• Follow Us on

Home ရုရှားစစ်သည်တချို့ရဲ့ ဖုန်းတွေ အဟက်ခံရ

ရုရှားစစ်သည်တချို့ရဲ့ ဖုန်းတွေ အဟက်ခံရ

Share this post

နိုင်ငံတကာ၊ မတ် ၁၀

 

ယူကရိန်းနိုင်ငံမှာ အထူးစစ်ဆင်ရေးဆင်နွှဲနေတဲ့ ရုရှားစစ်သည်တချို့ရဲ့ ဖုန်းလုံခြုံရေးအဆင့်တွေ ဖျက်ဆီးခံ လိုက်ရပြီး ဖုန်းတွေ အဟက်ခံလိုက်ရတယ်လို့ သိရပါတယ်။

 

ရုရှားစစ်သည်တွေဟာ သူတို့ရဲ့ဖုန်းလုံခြုံရေးစနစ်တွေကို ပိတ်ပစ်ပြီး အထူးစစ်ဆင်ရေးကာလအတွင်းမှာ သာမန်ဖုံးဆင်းကတ်တွေကိုပဲ အသုံးပြုခဲ့တယ်လို့ အထူးစုံစမ်းထောက်လှမ်းတဲ့ဂျာနယ်လစ်အဖွဲ့အစည်း Bellingcat က ပြောပါတယ်။

 

ရုရှားစစ်တပ်ဟာ တပ်မှူးတွေနဲ့ လက်အောက်စစ်သည်တွေဆက်သွယ်ရာမှာ ကြားဖြတ်ဖမ်းယူနားထောင်တာ ကို ဟန့်တားကာကွယ်ဖို့အတွက် “Era” လို့ခေါ်တဲ့ လျှို့ဝှက်ကုတ်ထည့်သွင်းထားတဲ့ ဆက်သွယ်ရေးစနစ်ကို အသုံးပြုနေကြပါတယ်။

 

ဒါပေမဲ့ “Era” စနစ်အတွက်လိုအပ်တဲ့ 3G/4G တာဝါတွေကို ဖျက်ဆီးပစ်လိုက်တဲ့အတွက် ရုရှားဗိုလ်မှူးချုပ် ဗီတာလီဂျီရာဆီမော့ဗ် ကျဆုံးတဲ့သတင်းဖြစ်တဲ့ Federal Security Service (FSB) ကပေးပို့တဲ့သတင်းတွေအ ပါအဝင် ဖုန်းခေါ်ဆိုမှုသတင်းတွေကို ယူကရိန်းထောက်လှမ်းရေးက ကြားဖြတ်နားထောင်နိုင်ခဲ့ပါတယ်။

 

“3G ဆဲလ်တာဝါတွေကို ဖျက်ဆီးလိုက်ပြီးတဲ့နောက်မှာ အင်မတန်မိုက်မဲတဲ့လူတွေက ခါကိဗ်မြို့မှာ Era လျှို့ ဝှက်ကုတ်ထည့်သွင်းထားတဲ့ ဆက်သွယ်ရေးစနစ်ကို အသုံးပြုဖို့ ကြိုးစားခဲ့ကြတယ်။ ရုရှားစစ်တပ်ကို ရုရှား စစ်တပ်စစ်ဆင်ရေးလုပ်နေတဲ့နယ်မြေတွေမှာ အလုပ်မလုပ်တဲ့ လုံခြုံစိတ်ချရတဲ့ဖုန်းတွေကို တပ်ဆင်ပေးထား တယ်။” လို့ Bellingcat အဖွဲ့ရဲ့ အမှုဆောင်အရာရှိ ခရစ္စတိုဂရိုဇက်ဗ်က ပြောပါတယ်။

 

ဗြိတိန်ထောက်လှမ်းရေးကုမ္ပဏီဖြစ်တဲ့ Shadowbreak အဖွဲ့ကလည်း ၎င်းတို့အနေနဲ့ ရုရှားတပ်တွေရဲ့ ဆက် သွယ်မှုကို ကြားဖြတ်နားထောင်ခဲ့ကြောင်း၊ ရုရှားတပ်တွေ ရှေ့တန်းစစ်မျက်နှာကို အချိန်မီမရောက်အောင် ရု ရှားစစ်ကားတွေက ဆီတိုင်ကီတွေကို တမင် အပေါက်လေးတွေဖောက်ခဲ့ကြောင်းပြောဆိုပါတယ်။

 

လျှို့ဝှက်ကုတ်ထည့်သွင်းထားတဲ့ ဆက်သွယ်ရေးစနစ်ကို ရုရှားတွေအသုံးပြုတာဟာ နိုင်ငံရဲ့ ကွပ်ကွဲကြီးကြပ်မှု စနစ်အတွက် ကောင်းမွန်တဲ့လက္ခဏာမတွေ့ရဘူးလို့ ကာကွယ်ရေးနဲ့ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ဒေါက် တာ ဂျိမ်းစ်ဘော့စ်ဘိုတီနစ်က ပြောပါတယ်။

 

Ref: Russian Military Phones Hacked: Report

 

(unicode)


……………………………….

 


 


 


 


 


 


 


 


 

Ref: Russian Military Phones Hacked: Report


Share this post