• Follow Us on

Home ရုရှားတပ်မတော်အားကို သွေးတိုးမစမ်းရန် ရုရှားက ဂျာမနီကို သတိပေးပြောဆို

ရုရှားတပ်မတော်အားကို သွေးတိုးမစမ်းရန် ရုရှားက ဂျာမနီကို သတိပေးပြောဆို

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၆ (People Media)

 

ဂျာမန်ကာကွယ်ရေးဝန်ကြီး အန်နာဂရက်ခရမ်ပ်ကားရင်းဘာဝါက ရုရှားတပ်မတော်ကို သွေးတိုးစမ်းမှုကို ရပ် တန့်ထားနိုင်စွမ်းရှိရန် ဂျာမန်နိုင်ငံတွင် ဆင်ခြင်တုံတရားရှိသည့် ခေါင်းဆောင်များရှိလိမ့်မည်ဟု မျှော်လင့်ထား ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရာဗာက အောက်တိုဘာလ ၂၅ ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပြောဆိုလိုက်သည်။

 

“ရုရှားနိုင်ငံနဲ့ တင်းမာမှုတွေလျှော့ချနိုင်ရေးအတွက် အရေးကြီးတဲ့ဆွေးနွေးပွဲမှာ စိတ်ဝင်စားမှုမရှိဘူးဆိုတာ ဂျာ မန်ကာကွယ်ရေးဝန်ကြီး အန်နာဂရက်ခရမ်ပ်ကားရင်းဘာဝါက နေတိုးအစည်းအဝေးမတိုင်ခင် ထုတ်ဖော်ပြသ လိုက်တာပဲဖြစ်ပါတယ်။ နေတိုးအဖွဲ့ဟာ အဖွဲ့ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို အသုံးပြုပြီး ရုရှားနိုင်ငံကို ဆန့်ကျင် ရာမှာ စစ်ရေးအရအသင့်ဖြစ်မှုကို ထုတ်ဖော်ပြသရမယ်လို့ သူမက အမြဲတမ်း အလေးထားပြောဆိုလေ့ရှိတယ်။ ကျွန်မတို့ ရုရှားတပ်မတော်ရဲ့ အားထားလောက်တဲ့စစ်အင်အားကို အကဲစမ်းဖို့ အကြံဆိုးတွေမပေးနိုင်အောင် လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီးကို ထိန်းချုပ်ထားနိုင်တဲ့စွမ်းရည်ရှိတဲ့ ဆင်ခြင်တုံတရားရှိတွေခေါင်းဆောင်တွေ ဂျာမန်နိုင်ငံမှာရှိလိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။” ဟု မာရီယာဇာခါရာဗာကပြောသည်။

 

အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့သော နေတိုးအဖွဲ့ ဝန်ကြီးများအစည်းအဝေးတွင် ရုရှားနိုင်ငံကို ကိုင်တွယ်ထိန်းချုပ်နိုင်ရေးအတွက် နေတိုးမဟာမိတ်နိုင်ငံများက လမ်းကြောင်းရွေးချယ်ရန် နောက်ထပ်တစ်ကြိမ် အတည်ပြုခဲ့ကြကြောင်း ဇာခါရာဗာကပြောသည်။

 

“မကြာသေးခင်ကကျင်းပသွားတဲ့ နေတိုးအဖွဲ့ဝန်ကြီးများအစည်းအဝေးမှာ နှစ်ပေါင်း ၇၀ ကြာပြီးတဲ့နောက်မှာ ရည်ရွယ်ချက်က ရုရှားကို ဟန့်တားထိန်းချုပ်နိုင်ဖို့ဆိုတာကိုပဲ ထပ်ပြီးတော့ အတည်ပြုခဲ့ကြပါတယ်။ နေတိုး မဟာမိတ်နိုင်ငံတွေရဲ့ အဓိကစစ်ဆင်ရေးတွေကျရှုံးသွားတာမို့လို့ နောက်ထပ်တစ်ကြိမ် စစ်အေးတိုက်ပွဲကာလ ကလိုပဲ အရှေ့ဘက်က ရန်သူကိုတုံ့ပြန်ဖို့ဆိုပြီး ပုံပေါ်ဖော်လာပါတယ်။” ဟု သူမကပြောသည်။

 

“ဒီအတိုင်းအတာအထိပြောရမယ်ဆိုရင် နေတိုးကာကွယ်ရေးဝန်ကြီးတွေဟာ ဥရောပ-အတ္တလန်တစ်ဒေသမှာ ကာကွယ်ရေးနှင့် ဟန့်တားရေး အယူအဆသဘောတရားအရ မဟာဗျူဟာမြောက်အကောင်အထည်ဖော် ဆောင်ရွက်မယ့် အစီအမံတွေကို ထောက်ခံခဲ့ကြပါတယ်။ ပြီးတော့ အရှေ့ဘက်စစ်နယ်မြေနဲ့ပတ်သက်ပြီး နေ တိုးမဟာမိတ်တပ်ဖွဲ့တွေရဲ့ ကာကွယ်ရေးအစီအစဉ်တွေကို အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘော်လ တစ်ပင်လယ်နဲ့ ပင်လယ်နက်အပေါ်မှာ လေကြောင်းကင်းလှည့်မှုတွေ တိုးချဲ့ဆောင်ရွက်ဖို့၊ နေတိုးတပ်ဖွဲ့ဝင်တွေ ရဲ့ ရွှေ့ပြောင်းနိုင်မှုကို တိုးချဲ့ဆောင်ရွက်ဖို့ ရည်ရွယ်ထားခဲ့ကြတယ်။” သူမကပြောသည်။

 

ရုရှားနိုင်ငံအား နျူကလီးယားလက်နက်များလျှော့ချရေးစာချုပ်ကို ဖောက်ဖျက်နေသည်ဟုထပ်မံစွပ်စွဲခဲ့ကြောင်း၊ ယင်းစွပ်စွဲမှုကြောင့် နေတိုးမဟာမိတ်တပ်ဖွဲ့ဝင်များ လေကြောင်းရန်နှင့် ဒုံးခွင်းဒုံးစနစ်များကို ဆက်လက်အင် အားဖြည့်ခဲ့ရပြီး F-35 ဂျက်တိုက်လေယာဉ်များကို တပ်ဖြန့်ချထားခဲ့ရသည်ဟု ပြောဆိုလျက်ရှိကြောင်း သူမက ပြောသည်။

 

Ref: Russia warns Germany against testing Russian Armed Forces’ reliability – statement

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 

Ref: Russia warns Germany against testing Russian Armed Forces’ reliability – statement

 

#PeopleMedia


Share this post