• Follow Us on

Home ႐ုရွားက ရိုေမးနီးယားနိုင္ငံကို က်ဴးေက်ာ္ဖြယ္ရွိတယ္လို႔ အေမရိကန္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သတိေပး

႐ုရွားက ရိုေမးနီးယားနိုင္ငံကို က်ဴးေက်ာ္ဖြယ္ရွိတယ္လို႔ အေမရိကန္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သတိေပး

Share this post

နိုင္ငံတကာ၊ ဇြန္ ၁၈

ဥေရာပတိုက္ကေန အေမရိကန္တပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းတာဟာ အႏၲရာယ္မ်ားလြန္းေၾကာင္း၊ ဘာျဖစ္လို႔ လဲဆိုေတာ့ ႐ုရွားနိုင္ငံက ေနတိုးအဖြဲ႕ရဲ႕ ကာကြယ္ေရးစြမ္းရည္ကို စမ္းသပ္ခြင့္ေပးသလို ျဖစ္လာနိုင္တယ္လို႔ ဥေရာ ပတိုက္ဆိုင္ရာ အေမရိကန္တပ္မႉးေဟာင္း အၿငိမ္းစား ဗိုလ္ခ်ဳပ္ႀကီး ဘင္ေဟာ့ဒ္က ေျပာပါတယ္။

“ေနတိုးအဖြဲ႕က စည္းလုံးမႈမရွိဘူးလို႔ ႐ုရွားနိုင္ငံက ထင္သြားရင္ ေနတိုးအဖြဲ႕က ရိုေမးနီးယား ဒါမွမဟုတ္ ေဘာလ္တစ္နိုင္ငံေတြကို က်ဴးေက်ာ္စစ္ပြဲတစ္ရပ္ ဆင္ႏႊဲၿပီး ဘယ္လိုတုံ႕ျပန္မလဲဆို တာ ျမင္ေတြ႕ဖို႔ န်ဴကလီးယား လက္နက္ေတြ အသုံးျပဳဖို႔ ၿခိမ္းေျခာက္ဖြယ္ရွိပါတယ္” လို႔ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဘင္ေဟာ့ဒ္က ၿဗိတိန္သတင္းစာ The Times ကို ေျပာပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဂ်ာမနီနိုင္ငံမွာ တပ္ျဖန့္ထားတဲ့ တပ္ဖြဲ႕ဝင္ ၃၄၅၀၀ ဦးထဲကေန တပ္ဖြဲ႕ဝင္ ၉၅၀၀ ဦး ႐ုတ္သိမ္းဖို႔ စီစဥ္ေနတယ္လို႔ သည္ေဝါစထရိဂ်ာနယ္က ၿပီးခဲ့တဲ့အပတ္က ေဖာ္ျပခဲ့ပါတယ္။
ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဘင္ေဟာ့ဒ္က သမၼတ ေဒၚနယ္ထရမ့္ရဲ႕ ဥေရာပတိုက္ကေန တပ္ဖြဲ႕ဝင္႐ုတ္သိမ္းမဲ့ ရည္႐ြယ္ခ်က္ကို ေဝဖန္ခဲ့ၿပီး ဧရာမအမွားအယြင္းတစ္ခုလို႔ ေျပာလိုက္ပါတယ္။

“ကြၽန္ေတာ္တို႔အားလုံး မဟာမိတ္ေတြ လိုအပ္တဲ့အခ်ိန္ေျပာရမယ္ဆိုရင္ အခုလိုမ်ိဳး ကိုဗစ္-၁၉ ေရာဂါ ေၾကာင့္ စီးပြားေရးစိန္ေခၚမႈေတြ ရင္ဆိုင္ေနရတဲ့ အခုလိုအခ်ိန္ပဲျဖစ္ပါတယ္” လို႔ သူက The Times ကို ေျပာပါ တယ္။

အၿငိမ္းစား ဂ်ာမန္ဗိုလ္ခ်ဳပ္ႀကီးနဲ႕ ၂၀၁၈ ခုႏွစ္အထိ ေနတိုးအဖြဲ႕ရဲ႕ လက္ေထာက္ အတြင္းေရးမႉးခ်ဳပ္အ ျဖစ္ တာဝန္ယူခဲ့တဲ့ ဟိန္းရစ္ဘရပ္စ္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ ဆုံးျဖတ္ခ်က္ကို “အလြန္အႏၲရာယ္” မ်ားတယ္လို႔ ေျပာၾကားခဲ့ၿပီး ႐ုရွားသမၼတ ပူတင္အတြက္ လက္ေဆာင္တစ္ခုလို႔ ေျပာလိုက္ပါတယ္။

ဒီလိုဆုံးျဖတ္ခ်က္က ဥေရာပတိုက္ရဲ႕ လုံၿခဳံေရးနဲ႕ပတ္သက္လို႔ အေမရိကန္နိုင္ငံရဲ႕ ပံ့ပိုးကူညီမႈအေပၚ ထပ္မံ မွီခိုလို႔မရေတာ့ဘူးဆိုတဲ့ သံသယ ဥေရာပတိုက္မွာ ျဖစ္ေပၚေစပါတယ္လို႔ သူက ေျပာပါတယ္။

အေမရိကန္နိုင္ငံရဲ႕ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္နိုင္ငံတစ္ခုျဖစ္တဲ့ ရိုေမးနီးယားနိုင္ငံဟာ ပင္လယ္နက္ ေဒသမွာ ႐ုရွားနိုင္ငံရဲ႕ က်ဴးေက်ာ္တိုက္ခိုက္မႈ အႏၲရာယ္ကေန ခုခံကာကြယ္ဖို႔ အေမရိကန္တပ္မေတာ္အေပၚ မွီခို ေနရတဲ့ ဥေရာပတိုင္းျပည္တစ္ခုလည္း ျဖစ္ပါတယ္။

ရိုေမးနီးယားနိုင္ငံ ကြန္စတန္ညာၿမိဳ႕အနီးက မီးေဟးလ္ကိုဂယ္နီစီႏူ စစ္ဘက္အေျခစိုက္စခန္းမွာ ရာ ေပါင္းမ်ားစြာေသာ အေမရိကန္တပ္ဖြဲ႕ဝင္ေတြ တပ္စြဲထားပါတယ္။

အဲဒီအျပင္ မၾကာေသးမီႏွစ္ေတြအတြင္း ႐ုရွားနိုင္ငံနဲ႕ ဆက္ဆံေရးမွာ ပိုမို ဆိုး႐ြားလာေစခဲ့တဲ့ အေမရိကန္ တပ္မေတာ္ရဲ႕ ကြပ္ကဲမႈေအာက္မွာရွိတဲ့ ရိုေမးနီးယားနိုင္ငံက ဒီဗီဆီလူ စစ္ဘက္အေျခစိုက္စခန္းမွာ ဒုံးဖ်က္လက္ နက္ေတြ ထားရွိပါတယ္။

တိုင္းျပည္ရဲ႕ ကာကြယ္ေရးေကာင္စီ (SCAT) က အတည္ျပဳခဲ့ၿပီး အတည္ျပဳဖို႔အတြက္ လႊတ္ေတာ္ကို ေပး ပို႔ခဲ့တဲ့ ရိုေမးနီးယားနိုင္ငံရဲ႕ အမ်ိဳးသားကာကြယ္ေရး မဟာဗ်ဴဟာက ႐ုရွားဖက္ဒေရးရွင္းနိုင္ငံရဲ႕ က်ဴးေက်ာ္တိုက္ ခိုက္လိုတဲ့ အျပဳအမူနဲ႕ ႐ုရွားနိုင္ငံက လုပ္ေဆာင္ခဲ့တဲ့ ပင္လယ္နက္ေဒသ စစ္ဇုန္ျပဳလုပ္ေရးနဲ႕ပတ္သက္လို႔ ပထမ ဆုံးအႀကိမ္ ေဖာ္ျပထားပါတယ္။

႐ုရွား နိုင္ငံျခားေရးဝန္ႀကီးဌာနက အဲဒီ အမ်ိဳးသားကာကြယ္ေရး မဟာဗ်ဴဟာကို တုံ႕ျပန္ခဲ့ၿပီး ရိုေမးနီး ယားနိုင္ငံက ပင္လယ္နက္ေဒသမွာ ေနတိုးအဖြဲ႕နဲ႕ အေမရိကန္တပ္ဖြဲ႕ေတြ တိုးျမႇင့္ခ်ထားဖို႔ အဲဒီမဟာဗ်ဴဟာကို အသုံးျပဳဖို႔ စီစဥ္ေနတယ္လို႔ ေျပာပါတယ္။

တည္ၿငိမ္မႈရွိေရး ပံ့ပိုးတဲ့တိုင္းျပည္တစ္ခုျဖစ္ေရးထက္ ေဒသတြင္းမွာ တင္းမာမႈေတြ ျမင့္တက္လာေအာင္ နဲ႕ ယုံၾကည္မႈကင္းမဲ့လာေအာင္ လုပ္ေဆာင္ေနတယ္လို႔ ႐ုရွား နိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာေရးဆိုခြင့္ရအမ်ိဳး သမီး မာရီယာဇာဟာရိုဗာက သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

႐ုရွား နိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္နဲ႕ပတ္သက္လို႔ ေဆြးေႏြးဖို႔ ရိုေမးနီးယား နိုင္ငံျခားေရး ဝန္ႀကီး ေဘာ့ဒန္အူရက္စ္ကူက ရိုေမးနီးယားနိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး ဗယ္လာရီကုဇ္မင္းကို ဆင့္ေခၚခဲ့ပါ တယ္။

ကိုးကား – အင္ဆိုဒ္ဒါကြန္း

Former commander of U.S. Army in Europe warns Russia may invade Romania to test NATO

[Unicode]
ရုရှားက ရိုမေးနီးယားနိုင်ငံကို ကျူးကျော်ဖွယ်ရှိတယ်လို့ အမေရိကန် ဗိုလ်ချုပ်ကြီးဟောင်း သတိပေး
…………………………………………………………………………………

နိုင်ငံတကာ၊ ဇွန် ၁၈

ဥရောပတိုက်ကနေ အမေရိကန်တပ်ဖွဲ့တွေကို ရုတ်သိမ်းတာဟာ အန္တရာယ်များလွန်းကြောင်း၊ ဘာဖြစ်လို့ လဲဆိုတော့ ရုရှားနိုင်ငံက နေတိုးအဖွဲ့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို စမ်းသပ်ခွင့်ပေးသလို ဖြစ်လာနိုင်တယ်လို့ ဥရော ပတိုက်ဆိုင်ရာ အမေရိကန်တပ်မှူးဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဘင်ဟော့ဒ်က ပြောပါတယ်။

“နေတိုးအဖွဲ့က စည်းလုံးမှုမရှိဘူးလို့ ရုရှားနိုင်ငံက ထင်သွားရင် နေတိုးအဖွဲ့က ရိုမေးနီးယား ဒါမှမဟုတ် ဘောလ်တစ်နိုင်ငံတွေကို ကျူးကျော်စစ်ပွဲတစ်ရပ် ဆင်နွှဲပြီး ဘယ်လိုတုံ့ပြန်မလဲဆို တာ မြင်တွေ့ဖို့ နျူကလီးယား လက်နက်တွေ အသုံးပြုဖို့ ခြိမ်းခြောက်ဖွယ်ရှိပါတယ်” လို့ ဗိုလ်ချုပ်ကြီးဟောင်း ဘင်ဟော့ဒ်က ဗြိတိန်သတင်းစာ The Times ကို ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျာမနီနိုင်ငံမှာ တပ်ဖြန့်ထားတဲ့ တပ်ဖွဲ့ဝင် ၃၄၅၀၀ ဦးထဲကနေ တပ်ဖွဲ့ဝင် ၉၅၀၀ ဦး ရုတ်သိမ်းဖို့ စီစဉ်နေတယ်လို့ သည်ဝေါစထရိဂျာနယ်က ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဘင်ဟော့ဒ်က သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဥရောပတိုက်ကနေ တပ်ဖွဲ့ဝင်ရုတ်သိမ်းမဲ့ ရည်ရွယ်ချက်ကို ဝေဖန်ခဲ့ပြီး ဧရာမအမှားအယွင်းတစ်ခုလို့ ပြောလိုက်ပါတယ်။

“ကျွန်တော်တို့အားလုံး မဟာမိတ်တွေ လိုအပ်တဲ့အချိန်ပြောရမယ်ဆိုရင် အခုလိုမျိုး ကိုဗစ်-၁၉ ရောဂါ ကြောင့် စီးပွားရေးစိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ အခုလိုအချိန်ပဲဖြစ်ပါတယ်” လို့ သူက The Times ကို ပြောပါ တယ်။

အငြိမ်းစား ဂျာမန်ဗိုလ်ချုပ်ကြီးနဲ့ ၂၀၁၈ ခုနှစ်အထိ နေတိုးအဖွဲ့ရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်အ ဖြစ် တာဝန်ယူခဲ့တဲ့ ဟိန်းရစ်ဘရပ်စ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို “အလွန်အန္တရာယ်” များတယ်လို့ ပြောကြားခဲ့ပြီး ရုရှားသမ္မတ ပူတင်အတွက် လက်ဆောင်တစ်ခုလို့ ပြောလိုက်ပါတယ်။

ဒီလိုဆုံးဖြတ်ချက်က ဥရောပတိုက်ရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုအပေါ် ထပ်မံ မှီခိုလို့မရတော့ဘူးဆိုတဲ့ သံသယ ဥရောပတိုက်မှာ ဖြစ်ပေါ်စေပါတယ်လို့ သူက ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်တဲ့ ရိုမေးနီးယားနိုင်ငံဟာ ပင်လယ်နက် ဒေသမှာ ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှု အန္တရာယ်ကနေ ခုခံကာကွယ်ဖို့ အမေရိကန်တပ်မတော်အပေါ် မှီခို နေရတဲ့ ဥရောပတိုင်းပြည်တစ်ခုလည်း ဖြစ်ပါတယ်။

ရိုမေးနီးယားနိုင်ငံ ကွန်စတန်ညာမြို့အနီးက မီးဟေးလ်ကိုဂယ်နီစီနူ စစ်ဘက်အခြေစိုက်စခန်းမှာ ရာ ပေါင်းများစွာသော အမေရိကန်တပ်ဖွဲ့ဝင်တွေ တပ်စွဲထားပါတယ်။

အဲဒီအပြင် မကြာသေးမီနှစ်တွေအတွင်း ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးမှာ ပိုမို ဆိုးရွားလာစေခဲ့တဲ့ အမေရိကန် တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ရိုမေးနီးယားနိုင်ငံက ဒီဗီဆီလူ စစ်ဘက်အခြေစိုက်စခန်းမှာ ဒုံးဖျက်လက် နက်တွေ ထားရှိပါတယ်။

တိုင်းပြည်ရဲ့ ကာကွယ်ရေးကောင်စီ (SCAT) က အတည်ပြုခဲ့ပြီး အတည်ပြုဖို့အတွက် လွှတ်တော်ကို ပေး ပို့ခဲ့တဲ့ ရိုမေးနီးယားနိုင်ငံရဲ့ အမျိုးသားကာကွယ်ရေး မဟာဗျူဟာက ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ ကျူးကျော်တိုက် ခိုက်လိုတဲ့ အပြုအမူနဲ့ ရုရှားနိုင်ငံက လုပ်ဆောင်ခဲ့တဲ့ ပင်လယ်နက်ဒေသ စစ်ဇုန်ပြုလုပ်ရေးနဲ့ပတ်သက်လို့ ပထမ ဆုံးအကြိမ် ဖော်ပြထားပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီ အမျိုးသားကာကွယ်ရေး မဟာဗျူဟာကို တုံ့ပြန်ခဲ့ပြီး ရိုမေးနီး ယားနိုင်ငံက ပင်လယ်နက်ဒေသမှာ နေတိုးအဖွဲ့နဲ့ အမေရိကန်တပ်ဖွဲ့တွေ တိုးမြှင့်ချထားဖို့ အဲဒီမဟာဗျူဟာကို အသုံးပြုဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

တည်ငြိမ်မှုရှိရေး ပံ့ပိုးတဲ့တိုင်းပြည်တစ်ခုဖြစ်ရေးထက် ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်လာအောင် နဲ့ ယုံကြည်မှုကင်းမဲ့လာအောင် လုပ်ဆောင်နေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရအမျိုး သမီး မာရီယာဇာဟာရိုဗာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ရိုမေးနီးယား နိုင်ငံခြားရေး ဝန်ကြီး ဘော့ဒန်အူရက်စ်ကူက ရိုမေးနီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဗယ်လာရီကုဇ်မင်းကို ဆင့်ခေါ်ခဲ့ပါ တယ်။

ကိုးကား – အင်ဆိုဒ်ဒါကွန်း

Former commander of U.S. Army in Europe warns Russia may invade Romania to test NATO


Share this post