• Follow Us on

Home ရုရှားတိုက်လေယာဉ်များက အမေရိကန် B-52H ဗုံးကြဲလေယာဉ်အား လိုက်ပါပို့ဆောင်

ရုရှားတိုက်လေယာဉ်များက အမေရိကန် B-52H ဗုံးကြဲလေယာဉ်အား လိုက်ပါပို့ဆောင်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၇ (People Media)

 

အမေရိကန်ဗုံးကြဲလေယာဉ်တစ်စင်းက ရုရှားလေကြောင်းပိုင်နက်အတွင်းချဉ်းကပ်လာပြီးနောက် ရုရှားဂျက် တိုက်လေယာဉ်သုံးစင်းက အဆိုပါအမေရိကန်ဗုံးကြဲလေယာဉ်အား လိုက်ပါစောင့်ရှောက်ပို့ဆောင်ခဲ့ကြောင်း ရုရှားသတင်းဌာန TASS က ကြေညာခဲ့သည်။

 

တနင်္ဂနွေနေ့က ရုရှားအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေရှိ တာဝန်ထမ်းဆောင်နေသည့်ရေဒါများက ပစိဖိတ်  သမုဒ္ဒရာထက်တွင် ရုရှားနိုင်ငံလေကြောင်းပိုင်နက်သို့ ချဉ်းကပ်လာသော ပစ်မှတ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း TASS သတင်းဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

 

“အဲဒီလေယာဉ်ကို ဘာလေယာဉ်လဲဆိုတာ ရှာဖွေဖော်ထုတ်ပြီး လိုက်ပါပို့ဆောင်ပေးဖို့ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်လေကြောင်းရန်ကာကွယ်ရေးက Sukhoi-35S တိုက်ခိုက်ရေးဂျက်လေယာဉ်သုံးစင်း အရေးပေါ်ပျံတက်သွား ပါတယ်။” ဟု အမျိုးသားကာကွယ်ရေးစစ်ဌာနချုပ်က ပြောသည်။

 

အဆိုပါပစ်မှတ်မှာ အမေရိကန်လေတပ်မှ B-52H ဗုံးကြဲလေယာဉ်တစ်စင်းဖြစ်ကြောင်း ရုရှားတိုက်လေယာဉ်များ က စိစစ်အတည်ပြုခဲ့ပြီး ယင်းအမေရိကန်လေယာဉ်အား ပစိဖိတ် သမုဒ္ဒရာထက်ကောင်းကင်ယံတွင် လိုက်ပါ ပို့ ဆောင်ခဲ့ကြောင်း ရုှရှားတိုက်လေယာဉ်သုံးစင်း ပစ်မှတ်ရှိရာသို့ ပျံသန်းနေစဉ်အတွင်း အမျိုးသားကာကွယ်ရေး စစ်ဌာနချုပ်က ကြေညာခဲ့သည်။

 

“အဲဒီအမေရိကန်လေယာဉ်က ရုရှားနယ်စပ်ကို ကျူးကျော်ဝင်ရောက်တာမျိုးမရှိသလို ရုရှားတိုက်လေယာဉ်တွေ နားကိုလည်း အန္တရာယ်ပြုနိုင်တဲ့အနေအထားမျိုးနဲ့ ချဉ်းကပ်လာတာမျိုးမရှိပါဘူး။” ဟု အမျိုးသားကာကွယ်ရေး စစ်ဌာနချုပ်ကပြောသည်။ ရုရှားတိုက်လေယာဉ်များသည် နိုင်ငံတကာဥပဒေကို တိတိကျကျလိုက်နာခဲ့ပြီး အဆို ပါအမေရိကန်လေယာဉ်အား ရုရှားနယ်စပ်နှင့်ဝေးရာသို့ လိုက်ပါပို့ဆောင်ခဲ့ပြီးနောက် လေတပ်အခြေစိုက်စခန်း သို့ပြန်လည်ပျံသန်းမောင်းနှင်လာခဲ့ကြောင်း အမျိုးသားကာကွယ်ရေးစစ်ဌာနချုပ်ကပြောသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာနသို့ မေးမြန်းသော်လည်း တစ်စုံ တစ်ရာပြန်လည်ဖြေကြားခြင်းမရှိပေ။ ရုရှားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု သို့မဟုတ် နေတိုးလေတပ်ဖွဲ့များ ကြား တင်းမာမှုများမြင့်တင်လာစဉ်အတွင်း ယခုဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

 

ယခုနှစ်မတ်လအတွင်းက ရုရှားဗုံးကြဲလေယာဉ်များနောက်သို့ နေတိုးလေကြောင်းတပ်ဖွဲ့မှ တိုက်လေယာဉ်များ ၁၀ ကြိမ်တိတိလိုက်လံခြေရာခံခဲ့သည့်အပြင် မြောက်ပိုင်းပင်လယ်၊ ပင်လယ်နက်နှင့် ဘော်လတစ်ပင်လယ်ပြင် များအထက်တွင် အဆိုပါနေတိုးလေယာဉ်များ ပျံသန်းခဲ့ကြကြောင်း CNN က သတင်းထုတ်ပြန်ခဲ့သည်။

 

Ref: U.S. Air Force bomber is escorted out of Russian air space by fighter jets, country’s state TV claims

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: U.S. Air Force bomber is escorted out of Russian air space by fighter jets, country’s state TV claims

 

#PeopleMedia


Share this post