• Follow Us on

Home ရုရှားတပ်တွေ အီရာပင်မြစ်ကိုဖြတ်ပြီး ကိယက်ဗ်မြို့ဘက်ကို ဝင်ရောက်နိုင်ဖို့ ကြိုးစားနေစဉ် သစ်ပင်ထူထပ် သော တောအုပ်ကို ဖြတ်သန်းနေရ

ရုရှားတပ်တွေ အီရာပင်မြစ်ကိုဖြတ်ပြီး ကိယက်ဗ်မြို့ဘက်ကို ဝင်ရောက်နိုင်ဖို့ ကြိုးစားနေစဉ် သစ်ပင်ထူထပ် သော တောအုပ်ကို ဖြတ်သန်းနေရ

Share this post

 

နိုင်ငံတကာ၊ မတ် ၁၇

 

ယူကရိန်းမြို့တော် ကိယက်ဗ်ကိုဝင်ရောက်သိမ်းပိုက်ဖို့အတွက် ရုရှားတပ်တွေဟာ အီရာပင်မြစ်ကိုဖြတ်ပြီး ချီ တက်လာရာမှာ သစ်ပင်တွေထူထပ်တဲ့သစ်တောတစ်ခုကို ဖြတ်ကျော်နေရတာကို ဗီဒီယိုဖိုင်တစ်ခုမှာတွေ့ရ ကြောင်း သိရပါတယ်။

 

ဗီဒီယိုဖိုင်ထဲမှာ သစ်ပင်တွေထူထပ်တဲ့တောအုပ်ထဲမှာ လူတစ်ယောက်လမ်းလျှောက်သွားနေတာကိုတွေ့ရပြီး ယူကရိန်းက တင့်ဖျက်လက်နက်နဲ့ပစ်လိုက်လို့ ရုရှားတင့်ကားတွေ မီးလောင်နေတာကို ပြချင်တဲ့ပုံလို့ယူဆရ ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

 

အဝေးက သေနတ်သံတွေကိုကြားနေရပြီး သေနတ်သံတွေပိုမိုကျယ်လောင်လာတဲ့အခါမှာ ဗီဒီယိုရိုက်ကူးနေတဲ့ သူက သူ့ရိုက်ကူးမှုကို ရပ်တန့်လိုက်ပြီး နောက်ပြန်ဆုတ်သွားတာတေ့ွရပါတယ်။

 

ရုရှားတပ်တွေဟာ ကိယက်ဗ်မြို့ကိုတိုက်ခိုက်ဖို့အတွက် မြစ်ကိုဖြတ်ကျော်လာခဲ့ပြီးပြီလို့ဆိုပါတယ်။

 

ယူကရိန်းတပ်ဖွဲ့ဝင်တွေက မို့ရှ်ချန်မြို့နားက မြစ်ကိုဖြတ်မယ့် ရုရှားတပ်ဖွဲ့တွေကို ဟန့်တားနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က မတ်လ ၁၆ ရက်နေ့က ပြောပါတယ်။

 

ယူကရိန်းတပ်တွေဟာ အီရာပင်မြစ်ကိုဖြတ်ကျော်တဲ့ရုရှားတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းပြည်ထဲ ရေးဝန်ကြီးဌာန အကြံပေးအရာရှိ ဗာဒန်ဒီနီဆန်ကိုက ပြောပါတယ်။

 

“ညဘက်မှာ တိုက်ခိ်ုက်ရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ ခြုံပြီးပြောရရင် ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ကိယက်ဗ်မြို့ အနီးမှာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းမြို့တော် ကိယက်ဗ်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်သိမ်းပိုက်မှာကို စိုးရိမ်မှုတွေမြင့်တက်နေတဲ့ ကြားမှာ ကိယက်ဗ်မြို့ အနောက်တောင်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

 

မာရီယူပိုးလ်နဲ့ ခါကိဗ်မြို့တွေမှာ လေကြောင်းက တိုက်ခိုက်ခဲ့သလိုမျိုး ရုရှားလေကြောင်းကနေ ကိယက်ဗ်မြို့ကို တိုက်ခိုက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

 

မာရီယူပိုးလ်မြို့ကို လေကြောင်းက တိုက်ခိုက်ရာမှာ အမျိုးသမီးဆေးရုံကို ထိမှန်ခဲ့တဲ့အတွက် ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် လူ ၃ ဦးသေဆုံးခဲ့ပါတယ်။

 

Ref: Russian troops storm woods as they attempt to enter Kyiv by crossing Irpin river

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Russian troops storm woods as they attempt to enter Kyiv by crossing Irpin river


Share this post