• Follow Us on

Home ရုရှားစစ်သားတွေ တကယ်ကြောက်တာက ယူကရိန်းဆန္ဒပြပြည်သူတွေဖြစ်တယ်လို့ ဆန္ဒပြပြည်သူတွေပြော

ရုရှားစစ်သားတွေ တကယ်ကြောက်တာက ယူကရိန်းဆန္ဒပြပြည်သူတွေဖြစ်တယ်လို့ ဆန္ဒပြပြည်သူတွေပြော

Share this post

Open photo

Open photo

 

နိုင်ငံတကာ၊ မတ် ၁၁

 

လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက ခါဆန်မြို့ကို ရုရှားတွေသိမ်းပိုက်ပြီးကတည်းက ရုရှားစစ်သားတွေ အမှန်တ ကယ်ကြောက်ရွံ့တာက လမ်းမတွေပေါ်ကိုထွက်လာတဲ့ ဆန္ဒပြပြည်သူတွေဖြစ်တယ်လို့ ခါဆန်မြို့က ဆန္ဒပြ ယူကရိန်းပြည်သူတစ်ဦးက ပြောပါတယ်။

 

ဗုဒ္ဓဟူးနေ့က YouTube ပေါ်မှာတင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ခါဆွန်မြို့မှာ လက်နက်မပါတဲ့လူတစ်ဦးက မြို့ လယ်ကောင်မှာ ရုရှားတင့်ကားတွေကို ယူူကရိန်းပြည်သူတွေက တုံ့ပြန်နေပုံကို ပြသခဲ့ပါတယ်။

 

“ယူကရိန်းပြည်သူတွေဟာ စုစည်းညီညွတ်ဖို့အားလုံးအဆင်သင့်ပါပဲ။ သူတို့ရန်သူတွေကို အမိမြေကမောင်း ထုတ်ဖို့အတွက် သူတို့ကိုယ်တိုက်လက်နက်စွဲကိုင်ဖို့ လိုအပ်လာတယ်ဆိုရင်တောင်မှ စုစည်းညီညွတ်ဖို့အဆင် သင့်ပါပဲ။” လို့ အဆိုပါပုဂ္ဂိုလ်က ဗီဒီယိုဖိုင်ထဲမှာ ပြောပါတယ်။

 

ပင်လယ်နက်ကမ်းခြေတစ်လျှောက် တောင်ပိုင်းက အဓိကမြို့ကြီးတစ်မြို့ဖြစ်တဲ့ ခါဆန်မြို့ဟာ မတ်လ ၂ ရက် နေ့မှာ ရုရှားတွေလက်အောက်ကို ကျရောက်သွားတဲ့ ပထမဦးဆုံးမြို့ကြီးတစ်မြို့ဖြစ်ပါတယ်။

 

လူဦးရေ ၃၀၀၀၀၀ နီးပါးနေထိုင်ပြီး မဟာဗျူဟာမြောက်နေရာတစ်ခုဖြစ်တဲ့ ခါဆန်မြို့ကို ရုရှားတပ်တွေက ဝိုင်း ပတ်ပိတ်ဆို့ထားပြီး တင့်ကားတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ယူကရိန်းစစ်သား ၃၀၀ ဝန်းကျင်ကျဆုံးခဲ့တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ခါဆန်မြို့ကိုသိမ်းပိုက်ပြီးကတည်းက ယူကရိန်းပြည်သူ ရာနဲ့ချီပြီး လမ်းမတွေပေါ် ကိုတက်လာကာ ရုရှားတွေကို ဆန္ဒပြခဲ့ကြပါတယ်။ ဒီသီတင်းပတ်အတွင်းမှာ ဆန္ဒပြပြည်သူ ၂၀၀၀ နီးပါးဟာ လွတ်လပ်ရေးရင်ပြင်ပေါ်မှာ ကျင်းပတဲ့ ဆန္ဒပြပွဲကို တက်ရောက်ခဲ့တယ်လို့ မြို့တော်ဝန်ကပြောပါတယ်။

 

ယူကရိန်းအလံ လွှမ်းခြုံထားတဲ့ ဆန္ဒပြပြည်သူအများအပြားဟာ ကြွေးကြော်သံများ သံပြိုင်အော်ဟစ်ပြီး ရုရှား တပ်ဖွဲ့ဝင်တွေကို ဆန္ဒပြနေကြတဲ့ပုံတွေကို ဗီဒီယိုဖိုင်ထဲမှာမြင်နေကြရပါတယ်။

 

“သူတို့ (ရုရှားစစ်သားတွေ) ဟာ ကျွန်တော်တို့ကို ကြောက်ရွံ့နေကြတယ်။ ဒါ့ကြောင့် သူတို့ ခံစစ်ပြင်နေကြတာ ပါ။ ကျွန်တော် အဲဒီနေရာကိုရောက်သွားတော့ ရုရှားစစ်သားတွေကို စကားသွားပြောတယ်။ သူတို့ တကယ်ကို ကြောက်နေကြတာပါ။” လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

 

တကယ်လို့ ဆန္ဒပြတဲ့သူတွေက အစိုးရအဆောက်အဦတွေကို ဝင်ရောက်သိမ်းပိုက်မယ်ဆိုရင် ရုရှားစစ်သားတွေ က ပစ်ခတ်ရလိမ့်မယ်လို့ ခြိမ်းခြောက်ကြောင်း အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။

 

“ဆန္ဒပြပြည်သူတွေကို ဟန့်တားလို့မရဘူးဆိုတာ သူတို့သိပါတယ်။ ယူကရိန်းပြည်သူတွေကိုယ်တိုင်ကလည်း ကြောက်တာပါပဲ။ ကျွန်တော်တို့ကိုပစ်မယ့် ချေမှုန်းရေးရိုင်ဖယ်တွေကို ကျွန်တော်တို့မကြောက်ဘူးလို့ တစ်စုံတစ် ယောက်ကပြောလာရင် မယုံပါနဲ့။ ကျွန်တော်တို့လည်း ကြောက်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Anti-Russian protester in occupied Ukrainian city said the troops are ‘really scared’ of demonstrators

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Anti-Russian protester in occupied Ukrainian city said the troops are ‘really scared’ of demonstrators

 

#PeopleMedia


Share this post