• Follow Us on

Home ရုရှားက လက်တုံ့ပြန်သည့်အနေဖြင့် မော်စကိုမြို့၌ ၃ နှစ်ကျော်နေထိုင်ပြီးသော အမေရိကန်သံတမန်များကို နှင်ထုတ်

ရုရှားက လက်တုံ့ပြန်သည့်အနေဖြင့် မော်စကိုမြို့၌ ၃ နှစ်ကျော်နေထိုင်ပြီးသော အမေရိကန်သံတမန်များကို နှင်ထုတ်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂ (People Media)

 

ရုရှားသံတမန်များကို နှင်ထုတ်ရန် အမေရိကန်နိုင်ငံက ဆုံးဖြတ်ခဲ့ခြင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် မော်စကိုမြို့ရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းများအား နှစ်လအတွင်း ရုရှားနိုင်ငံမှ အပြီးထွက်ခွာသွားရန် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားလိုက်သည်။

 

“၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ မော်စကိုမြို့ရှိ အမေရိကန်သံရုံးမှာ သုံးနှစ်ကျော် အလုပ်လုပ်ကိုင်ထားပြီး ဖြစ်တဲ့ ဝန်ထမ်းတွေဟာ ရုရှားနိုင်ငံက ထွက်ခွာသွားရမှာပါ” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ Maria Zakharova က သူ(မ)၏ အပတ်စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြား ခဲ့သည်။

 

အကယ်၍ အမေရိကန်ဘက်က ယင်းမူဝါဒကို မှန်ကန်အောင် ပြန်လည်ပြင်ဆင်ခြင်း  မရှိပါက နောက်ထပ် အမေရိကန်သံတမန်တစ်သုတ်ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်တွင် ရုရှားနိုင်ငံမှ ထပ်မံ နှင်ထုတ်သွားမည်ဖြစ် ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ သို့သော် ထွက်ခွာသွားရမည့် အမေရိကန်သံတမန်အရေ အတွက် အတိအကျကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

 

အမေရိကန်နိုင်ငံက ရုရှားသံတမန် ၅၅ ဦးအား ပထမအသုတ်အနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နှင့် ဒုတိယအသုတ်အနေဖြင့် ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်တွင် နိုင်ငံမှ ထွက်ခွာသွားရန် နှင်ထုတ်ခဲ့သဖြင့် ရုရှား ဘက်ကလည်း အဆိုပါ ဆတူလက်တုံ့ပြန်မှုကို ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ရုရှားသံရုံးမှ သံဝန်ထမ်းများနှင့် နယူးယောက်မြို့နှင့် ဟူစတန်မြို့ရှိ ရုရှား ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်အမှုထမ်းများ၏ နေထိုင်ခွင့်ကာလကို ၃ နှစ်သက်တမ်းအဖြစ် အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်တွင် ကန့်သတ်ခဲ့ခြင်းကြောင့် ရုရှားဘက်ကလည်း အလာတူ ကန့်သတ်ချက်မျိုး ပြန်လည်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

သံတမန်များအား ကန့်သတ်ချက်များထားရှိခြင်းမှာ သံတမန်စည်းမျဉ်းစည်းကမ်းများနှင့်ဆန့်ကျင်နေပြီး “နိုင်ငံ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်းကျူးကျော်မှုတစ်ခုဖြစ်ပါတယ်” ဟု Zakha rova က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

ယင်းကိစ္စရပ်နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် အဖြေတစ်ခုရှာဖွေရန် ရုရှားနိုင်ငံ၏ ကြိုးပမ်းအား ထုတ်မှုကို အမေရိကန်ဘက် လျစ်လျှူရှုခဲ့ကြောင်း ယင်းက ရုရှားအတွက် အပြန်အလှန် လက်တုံ့ပြန်မှု တစ်ခုပြုလုပ်ရန် တွန်းအားပေးမှုဖြစ်စေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 


 

(Xinhua)

 



Share this post