• Follow Us on

Home ႐ုရွားထုတ္ ေလေၾကာင္းရန္ကာကြယ္ေရး S-400 ဒုံးမ်ား ႐ုရွားမွ တ႐ုတ္ကို ေပးပို႔ၿပီးျဖစ္

႐ုရွားထုတ္ ေလေၾကာင္းရန္ကာကြယ္ေရး S-400 ဒုံးမ်ား ႐ုရွားမွ တ႐ုတ္ကို ေပးပို႔ၿပီးျဖစ္

Share this post

ေမာ္စကို၊ ေဖေဖာ္ဝါရီ – ၅

႐ုရွားနိုင္ငံဟာ တ႐ုတ္နိုင္ငံဆီ S-400 Triumf ဒုံးပ်ံစနစ္ဒုတိယတပ္ရင္းေပးပို႔မႈၿပီးစီးသြားၿပီလို႔ ႐ုရွားစစ္တပ္ရဲ႕သံတမန္သတင္းရင္းျမစ္တစ္ေယာက္ကေျပာပါတယ္။ ေရေၾကာင္းကေနေပး ပို႔ခဲ့ၿပီး လႊဲေျပာင္းေပးအပ္တဲ့လက္မွတ္ကို ဒီဇင္ဘာက တ႐ုတ္နိုင္ငံမွာ လက္မွတ္ေရးထိုးခဲ့တာ ပါ။

ပစ္လႊတ္ကိရိယာတပ္ခြဲ ၂ ခြဲ၊ ေရဒီယိုေနရာျပစခန္းေတြ၊ စြမ္းအင္နဲ႕ဝန္ေဆာင္မႈပစၥည္းေတြ၊ အပိုပစၥည္းေတြနဲ႕ ကိရိယာေတြေပးပို႔ခဲ့ၿပီး အဆင့္ျမင့္ေလယာဥ္ဖ်က္ပဲ့ထိန္းဒုံးက်ည္ ၂ မ်ိဳး အစင္း ၁၂၀ ေက်ာ္ကိုလည္း ေပးအပ္ခဲ့တယ္လို႔ သတင္းရင္းျမစ္ကေျပာတယ္ဆိုၿပီး TASS သတင္းေအဂ်င္စီကေဖာ္ျပပါတယ္။

လက္မွတ္ေရးထိုးခ်ိန္မွာ ၁၈ လ အာမခံနဲ႕ျပင္ဆင္ေပးဖို႔ ႐ုရွားဘက္ကသေဘာတူခဲ့ပါတယ္။ ေရေၾကာင္းကေန ၂၀၁၉ ခုႏွစ္၊ ဇူလိုင္ုမွာ တ႐ုတ္နိုင္ငံဆီစတင္ေပးပို႔ခဲ့တာလည္းျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံဟာ ႐ုရွားနိုင္ငံကေနအဆင့္အျမင့္ဆုံး S-400 Triumfေျမျပင္မွေ ဝဟင္ပစ္ဒုံး က်ည္စနစ္ကို နိုင္ငံျခားကေန ပထမဆုံးဝယ္ယူခဲ့တဲ့နိုင္ငံျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္မွာ တပ္ရင္း ၂ ရင္းစာဝယ္ယူဖို႔ သေဘာတူခဲ့တာျဖစ္ၿပီး ပထမတပ္ရင္းကိုေတာ့ ၂၀၁၈ ခုႏွစ္၊ ေႏြဦးကာလမွာ လႊဲေျပာင္းေပးခဲ့တာပါ။

S-400 Triumfဟာ ၂၀၀၇ ခုႏွစ္မွာ စတင္အသုံးျပဳတဲ့ ေနာက္ဆုံးတာေဝးနဲ႕တာတို ေျမျပင္မွေ ဝဟင္ပစ္ဒုံးက်ည္စနစ္ျဖစ္ၿပီး ေလယာဥ္၊ ခ႐ုဇ္ဒုံးက်ည္နဲ႕ ပဲ့ထိန္းဒုံးက်ည္ေတြကို ဖ်က္ဆီးဖို႔ ရည္႐ြယ္ပါတယ္။ ႐ုရွားနိုင္ငံက S-400 စနစ္ကို တ႐ုတ္၊ တူရကီနဲ႔ အိႏၵိယနိုင္ငံတို႔ကို ေရာင္းခ်ထားပါတယ္။

Source – TASS

Photo – TASS

#PeopleMedia

#Russia #China #S400 #AntiAircraftMissileSystem

[Unicode]
ရုရှားထုတ် လေကြောင်းရန်ကာကွယ်ရေး S-400 ဒုံးများ ရုရှားမှ တရုတ်ကို ပေးပို့ပြီးဖြစ်
……………………………………………………………………………….

မော်စကို၊ ဖေဖော်ဝါရီ – ၅

ရုရှားနိုင်ငံဟာ တရုတ်နိုင်ငံဆီ S-400 Triumf ဒုံးပျံစနစ်ဒုတိယတပ်ရင်းပေးပို့မှုပြီးစီးသွားပြီလို့ ရုရှားစစ်တပ်ရဲ့သံတမန်သတင်းရင်းမြစ်တစ်ယောက်ကပြောပါတယ်။ ရေကြောင်းကနေပေး ပို့ခဲ့ပြီး လွှဲပြောင်းပေးအပ်တဲ့လက်မှတ်ကို ဒီဇင်ဘာက တရုတ်နိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့တာ ပါ။

ပစ်လွှတ်ကိရိယာတပ်ခွဲ ၂ ခွဲ၊ ရေဒီယိုနေရာပြစခန်းတွေ၊ စွမ်းအင်နဲ့ဝန်ဆောင်မှုပစ္စည်းတွေ၊ အပိုပစ္စည်းတွေနဲ့ ကိရိယာတွေပေးပို့ခဲ့ပြီး အဆင့်မြင့်လေယာဉ်ဖျက်ပဲ့ထိန်းဒုံးကျည် ၂ မျိုး အစင်း ၁၂၀ ကျော်ကိုလည်း ပေးအပ်ခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောတယ်ဆိုပြီး TASS သတင်းအေဂျင်စီကဖော်ပြပါတယ်။

လက်မှတ်ရေးထိုးချိန်မှာ ၁၈ လ အာမခံနဲ့ပြင်ဆင်ပေးဖို့ ရုရှားဘက်ကသဘောတူခဲ့ပါတယ်။ ရေကြောင်းကနေ ၂၀၁၉ ခုနှစ်၊ ဇူလိုင်ုမှာ တရုတ်နိုင်ငံဆီစတင်ပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံကနေအဆင့်အမြင့်ဆုံး S-400 Triumfမြေပြင်မှ ေဝဟင်ပစ်ဒုံး ကျည်စနစ်ကို နိုင်ငံခြားကနေ ပထမဆုံးဝယ်ယူခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ တပ်ရင်း ၂ ရင်းစာဝယ်ယူဖို့ သဘောတူခဲ့တာဖြစ်ပြီး ပထမတပ်ရင်းကိုတော့ ၂၀၁၈ ခုနှစ်၊ နွေဦးကာလမှာ လွှဲပြောင်းပေးခဲ့တာပါ။

S-400 Triumfဟာ ၂၀၀၇ ခုနှစ်မှာ စတင်အသုံးပြုတဲ့ နောက်ဆုံးတာဝေးနဲ့တာတို မြေပြင်မှ ေဝဟင်ပစ်ဒုံးကျည်စနစ်ဖြစ်ပြီး လေယာဉ်၊ ခရုဇ်ဒုံးကျည်နဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ဖျက်ဆီးဖို့ ရည်ရွယ်ပါတယ်။ ရုရှားနိုင်ငံက S-400 စနစ်ကို တရုတ်၊ တူရကီနဲ့ အိန္ဒိယနိုင်ငံတို့ကို ရောင်းချထားပါတယ်။

Source – TASS

Photo – TASS

#PeopleMedia

#Russia #China #S400 #AntiAircraftMissileSystem


Share this post