• Follow Us on

Home ရုရှားတပ်ဖွဲ့ဝင်များ အမေရိကန်လေ့ကျင့်ပေးထားတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ရနိုင်ဖွယ်ရှိ

ရုရှားတပ်ဖွဲ့ဝင်များ အမေရိကန်လေ့ကျင့်ပေးထားတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ရနိုင်ဖွယ်ရှိ

Share this post

Open photo

Open photo

နိုင်ငံတကာ၊ မတ် ၃

 

ယူကရိန်းနိုင်ငံကို ရုရှားကကျူးကျော်တိုက်ခိုက်ခဲ့ရာမှာ မျှော်မှန်းထားတာထက် ယူကရိန်းတပ်တွေက ပြင်းပြင်း ထန်ထန်ခုခံနေတဲ့အတွက် ရုရှားတပ်တွေဟာ သူတို့ရည်မှန်းချက်နေရာတွေကိုရရှိဖို့ အသည်းအသန်ကြိုးစား တိုက်ခိုက်နေရတာမို့ ယူကရိန်းကျူးကျော်မှုဟာ ထင်သလိုဖြစ်မလာဘူးလို့ ဆိုပါတယ်။

 

ရုရှားစစ်တပ်ရဲ့ အရည်အတွက်နဲ့ အရည်အချင်းတွေက သမ္မတပူတင်အလိုရှိနေတဲ့အောင်ပွဲကို အနှေးနဲ့အမြန် ယူဆောင်လာပေးနိုင်ဖွယ်ရှိပေမဲ့လည်း နောက်ပိုင်းမှာတော့ သမရိုးကျမဟုတ်တဲ့စစ်ပွဲစတင်ဖြစ်ပေါ်လာပါလိမ့် မယ်။ ၂၀၁၄ ခုနှစ် ခရိုင်းမီးယားကို ရုရှားတွေသိမ်းပိုက်ပြီးကတည်းက အဲဒီသမရိုးကျမဟုတ်တဲ့စစ်ပွဲအတွက် ယူ ကရိန်းတွေဘက်က ပြင်ဆင်ထားပါတယ်။

 

ခရိုင်းမီးယားကိုသိမ်းပိုက်ပြီးတဲ့အချိန်ကတည်းက အမေရိကန်နဲ့ အနောက်နိုင်ငံက အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် တွေဟာ ယူကရိန်းစစ်တပ်ကို အထူးကွန်မန်ဒိုအဖွဲ့တွေဖွဲ့စည်းပြီး သင်တန်းတွေပို့ချခဲ့ပါတယ်။

 

အဲဒီကွန်မန်ဒို တပ်ဖွဲ့ဝင်တွေဟာ ကျူးကျော်လာတဲ့သူတွေကို ပြောက်ကျားစစ်ဆင်နွှဲတိုက်ခိုက်ဖို့ ကြိုတင်လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။ ရုရှားသမ္မတပူတင်ဟာ ဆယ်စုနှစ်မပြည့်မီအချိန်ကလေးအတွင်းမှာပဲ ယူကရိန်းနိုင်ငံကို ဒုတိယအကြိမ်မြောက် ကျူးကျော်တိုက်ခိုက်လာတဲ့အတွက် အမေရိကန်ကွန်မန်ဒိုတွေက ယူကရိန်းကွန်မန်ဒိုတွေကို သင်ကြားပေးခဲ့တဲ့ သင်ခန်းစာတွေဟာ လက်ရှိအချိန်မှာဆက်စပ်မှုရှိလာပြီဖြစ်ပါတယ်။

 

သမရိုးကျမဟုတ်သောစစ်ဆင်ရေးအတွက် အမေရိကန်ကန်ကြည်းတပ် အထူးတပ်ဖွဲ့ဝင်များပါဝင်တဲ့ Green Berets တပ်ဖွဲ့ဝင်တွေနဲ့အတူ ယူကရိန်းအထူးတပ်ဖွဲ့ဝင်တွေနဲ့ အတူလက်တွဲအလုပ်လုပ်နေတဲ့ အမှတ် ၁၀ အထူးတပ်ဖွဲ့ဝင်တွေက ယူကရိန်းအထူးတပ်ဖွဲ့ဝင်တွေကို အထူးစစ်ဆင်ရေးအတွက် လေ့ကျင့်သင်ကြားပေးခဲ့ တာဖြစ်ပါတယ်။

 

အမေရိကန်ထောက်လှမ်းရေးအဖွဲ့ကလည်း ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် အထူးစစ်ဆင်ရေးနဲ့ ထောက်လှမ်း ရေးသင်တန်းတွေ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

 

အခုအချိန်အထိတော့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းအရပ်သားတွေကို ထိခိုက်မှုမရှိအောင် တတ်နိုင်သမျှ ရှောင်ရှားတိုက်ခိုက်နေတယ်လို့ ယူဆရပါတယ်။

 

ဒါပေမဲ့လည်း ယူကရိန်းအရပ်သားရာနဲ့ချီပြီး သေဆုံးခဲ့တယ်လို့ ယူကရိန်းအစိုးရကပြောပါတယ်။ ပြောက်ကျားစစ်ဆင်ရေးဆင်နွှဲတဲ့အခါ စစ်သည်တင်သံချပ်ကာယာဉ်တွေနဲ့အတူ ချီတက်လာမယ့် T-90 ပင်မ တိုက်ပွဲဝင်တင့်ကားတွေပါဝင်တဲ့စစ်ကြောင်းမျိုးဟာ ပစ်မှတ်အမာဖြစ်ပေမဲ့ ထောက်ပံ့ရေးထရပ်ကားတွေနဲ့ ရိက္ခာတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေစုပုံထားတဲ့နေရာတွေကတော့ ပစ်မှတ်အပျော့ဖြစ်ပါတယ်။

 

Ref: Russian troops may soon be fighting Ukrainian special operators with years of secretive training from the US

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Russian troops may soon be fighting Ukrainian special operators with years of secretive training from the US

 

#PeopleMedia


Share this post