ်ကို ပြင်းထန်စွာရှုတ်ချထားတဲ့ ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ရုရှားနိုင်ငံက ဗီတိုအာဏာသုံးပြီး ပယ်ချ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆ (People Media)

 

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျာ်တိုက်ခဲ့တာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်စွာပြစ်တင်ရှုတ်ချ တဲ့ ဆုံးဖြတ်ချက်ကို ရုရှားနိုင်ငံက သောကြာနေ့က ဗီတိုအာဏာနဲ့ ပယ်ချလိုက်ပါတယ်။

 

အဲဒီဆုံးဖြတ်ချက် မဲခွဲ ဆုံးဖြတ်တဲ့အခါ တရုတ်၊ အိန္ဒိယနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံတို့က မဲမပေးဘဲနေခဲ့ကြပါ တယ်။

 

ကျန်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ နိုင်ငံကတော့ ထောက်ခံမဲပေးခဲ့ပြီး ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၉၃ နိုင်ငံရှိတဲ့ ကုသမဂ္ဂအထွေထွေညီလာခံကို တင်ပြဖို့ ခွင့်ပြုလိုက်ကြပါတယ်။

 

“ဒီဆုံးဖြတ်ချက်ကို လူကြီးမင်း ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အသံတွေကိုတော့ လူ ကြီးမင်း ဗီတိုအာဏာသုံးပြီး မပယ်ချနိုင်ပါဘူး။” လို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါ သော မတ်ဂရင်းဖီးလ်ဒ်က ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးကို ပြောကြားလိုက်ပါတယ်။ “ရှင် အမှန်တရားကို ဗီတိုအာဏာသုံးပြီး ပယ်ချလို့မရပါဘူး။ ကျွန်မတို့ရဲ့ မူဝါဒတွေကို ဗီတိုအာဏာနဲ့ ပယ်ချလို့ မရပါဘူး။ ယူကရိန်းပြည်သူတွေကို ဗီတိုအာဏာနဲ့ ပယ်ချလို့မရပါဘူး။ ကုလသမဂ္ဂပဋိညဉ်ကို ဗီတိုအာဏာသုံး ပြီး ပယ်ချလို့မရပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

အမေရိကန်နိုင်ငံဟာ စည်းနှောင်မှုမရှိတဲ့ဆုံးဖြတ်ချက် (ဥပဒေတစ်ရပ်ဖြစ်မလာတဲ့ဆုံးဖြတ်ချက်) ကို မူကြမ်း ရေးဆွဲနိုင်ဖို့အတွက် ကူညီခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဲဒီဆုံးဖြတ်ချက်ကို မှတ်တမ်းတင်ထားနိုင်ဖို့ မဲပေးခဲ့ပါတယ်။

 

ဆူဒန်နိုင်ငံမှ အေမင်အေဝက်ဒ်ကို ယူကရိန်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကျပ်အတည်းပေါင်းစပ်ညှိနှိုင်းရေးမှူး အဖြစ် ခန့်အပလိုက်ကြောင်း ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ကြေညာခဲ့ ပါတယ်။

 

အေမင်အေဝက်ဒ်ဟာ အရင်ကလည်း ဆီးရီးယားနဲ့ အီရတ် ပြည်တွင်းစစ်ပွဲတွေအတွင်းမှာ ကုလသမဂ္ဂ ဒေသ တွင်းဒုက္ခသည်များဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးနဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသတွေမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

 

Ref: Russia vetoes UN Security Council resolution that denounces its invasion of Ukraine

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Russia vetoes UN Security Council resolution that denounces its invasion of Ukraine

 

#PeopleMedia


Share this post