• Follow Us on

Home ရုရှားစစ်လက်နက်ပစ္စည်းများမပါဘဲ အိန္ဒိယတပ်မတော် ထိရောက်စွာ စစ်ဆင်နိုင်စွမ်းမရှိဟု အမေရိကန် လွှတ် တော်အစီရင်ခံစာတစ်စောင်တွင်ဖော်ပြ

ရုရှားစစ်လက်နက်ပစ္စည်းများမပါဘဲ အိန္ဒိယတပ်မတော် ထိရောက်စွာ စစ်ဆင်နိုင်စွမ်းမရှိဟု အမေရိကန် လွှတ် တော်အစီရင်ခံစာတစ်စောင်တွင်ဖော်ပြ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၃၀ (People Media)

 

အိန္ဒိယတပ်မတော်သည် ရုရှားနိုင်ငံကထောက်ပံ့ထားသည့် လက်နက်များ၊ စစ်ပစ္စည်းများမပါဘဲ စစ်ဆင်ရေး ကိစ္စများကို ထိရောက်စွာဆောင်ရွက်နိုင်စွမ်းမရှိကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်သုတေသနဌာန၏ အစီရင်ခံစာ (CRS report) တစ်ခုကို ကိုးကား၍ The Economic Times သတင်းစာက ရေးသားခဲ့သည်။

 

အိန္ဒိယနိုင်ငံက ရုရှားထံမှ စစ်လက်နက်ပစ္စည်းများ ဆက်လက်ဝယ်ယူနေခြင်းမှာ အိန္ဒိယနိုင်ငံ၏ သြဇာအာဏာ ကျဆုံးရခြင်းအကြောင်းရင်းတစ်ခုဖြစ်သည်ဟု အိန္ဒိယနိုင်ငံနှင့် အခြားနိုင်ငံများမှ စစ်ရေးလေ့လာသူများက ယူ ဆကြကြောင်း အဆိုပါအစီရင်ခံစာတွင် ရေးသားထားသည်။

 

အိန္ဒိယတပ်မတော်အပေါ် ရုရှားနိုင်ငံ၏ သြဇာလွှမ်းမိုးမှုမှာ အခြားမည်သည့်နိုင်ငံကမှ အိန္ဒိယနိုင်ငံကိုထောက်ပံ့မှု မပေးသည့် အဆင့်မြင့်လက်နက်စနစ်များနှင့် နည်းပညာများကို တင်ပို့ရောင်းချရန် ရုရှားအစိုးရ၏  ဆန္ဒပြင်းပြမှု ကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်သည်။

 

ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို အစားထိုးရန်အတွက် အမေရိကန်က ကမ်းလှမ်းထားသည့် လေကြောင်းရန်ကာကွယ်ရေးစနစ်မှာ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်ထက် ပိုမို စွမ်းရည်နိမ့်ကျသည်ဟု အိန္ဒိယထိပ်တန်းခေါင်းဆောင်များက အပြင်ပန်းကိုကြည့်၍ ကောက်ချက်ချထား ကြောင်း အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။

 

ရုရှားနိုင်ငံထံမှ စစ်လက်နက်ပစ္စည်းများဝယ် ယူခဲ့ပြီး အမေရိကန်ပြိုင်ဘက်များကို အရေးယူဒဏ်ခတ်ပိတ်ဆို့ သည့်တုံ့ပြန်မှုဥပဒေကို ချိုးဖောက်ခဲ့သည့် အိန္ဒိယနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်မည်/ မပြု လုပ်မည်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မဆုံးဖြတ်မီ အမေရိကန်ကွန်ဂရက်လွှတ်တော်သုတေသနဌာန အစီရင်ခံစာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

၂၀၁၅ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံသည် ရုရှားထံမှ လက်နက်တင်သွင်းမှု တဖြည်းဖြည်းကျဆင်းလာကြောင်း သတင်းများတွင်ရေးသားဖော်ပြခဲ့ကြသည်။ သို့သော် အိန္ဒိယနိုင်ငံသည် ရုရှားစစ်လက်နက်များကို အများဆုံး ဝယ်ယူနေသည့်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ပြည်ပနိုင်ငံများသို့ ရုရှားနိုင်ငံကတင်ပို့ရောင်းချနေ သည့်စစ်လက်နက်ပစ္စည်း သုံးပုံတစ်ပုံနီးပါးကို အိန္ဒိယနိုင်ငံက ဝယ်ယူနေခြင်းဖြစ်သည်။

 

၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြားကာလတွင် အိန္ဒိယနိုင်ငံသည် ရုရှားပို့ကုန်စစ်လက်နက်ပစ္စည်း တစ်ဝက်နီး ပါး (၄၉ ရာခိုင်နှုန်း) ကို ဝယ်ယူခဲ့ကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်သုတေသနဌာန အစီရင်ခံစာက ထောက်ပြထားပါသည်။

 

“အိန္ဒိယရေတပ်မှာ ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သင်္ဘော ၁၀ စင်းရှိတဲ့အနက် ၄ စင်းက ရုရှားထုတ် ကာရှင်အဆင့် ဖျက်သင်္ဘောတွေပါ။ ဖရီးဂိတ်စစ်သင်္ဘော ၁၇ စင်းရှိတဲ့အနက် ၆ စင်းက ရုရှားနိုင်ငံထုတ် တယ်လ်ဝါအဆင့် စစ် သင်္ဘောတွေပါ။ ရေတပ်ရဲ့တစ်စင်းတည်းသော နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောဟာ ရုရှားဆီက ငှား ထားတာပါ။ တာဝန်ထမ်းဆောင်နေဆဲ ရေငုပ်သင်္ဘော ၁၄ စင်းထဲက ၈ စင်းဟာ ရုရှားထုတ် ကီလိုအဆင့် ရေ ငုပ်သင်္ဘောတွေပါ” ဟု အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။

 

အိန္ဒိယကြည်းတပ်၏ ပင်မတိုက်ပွဲဝင်တင့်ကားတပ်ရင်းတွင်လည်း ရုရှားထုတ် T-72M1 တင့်ကားများ၊ T-90S တင့်ကားများဖြင့် အဓိကအားဖြည့်ဖွဲ့စည်းထားကြောင်း၊ အိန္ဒိယလေတပ်ရှိ တိုက်လေယာဉ် ၆၆၇ စင်းတွင်လည်း ၇၁ ရာခိုင်နှုန်းမှာ ရုရှားထုတ်လေယာဉ်များဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Ref: Indian Army Ineffective Sans Russian Equipment: US Report

 

#PeopleMedia

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Indian Army Ineffective Sans Russian Equipment: US Report

 

#PeopleMedia


Share this post