• Follow Us on

Home ရုရှားစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ချယ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ရှ်ကို သြစတေးလျက စီးပွားရေး အရေးယူပိတ်ဆို့မှု ချမှတ်ခဲ့

ရုရှားစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ချယ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ရှ်ကို သြစတေးလျက စီးပွားရေး အရေးယူပိတ်ဆို့မှု ချမှတ်ခဲ့

Share this post

Open photo

နိုင်ငံတကာ၊ မတ် ၁၄

 

ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်တဲ့အတွက် ရုရှားစီးပွားရေးလုပ်ငန်းရှင် ၃၂ ဦး၊ သူတို့ရဲ့ ဆွေမျိုးရင်းချာတွေနဲ့အတူ အင်္ဂလိပ်ဘောလုံးအသင်းဖြစ်တဲ့ ချယ်ဆီးအသင်းကိုပိုင်ဆိုင်တဲ့ ရုရှားလူမျိုး ရိုမန် အေဘရာမိုဗစ်ရှ်ကို သြစတေးလျအစိုးရက စီးပွားရေးပိတ်ဆို့အရေးယူမှုများ တနင်္လာနေ့က ချမှတ်လိုက်ပါ တယ်။

 

ဗြိတိန်အစိုးရက အေဘရာမိုဗစ်ရှ်ရဲ့ပိုင်ဆိုင်မှုတွေ သုံးစွဲခွင့်ကို ပြီးခဲ့တဲ့သီတင်းပတ်က ပိတ်ပင်လိုက်ပြီးတဲ့နောက် အင်္ဂလိပ်ပရီမီးယားလိဂ်အဖွဲ့က ချယ်ဆီးအသင်းရဲ့ဒါရိုက်တာအဖြစ် အေဘရာမိုဗစ်ရှ်ကို ပိတ်ပင်ခဲ့ပြီး မကြာခင် မှာပဲ စီးပွားရေးအရေးယူပိတ်ဆို့မှုချမှတ်တာတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ တခြားအနောက်နိုင်ငံတွေရဲ့ ခြေရာအတိုင်းလိုက်နင်းလာတဲ့ သြစတေးလျနိုင်ငံဟာ ရုရှားအစိုးရရင်းနှီးမြှုပ်နှံမှုအဓိကပါဝင်တဲ့ Gazprom စွမ်းအင်ကုမ္ပဏီရဲ့ အမှုဆောင်အရာ ရှိချုပ် အလက်ဇီမီလာနဲ့ ရုရှားလေကြောင်းလိုင်းဥက္ကဋ္ဌ ဒီမီထရီလီဘီဒက်ဗ်တို့လို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ကိုပါ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်အရသိရပါတယ်။

 

အခုချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေဟာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ အဆက်အသွယ်ရှိတဲ့ ရလဒ်အပါ အဝင် ကိုယ်ပိုင်ဥစ္စာဓနတွေ စုပြုံရှာဖွေနေပြီး ရုရှားနိုင်ငံအတွက် စီးပွားရေးနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေချမှတ်ဖို့အတွက် သြစတေးလျနိုင်ငံရဲ့ ကတိကဝတ်ကို ထပ်မံအားဖြည့်ပေးလိုက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ်ပိန်းက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံကို လက်နက်တွေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးပို့ခဲ့တဲ့ သြစတေးလျနိုင် ငံဟာ ရုရှားဘဏ် ၁၁ ခု အပါအဝင် ရုရှားစီးပွားရေးလုပ်ငန်း ၂၁ ခုကို စီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ပြဋ္ဌာန်း ခဲ့ပါတယ်။

 

ဒါ့အပြင် သြစတေးလျနိုင်ငံဟာ ဘယ်လာရုစ်အစိုးရနဲ့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေရယ်၊ ရုရှားသမ္မတဗလာဒီမာ ပူတင်နဲ့ ရုရှားအရာရှိတွေ၊ ရုရှားလုပ်ငန်းရှင်ကြီးတွေ အပါအဝင် ရုရှားလူမျိုး ၄၅၀ ခန့်ကို ခရီးသွားလာခွင့်တွေ ပိတ်ပင်တားဆီးခဲ့ပါတယ်။

 

Ref: Australia sanctions Abramovich, Russian oligarchs for Ukraine invasion

 

(unicode)


……………………………………………….

 


 


 


 


 


 


 


 

Ref: Australia sanctions Abramovich, Russian oligarchs for Ukraine invasion


Share this post