• Follow Us on
Latest News

Home ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ အိန္ဒိယဝယ်ယူမှု ဟန့်တားရန် အမေရိကန် ကြိုးပမ်း

ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ အိန္ဒိယဝယ်ယူမှု ဟန့်တားရန် အမေရိကန် ကြိုးပမ်း

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃ (People Media)

 

ရုရှားထုတ် S-400 ဒုံးကျည်လေကြောင်းရန်ကာကွယ်ရေးစနစ်လက်နက်များကို အိန္ဒိယနိုင်ငံက ဆက်လက်ဝယ် ယူနေမှုအား အမေရိကန်နိုင်ငံက ဟန့်တားရန်ကြိုးပမ်းနေသော်လည်း အိန္ဒိယနိုင်ငံကို အမေရိကန်ရန်သူများကို စီးပွားရေးအရေးယူပိတ်ဆို့မှုလက်နက်ဖြင့်တန်ပြန်တိုက်ခိုက်ရေးဥပဒေဖြင့် (CAATSA – Countering America’ s Adversaries Through Sanctions Act) တိုက်ခိုက်ရေးအတွက် ဆုံးဖြတ်ချက်ချရန် ချိန်ဆနေစဉ်အတွင်း အမေရိကန်အစိုးရအနေဖြင့် အရေးကြီးသော ပထဝီမဟာဗျူဟာ မြောက်အချက်အလက်များကို ထည့်သွင်းစဉ်း စားသွားမည်ဖြစ်သည်။

 

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံသည် အမေရိကန်ဒေါ်လာ ၅ ဘီလျံတန်ကြေးရှိ S-400 လေ ကြောင်းရန်ကာကွယ်ရေးစနစ် ငါးယူနစ်ကို ရုရှားနိုင်ငံမှ ဝယ်ယူသွားရန် လက်မှတ်ရေးထိုးခဲ့သည်။ အိန္ဒိယနိုင်ငံ သည် ယင်းသို့လုပ်ဆောင်ပါက အမေရိကန်၏အရေးယူပိတ်ဆို့မှုကို ဖိတ်ခေါ်ရာကျမည်ဖြစ်ကြောင်း ထိုစဉ်က သမ္မတထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရက သတိပေးနေသည့်ကြားမှ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

 

အိန္ဒိယနိုင်ငံက S-400 ဒုံးကျည်လေကြောင်းရန်ကာကွယ်ရေးစနစ်များဝယ်ယူခြင်းကြောင့် အမေရိကန် ရန်သူ များကို စီးပွားရေးအရေးယူပိတ်ဆို့မှုလက်နက်ဖြင့်တန်ပြန်တိုက်ခိုက်ရေးဥပဒေ (CAATSA) ပါ ပြဋ္ဌာန်းချက်များ အရ အိန္ဒိယနိုင်ငံကို စီးပွားရေးအရေးယူပိတ်ဆို့မှုများ သတ်မှတ်ပြဋ္ဌာန်းရေး ချမှတ်မည်/ မချမှတ်မည်ကို သမ္မတ ဘိုင်ဒန်အစိုးရက ရှင်းလင်းစွာ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

 

အမေရိကန် ရန်သူများကို စီးပွားရေးအရေးယူပိတ်ဆို့မှုလက်နက်ဖြင့်တန်ပြန်တိုက်ခိုက်ရေးဥပဒေ (CAATSA) သည် ၂၀၁၇ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော ပြင်းထန်သည့် ဥပဒေတစ်ရပ်ဖြစ်ပြီး ယင်းဥပဒေအရ ရုရှားနိုင်ငံမှ အဓိကစစ်လက်နက်ပစ္စည်းများဝယ်ယူသည့်နိုင်ငံများကို စီးပွားရေးအရေးယူပိတ်ဆို့မှုများချမှတ်၍ ဒဏ်ခတ်နိုင် ရန် အမေရိကန်အစိုးရကို လုပ်ပိုင်ခွင့်ပေးထားသည်။

 

ရုရှားနိုင်ငံထံမှ S-400 ဒုံးကျည်လေကြောင်းရန်ကာကွယ်ရေးစနစ်  ဝယ်ယူခဲ့ခြင်းကြောင့် တူရကီနိုင်ငံအား CAATSA ဥပဒေအရ အမေရိကန်နိုင်ငံက စီးပွားရေးအရေးယူပိတ်ဆို့ခဲ့ပြီးဖြစ်သည်။

 

S-400 ဒုံးကျည်များဝယ်ယူမှုကြောင့် အမေရိကန်နိုင်ငံက တူရကီနိုင်ငံကို စီးပွားရေးဒဏ်ခတ်အရေးယူမှုများ ပြ ဋ္ဌာန်းခဲ့သည်ကိုထောက်ရှုပါက အမေရိကန်နိုင်ငံက အိန္ဒိယနိုင်ငံကိုလည်း စီးပွားရေးအရေးယူပိတ်ဆို့မှုများ ချ မှတ်နိုင်ကြောင်း တွက်ဆရသည်။ ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံကို စစ်လက်နက်ပစ္စည်းများ အဓိကရောင်းချနေ သည့်နိုင်ငံဖြစ်သည်။

 

“အခြေအနေတွေ မတူကွဲပြားခြားနားတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ လုံခြုံရေးဆိုင်ရာ မိတ်ဖက် အဖွဲ့အ စည်းတွေမတူညီပါဘူး။ ကျွန်တော်တို့အပေါ် ခြိမ်းခြောက်မှုမရှိတဲ့ မိတ်ဆွေနိုင်ငံတွေကို စီးပွားရေးအရ အရေး ယူပိတ်ဆို့ဖို့ ဖြစ်နိုင်သလားဆိုတာကို ကျွန်တော်တို့ စဉ်းစားသင့်တယ်လို့ ဘယ်လိုလုပ် ယုံကြည်ရမလဲ။” ဟု လွှတ်တော်အမတ် တက်ဒ်ယောင်းက ပြောသည်။

 

Ref: US Discourages India From Acquiring Russian S-400 Missile Defence Systems

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 

Ref: US Discourages India From Acquiring Russian S-400 Missile Defence Systems

 

#PeopleMedia


Share this post