• Follow Us on

Home ႐ုရွားတြင္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား စတင္ထိုးေပး

႐ုရွားတြင္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား စတင္ထိုးေပး

Share this post

ေမာ္စကို၊ ဒီဇင္ဘာ ၅ (PeopleMedia)
႐ုရွားနိုင္ငံတြင္စေနေန႔၌ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးျခင္းအစီအစဥ္ကိုစတင္ေနၿပီး ၿမိဳ႕ေတာ္ေမာ္စကိုမွေဆးခန္းမ်ားတြင္ ေရာဂါေၾကာင့္အႏၲရာယ္ပိုရွိသူမ်ားကို ေဆးထိုးေပးေနသည္။
ၾသဂုတ္လတြင္ အသုံးျပဳခြင့္ေပးခဲ့သည့္ စပြတ္ညစ္-၅ ကာကြယ္ေဆးကို အသုံးျပဳထိုးေပးေနျခင္းျဖစ္သည္။
ထိုေဆးသည္ ၉၅ ရာခိုင္ႏႈန္းအစြမ္းထက္ေၾကာင္းေျပာၿပီး အဓိကေဘးထြက္ဆိုးက်ိဳးမ်ားမျဖစ္ေစေၾကာင္းထုတ္လုပ္သူမ်ားကေျပာေသာ္လည္း လူအမ်ားအျပား၌စမ္းသပ္ေနဆဲအဆင့္တြင္ရွိေနသည္။
ယခုသီတင္းပတ္ကုန္တြင္၂ႀကိမ္ထိုးရသည့္ေဆး၏ပထမဆုံးအႀကိမ္ထိုးရန္ လူေထာင္ခ်ီမွတ္ပုံတင္ထားေသာ္လည္း ႐ုရွားနိုင္ငံက မည္မၽွထုတ္လုပ္နိုင္ေၾကာင္း မရွင္းလင္းေသးေခ်။
ယခုႏွစ္ကုန္အထိ ေဆး ၂ သန္းထုတ္လုပ္နိုင္ရန္ ထုတ္လုပ္သူမ်ားက ခန္႔မွန္းထားသည္။
လူ ၁၃ သန္းေနထိုင္သည့္ေမာ္စကိုၿမိဳ႕မွ ေက်ာင္း၀န္ထမ္း၊ က်န္းမာေရး၀န္ထမ္းမ်ားႏွင့္ လူမႈလုပ္သားမ်ားကို ေအာက္တိုဘာလတြင္ ေဆးထိုးေပးထားေၾကာင္း ယခုတပတ္အေစာပိုင္းတြင္ ကာကြယ္ေဆးထိုးမည့္အစီအစဥ္ေၾကညာခဲ့သည့္ ေမာ္စကိုၿမိဳ႕ေတာ္၀န္ ဆာေဂး ဆိုဗန္နင္ကေျပာသည္။
ကာကြယ္ေဆးမ်ားပိုရလာပါကစာရင္းတြင္ပါ၀င္လာမည့္သူပိုမ်ားလာနိုင္သည္ဟုလည္းေျပာသည္။
Ref : Covid: Russia begins vaccinations in Moscow
#PeopleMedia
(unicode)
ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ စတင်ထိုးပေး
……………………………..
မော်စကို၊ ဒီဇင်ဘာ ၅ (PeopleMedia)
ရုရှားနိုင်ငံတွင်စနေနေ့၌ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကိုစတင်နေပြီး မြို့တော်မော်စကိုမှဆေးခန်းများတွင် ရောဂါကြောင့်အန္တရာယ်ပိုရှိသူများကို ဆေးထိုးပေးနေသည်။
သြဂုတ်လတွင် အသုံးပြုခွင့်ပေးခဲ့သည့် စပွတ်ညစ်-၅ ကာကွယ်ဆေးကို အသုံးပြုထိုးပေးနေခြင်းဖြစ်သည်။
ထိုဆေးသည် ၉၅ ရာခိုင်နှုန်းအစွမ်းထက်ကြောင်းပြောပြီး အဓိကဘေးထွက်ဆိုးကျိုးများမဖြစ်စေကြောင်းထုတ်လုပ်သူများကပြောသော်လည်း လူအများအပြား၌စမ်းသပ်နေဆဲအဆင့်တွင်ရှိနေသည်။
ယခုသီတင်းပတ်ကုန်တွင်၂ကြိမ်ထိုးရသည့်ဆေး၏ပထမဆုံးအကြိမ်ထိုးရန် လူထောင်ချီမှတ်ပုံတင်ထားသော်လည်း ရုရှားနိုင်ငံက မည်မျှထုတ်လုပ်နိုင်ကြောင်း မရှင်းလင်းသေးချေ။
ယခုနှစ်ကုန်အထိ ဆေး ၂ သန်းထုတ်လုပ်နိုင်ရန် ထုတ်လုပ်သူများက ခန့်မှန်းထားသည်။
လူ ၁၃ သန်းနေထိုင်သည့်မော်စကိုမြို့မှ ကျောင်း၀န်ထမ်း၊ ကျန်းမာရေး၀န်ထမ်းများနှင့် လူမှုလုပ်သားများကို အောက်တိုဘာလတွင် ဆေးထိုးပေးထားကြောင်း ယခုတပတ်အစောပိုင်းတွင် ကာကွယ်ဆေးထိုးမည့်အစီအစဉ်ကြေညာခဲ့သည့် မော်စကိုမြို့တော်၀န် ဆာဂေး ဆိုဗန်နင်ကပြောသည်။
ကာကွယ်ဆေးများပိုရလာပါကစာရင်းတွင်ပါ၀င်လာမည့်သူပိုများလာနိုင်သည်ဟုလည်းပြောသည်။
Ref : Covid: Russia begins vaccinations in Moscow

Share this post