• Follow Us on

Home ရုရှားစစ်သင်္ဘောများတွင် အပျက်စီးခံဒရုန်းဒုံးကျည်များ တပ်ဆင်သွားမည်

ရုရှားစစ်သင်္ဘောများတွင် အပျက်စီးခံဒရုန်းဒုံးကျည်များ တပ်ဆင်သွားမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃ (People Media)

 

ရန်သူ့သင်္ဘောများနှင့် မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ရန် ရုရှားစစ်သင်္ဘောများတွင် (kamikaze drones) အ ပျက်စီးခံဒရုန်းဒုံးကျည်များတပ်ဆင်သွားမည်ဖြစ်ကြောင်း ရုရှား Izvestia သတင်းစာက ရေးသားဖော်ပြခဲ့သည်။

 

ရုရှားရေတပ်သည် လက်ရှိအသုံးပြုနေသော မောင်းသူမဲ့လေယာဉ်များကို “အပျက်စီးခံဒရုန်းဒုံးကျည်များ” အ ဖြစ်အသုံးပြုသွားမည်လော သို့မဟုတ် ရန်သူ့ရေပြင်/မြေပြင်ပစ်မှတ်များကိုတိုက်ခိုက်ရန်အတွက် “အပျက်စီးခံဒ ရုန်းဒုံးကျည်” အသစ်များထုတ်လုပ်သွားမည်လောဆိုသည်ကို စဉ်းစားလျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာ နသတင်းရင်းမြစ်များကိုကိုးကား၍ Izvestia သတင်းစာတွင်ရေးသားထားသည်။

 

“အချိန်တိုအတွင်းမှာ သင်္ဘောတွေပေါ်မှာ အပျက်စီးခံဒရုန်းဒုံးကျည်တွေ တပ်ဆင်သွားဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ လက်နက်စနစ်သစ်အတွက် အထူးလေယာဉ်သိုလှောင်ရုံတွေမလိုပါဘူး။ အသေးစားပြုပြင်မှုလေးတွေလုပ်ပြီး တာနဲ့ မောင်းသူမဲ့လေယာဉ်တွေကိုလွှတ်တင်ဖို့ လောက်လွှဲစနစ်တွေက သင်္ဘောကုန်းပတ်ကနေ တိုက်ရိုက်အ လုပ်လုပ်နိုင်ပါတယ်။” ဟု သတင်းတွင်ဖော်ပြထားသည်။

 

လွန်ခဲ့သည့်လက ကမ်ချတ်ကာစစ်ရေးလေ့ကျင့်မှုဆောင်ရွက်နေစဉ် မရိန်းတပ်ဖွဲ့ဝင်များကမ်းရိုးတန်းသို့ ချဉ်း ကပ်နေစဉ်အတွင်း ပစ်ကူပေးနိုင်ရေးလေ့ကျင့်ရန်အတွက် ရုရှားမရိန်းတပ်ဖွဲ့များသည် အပျက်စီးခံဒရုန်းဒုံးကျည် များကို တပ်ဖြန့်ချထားခဲ့သည်။

 

အဆိုပါ အပျက်စီးခံဒရုန်းဒုံးကျည်များသည် အထူးသဖြင့် အကြမ်းဖက်သမားများနှင့် အဖျက်သမားများစီးနင်း လာသည့် လှေငယ်များနှင့် မော်တော်ဘုတ်များကို ထိရောက်စွာတိုက်ခိုက်နိုင်ကြောင်း ရုရှားကာကွယ်ရေးဝန် ကြီးဌာနသတင်းရင်းမြစ်များကိုကိုးကား၍ Izvestia သတင်းစာက ရေးသားဖော်ပြသည်။

 

“ကမ်းတက်တပ်ရင်းတွေ ကမ်းခြေကိုတက်တဲ့အချိန်ဟာ အလွန်အန္တရာယ်အကြီးဆုံးအချိန်ဖြစ်ပါတယ်။ အဲဒီအ ချိန်ဟာ ထိခိုက်ကျဆုံးမှု အများဆုံးအချိန်လည်းဖြစ်တယ်။ တိုက်ပွဲဖြစ်နေချိန် အဲဒီလိုအခြေအနေမျိုးမှာ အခုလို မောင်းသူမဲ့လေယာဉ်တွေကို အဆုံးရှုံးခံပြီး တိတိကျကျ ပစ်ခတ်နိုင်ခြင်းဟာ မိမိကမ်းတက်တပ်ဖွဲ့ဝင်တွေရဲ့ အ သက်ကို ကယ်တင်နိုင်တာပါပဲ။” ဟု စစ်ရေးကျွမ်းကျင်သူ ဒီမီထရီဘော်လ်တန်ကော့ဗ်က မရိန်းတပ်ဖွဲ့ရှိ ဒရုန်း များ၏ အခန်းကဏ္ဍကို ရှင်းပြသည်။

 

ဒရုန်းများသည် ရေထဲငုပ်လျှိုးသွားသည့် မိမိပစ်မှတ်ပြန်ပေါ်လာသည်အထိ စောင့်ဆိုင်းပြီး ပစ်မှတ်ပြန်ပေါ်လာ နိုင်သည့်နေရာတွင် ပျံဝဲနေနိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူဗစ်တာမူရာကာဗိုစကီးကရှင်းပြသည်။

 

“တန်ဖိုးရှိတဲ့ပစ်မှတ်ကို ရှာဖွေဖော်ထုတ်နိုင်ပြီဆိုရင် ဒီဒရုန်းတွေက ချက်ချင်းဆိုသလို ထိုးဆင်းသွားနိုင်တယ်။ ဒီ နည်းဗျူဟာရဲ့ တကယ့်အားသာချက်ကတော့ ပစ်မှတ်တွေကို ချက်ချင်းတိုက်ခိုက်ဖျက်ဆီးပစ်လိုက်နိုင်တာပါပဲ။ ဒါ့အပြင် အဲဒီအပျက်စီးခံဒရုန်းတွေမှာဗီဒီယိုကင်မရာတွေပါတာကြောင့် ကင်းထောက်တာဝန်လည်းထမ်းဆောင် နိုင်ပါတယ်။” ဟု ၎င်းကပြောသည်။

 

Ref: Russian Naval Ships to Be Armed With Kamikaze Drones

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Russian Naval Ships to Be Armed With Kamikaze Drones

 

#PeopleMedia


Share this post