• Follow Us on

Home ရုရှားစစ်ကြောင်းများ စစ်ဆင်ရေးစီမံချက်အတိုင်း ချီတက်နေကြောင်း ပူတင်ပြောဆို

ရုရှားစစ်ကြောင်းများ စစ်ဆင်ရေးစီမံချက်အတိုင်း ချီတက်နေကြောင်း ပူတင်ပြောဆို

Share this post

နိုင်ငံတကာ၊ မတ် ၄

 

ရုရှားတပ်တွေဟာ ယူကရိန်းကို စစ်ဆင်ရေးစီမံချက်အတိုင်း ချီတက်လျက်ရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူ တင်က ပြောဆိုလိုက်ပြီး စစ်ပွဲအတွင်း ကျဆုံးသွားတဲ့ရုရှားစစ်သည်တော်တွေအတွက် အလျော်အစားကြီးကြီး မားမားပြန်လည်ရယူရမယ်လို့ အမိန့်ပေးလိုက်ပါတယ်။

 

“အထူးစစ်ဆင်ရေးကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ ဟာ နာဇီလက်သစ်တွေနဲ့ စစ်ဖြစ်နေတာပါ။ ရုရှားနဲ့ ယူကရိန်းဟာ လူမျိုးတစ်မျိုးတည်းဆိုတဲ့ ကျွန်တော့်ရဲ့ ခိုင် မာတဲယုံကြည်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်ပါဘူး။” လို့ ပူတင်က သူ့ရဲ့လုံခြုံရေးကောင်စီနဲ့ပြုလုပ်တဲ့အစည်း အဝေး အဖွင့်မိန့်ခွန်းမှာပြောဆိုလိုက်ပါတယ်။

 

တပြိုင်တည်းမှာပဲ ရုရှားတပ်တွေဟာ ဥရောပရဲ့တခြားဒေသတွေကို ချီတက်တိုက်ခိုက်လိမ့်မယ်လို့ ပြောဆိုရင်း ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီတွေတိုးမြှင့်ပေးဖို့ ကြာသာပတေးနေ့က အနောက်နိုင်ငံတွေကို ယူက ရိန်းသမ္မတဗလာဒီမာဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

 

“လေကြောင်းပိုင်နက်တွေပိတ်ဆို့ဖို့ ခင်ဗျားတို့မှာ အစွမ်းမရှိဘူးဆိုရင် ကျွန်တော့်ကို လေယာဉ်တွေပေးပါ။ ကျွန် တော်တို့ ဒီ့ထက်ပိုမလုပ်နိုင်တော့ဘူးဆိုရင် လတ်ဗီးယားတို့၊ လစ်သူယေးနီးယားတို့၊ အက်စ်တိုးနီးယားတို့ဟာ နောက်ထပ် ပစ်မှတ်တွေဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ပြောတာ ယုံပါဗျာ။” လို့ ဇီလန်စကီးကပြောပါတယ်။

 

စစ်ပွဲကိုရပ်တန့်ဖို့တစ်ခုတည်းသောနည်းလမ်းက ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ စကားပြောဖို့ပဲဖြစ်တယ်လို့ ပြောရင်း ဇီလန်စကီးက ပူတင်နဲ့ တိုက်ရိုက်စကားပြောဆိုခွင့်ရဖို့ တောင်းဆိုလိုက်ပါတယ်။

 

“ကျွန်တော်တို့ ရုရှားနိုင်ငံကို တိုက်ခိုက်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ရုရှားကို တိုက်ခိုက်ဖို့လည်း အစီအ စဉ်ရေးဆွဲထားတာမရှိပါဘူး။ ရုရှားတွေ ကျွန်တော်တို့ဆီက ဘာလိုချင်တာလဲ။ ကျွန်တော်တို့မြေကနေ ထွက် သွားပါဗျာ။” လို့ ဇီလန်စကီးက ပြောပါတယ်။

 

“ကျွန်တော်နဲ့အတူလာထိုင်ပါ။ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်နဲ့ မီတာ ၃၀ တောင်မဝေးပါဘူး။” လို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ပူတင်လက်ခံတွေ့ဆုံတဲ့ ကျော်ကြားလှတဲ့စားပွဲရှည်ကြီးကို ရည်ညွှန်းပြီး ဇာလန်စကီး ကပြောကြားလိုက်ပါတယ်။

 

Ref: Russia-Ukraine War Highlights: Putin Says Russian Military Advance In Ukraine “Going To Plan”

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 

Ref: Russia-Ukraine War Highlights: Putin Says Russian Military Advance In Ukraine “Going To Plan”

 

#PeopleMedia


Share this post