• Follow Us on

Home ရုရှားက လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံ ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများအား ပျံသန်းခွင့်ပိတ်ပင်

ရုရှားက လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံ ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများအား ပျံသန်းခွင့်ပိတ်ပင်

Share this post

နိုင်ငံတကာ၊ မတ် ၁

 

ရုရှားနိုင်ငံသည် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများအား ရုရှားနိုင်ငံ၏ လေပိုင်နက်အသုံးပြုခြင်းမှ ပိတ်ပင်လိုက်ကြောင်း လေကြောင်းတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

 

ရုရှားလေကြောင်းလိုင်းများအပေါ် ဥရောပနိုင်ငံများ၏ ပိတ်ပင်မှုအား တုံ့ပြန်သည့်အနေဖြင့် နိုင်ငံ ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများ၏ ပျံသန်းပြေးဆွဲမှုများအပေါ် ကန့်သတ်သည့် ယင်းလုပ်ဆောင်ချက်ကို စတင်ခဲ့ကြောင်း လေကြောင်းတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါကန့်သတ်ချက်သည် ဗြိတိန်၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ ကနေဒါ၊ ပေါ်တူဂီ အပါအဝင် အခြားနိုင်ငံများမှ လေကြောင်းလိုင်းများအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 

(Xinhua)

 

#PeopleMedia


Share this post