• Follow Us on

Home ရုရှားတပ်များ ကျူးကျော်လာပါက ခုခံတိုက်ခိုက်ရန် လက်နက်အလုံအလောက်ရှိမည်ဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးကောင်စီအတွင်းရေးမှူးပြော

ရုရှားတပ်များ ကျူးကျော်လာပါက ခုခံတိုက်ခိုက်ရန် လက်နက်အလုံအလောက်ရှိမည်ဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးကောင်စီအတွင်းရေးမှူးပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁ (People Media)

 

ယူကရိန်းနိုင်ငံကို ရုရှားတပ်များ ကျူးကျော်တိုက်ခိုက်လာပါက မိမိနိုင်ငံမိမိကာကွယ်ရန်အတွက် စိတ်ကြိုက်သုံး စွဲနိုင်သော လက်နက်များလုံလောက်စွာရှိမည်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီ၏ အတွင်းရေးမှူး အိုလက်ဆီရီဒါနီလာဗ်က လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြလိုက်သည်။

 

“အခြေအနေအားလုံးကို ရင်ဆိုင်ရာမှာ ကျွန်တော်တို့မှာ မောင်းပြန်ရိုင်ဖယ်တွေ အလုံအလောက်ရှိဖို့အတွက် ပုဂ္ဂလိက စွန့်ဦးတီထွင်သူတွေကိုရဲ့စွန်းစားလုပ်ကိုင်မှုတွေကို နှိုးဆွပေးတာဟာ ယူကရိန်းစစ်ဘက်ဆိုင်ရာထုတ် လုပ်ရေးပြုပြင်မှုတွေရဲ့ အရေးအကြီးဆုံးသောဦးစားပေးလုပ်ငန်းတွေထဲက လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်” ဟု ဒါနီ လာဗ်က ပြောသည်။

 

“တစ်ပြိုင်တည်းမှာပဲ ရုရှားတပ်ဖွဲ့တွေ ကျူးကျော်ဝင်ရောက်လာခဲ့ရင် ယူကရိန်းပြည်သူတစ်ဝက်နီးပါးဟာ ရန်သူ ကိုခုခံတိုက်ခိုက်ဖို့ သူတို့လက်ထဲမှာ လက်နက်တွေအသင့်ရှိနေမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

 

အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအတွင်းရေးမှူး အိုလက်ဆီရီဒါနီလာဗ်နှင့် ယူကရိန်းကာကွယ်ရေး ဝန်ကြီး အိုလက်ဆီရီရက်ဇ်နီကော့ဗ်တို့ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များအတွက် လိုအပ်ချက်ကိုဖြည့်ဆည်း နိုင်ရန် ပုဂ္ဂလိက လက်နက်ထုတ်လုပ်သည့်စက်ရုံတစ်ခုသို့ သွားရောက်ကြည့်ရှုပြီးနောက် ဒါနီလာဗ်၏ မှတ်ချက် စကားထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

ယူကရိန်းလက်နက်ထုတ်လုပ်ရေးကုမ္ပဏီသည် UAR-15 မောင်းပြန်ရိုင်ဖယ်များ၊ UAR-10 မောင်းပြန်ရိုင်ဖယ် များ၊ UAR-10m သို့မဟုတ် UBR-008 စနိုက်ပါရိုင်ဖယ်များ ထုတ်လုပ်လျက်ရှိသည်။

 

UAR-10 မောင်းပြန်ရိုင်ဖယ်ရိုင်ဖယ်များကို ယူကရိန်းကြည်းတပ်တွင် တရားဝင်တပ်ဆင်သုံးစွဲနေပြီဖြစ်သည်။

 

ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများမတိုင်မီ ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်နှင့်ပတ် သက်၍ ဒါနီလာဗ်၏ ခန့်မှန်းတွက်ချက်မှုမှာ စစ်ထောက်လှမ်းရေးအဖွဲ့များ၏ ခန့်မှန်းတွက်ချက်မှုနှင့် ကွာခြားနေ ကြောင်းသိရသည်။

 

Ref: Ukraine to have enough weapons to repel attack of Russian troops,- Defense Council Secretary

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Ukraine to have enough weapons to repel attack of Russian troops,- Defense Council Secretary

 

#PeopleMedia


Share this post