• Follow Us on

Home ရုရှားက ယူကရိန်းကို ကျူးကျော်လျှင် ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဘိုင်ဒန်က ဇီလန်စကီကို ပြော

ရုရှားက ယူကရိန်းကို ကျူးကျော်လျှင် ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဘိုင်ဒန်က ဇီလန်စကီကို ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃ (People Media)

 

ရုရှားနိုင်ငံက အနောက်တိုင်းကိုလိုလားသော ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မည်ဆိုပါက အမေရိကန်အစိုးရ အနေဖြင့် ပြင်းထန်စွာတုံ့ပြန်သွားမည်ဖြစ်သည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ယူကရိန်းသမ္မတ ဗိုလာဒီမာ ဇီလန်စကီကို တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂ ရက်) က အားပေးစကားပြောကြားခဲ့ကြောင်း အိမ်ဖြူတော်ထုတ်ပြန် ကြေညာချက်တွင်ဖော်ပြထားသည်။

 

ရုရှားတပ်ဖွဲ့များ ယူကရိန်းနယ်စပ်တွင် အင်အားအလုံးအရင်းစုဖွဲ့နေသောကြောင့် ရုရှားနိုင်ငံက ယူကရိန်းကိုကျူး ကျော်တိုက်ခိုက်လာပါက အမေရိကန်၊ မဟာမိတ်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများအနေဖြင့် ပြင်းပြင်းထန်ထန် တုံ့ ပြန်သွားမည်ဖြစ်ကြောင်း ဖုန်းဖြင့်ဆက်သွယ်စကားပြောစဉ်အတွင်း ဘိုင်ဒန်က ဇီလန်စကီကို အာမခံပြောကြားခဲ့ ခြင်းဖြစ်သည်ဟု အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲအတွင်းရေးမှူး ဂျန်ဆာကီက ပြောသည်။

 

ဖုန်းပြောရာတွင် ယူကရိန်းနိုင်ငံ၏ သဘောဆန္ဒမပါဘဲ မည်သည့်မူဝါဒမှ ချမှတ်ခြင်းမပြုရန် အမေရိကန်နိုင်ငံက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံ၏ အနာဂတ်နှင့်ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးမှုများတွင် ယူက ရိန်းနိုင်ငံပါဝင်ရန် လိုအပ်ကြောင်းကို ဘိုင်ဒန်က အလေးထားပြောကြားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စု၏ မဆုတ်မနစ်သောထောက်ပံ့မှုကို ကျေးဇူးတင်အသိအမှတ်ပြုကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၏ အထူးသဘာဝကို သက်သေပြလိုက်ခြင်းဖြစ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီက ဖုန်းပြောပြီး နောက် တွစ်တာတွင်ရေးသားခဲ့သည်။

 

ဒေသတွင်း ယူကရိန်းအကျပ်အတည်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့် ရုရှားနိုင်ငံတို့မှ အဆင့်မြင့်အရာရှိများ ဇန်နဝါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြရန် စီစဉ်ထားသည်။

 

ယခုသီတင်းပတ်အစောပိုင်းကာလက ဘိုင်ဒန်နှင့် ပူတင်တို့သည် ယူကရိန်းအရေးတင်းမာမှုများမြင့်တက်လာစဉ် သုံးပတ်အတွင်း ဒုတိယအကြိမ်အဖြစ် ဖုန်းဖြင့် စကားပြောခဲ့ကြသည်။

 

သောကြာနေ့က ရုရှားသမ္မတပူတင်နှင့် ဖုန်းလိုင်းမှတစ်ဆင့်ပြောဆိုရာတွင် အမေရိကန်သမ္မတဘိုင်ဒန်က “ကျွန် တော့်အနေနဲ့ ဖုန်းလိုင်းပေါ်မှာ လူသိရှင်ကြားဆွေးနွေးပြောဆိုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရုရှားနိုင်ငံက ယူကရိန်း ကို ကျူးကျော်လို့မဖြစ်ဘူးဆိုတာကိုတော့ ကျွန်တော် ရှင်းရှင်းလင်းလင်း အလေးထားပြီး ပြောဆိုခဲ့ပါတယ်။” ဟု ပြောသည်။

 

“တကယ်လို့ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ရင် ကျွန်တော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ့်အ ပြင် ဥရောပမှာ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့ဝင်တွေအင်အားကို ထပ်ပြီးတော့ တိုးချဲ့တပ်ဖြန့်သွားရပါလိမ့်မယ်ဆို တဲ့အကြောင်းကို ရုရှားသမ္မတပူတင်ကို ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပါတယ်။” ဟု ဒီလာဝဲယ်တွင် အနားယူနေ စဉ်အတွင်း သတင်းထောက်များကို ဘိုင်ဒန်ကပြောဆိုခဲ့သည်။

 

Ref: Biden Tells Ukraine Leader US Will ‘Respond Decisively’ if Russia Invades

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Biden Tells Ukraine Leader US Will ‘Respond Decisively’ if Russia Invades

 

#PeopleMedia


Share this post