• Follow Us on

Home ရုရှားထုတ် S-500 လေကြောင်းရန်ကာကွယ်ရေးစနစ်သစ် တာဝန်ထမ်းဆောင်နေပြီဖြစ်

ရုရှားထုတ် S-500 လေကြောင်းရန်ကာကွယ်ရေးစနစ်သစ် တာဝန်ထမ်းဆောင်နေပြီဖြစ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၈ (People Media)

 

ရုရှားနိုင်ငံ၏ လက်နက်သစ်ဖြစ်သော S-500 လေကြောင်းရန်ကာကွယ်ရေးစနစ်အား စတင်တပ်ဆင်အသုံးပြု နေပြီဖြစ်ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် ယူရီဘောရစ်ဆာ့ဗ်က စက်တင်ဘာ ၁၆ ရက်နေ့က ကြေညာလိုက် သည်။

 

နောက်ထပ်မျိုးဆက်သစ်လက်နက်စနစ်ကို စမ်းသပ်စစ်ဆေးပြီးဖြစ်ကြောင်း၊ လက်နက်စနစ်သစ်ပထမအသုတ် ကို ထုတ်လုပ်ပြီး လက်ရှိအချိန်တွင် ရုရှားတပ်မတော်၌ တပ်ဆင်အသုံးပြုနေပြီဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ယူရီဘောရစ်ဆာ့ဗ်က သတင်းထောက်များကိုပြောသည်။

 

သို့သော် လက်နက်စနစ်သစ်အစိတ်အပိုင်းများ တပ်ဆင်ရန် လိုအပ်နေသေးကြောင်း၊ တာဝန်ထမ်းဆောင်ရန်အ တွက် ပထမဦးဆုံးတပ်ဆင်ထားသော ပစ္စည်းများမှာ လက်နက်ထုတ်လုပ်သူများလိုချင်သည့် အကွာအဝေးသို့ အပြည့်အဝရောက်ရှိခြင်းမရှိသေးကြောင်း ယူရီဘောရစ်ဆာ့ဗ်က ပြောသည်။ S-500 ဒုံးကျည်စနစ်သစ်သည် လက်ရှိအသုံးပြုနေသော S-400 ဒုံးကျည်စနစ်ကို အစားထိုးသွားမည်ဖြစ်သည်။

 

ရုရှားအစိုးရပိုင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Almaz-Antey ကုမ္ပဏီကထုတ်လုပ်ထား သည့် S-500 ဒုံးကျည်စနစ်သစ်ကို တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များနှင့် အခြားလေကြောင်းတိုက်ခိုက်မှုများကို ကြားဖြတ်တိုက် ခိုက်ရန်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) အထိ ပစ်ခတ်နိုင်သည်။

 

အဆိုပါ S-500 ဒုံးကျည်စနစ်သစ်သည် အကွာအဝေး ကီလိုမီတာ ၆၀၀ (၃၇၂ မိုင်) ရှိ ပစ်မှတ် ၁၀ ခုကို တပြိုင် တည်းပစ်ခတ်နိုင်ပြီး ဒုံးကျည်၏ပြန်လည်တုံ့ပြန်နိုင်သည့်အချိန်ပမာဏမှာ S-400 ဒုံးကျည်စနစ်ထက် သုံး/လေး စက္ကန့် ပိုမိုမြန် ဆန်ကြောင်းသိရသည်။

 

S-500 ဒုံးကျည်စနစ်သစ်သည် ရန်သူ့နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များကို တိတိကျကျ ဖျက်ဆီးပစ်နိုင် သည့်စွမ်းရည်ရှိသော ဓာတုတုံ့ပြန်မှုမရှိသောသတ္တုထိပ်ဖူးများတပ်ဆင်ထားသည့် 77N6-N ဒုံးကျည်များနှင့် 77N6-N1 ဒုံးကျည်များကို အသုံးပြုထားသည်။

 

ရုရှားနိုင်ငံ ကက်ယုစတင်ယာ ဒုံးကျည်ပစ်လွှတ်ရေးစခန်းတွင် S-500 ဒုံးကျည်စနစ်သစ် စမ်းသပ်ပစ်လွှတ်နေ သည့် ဗီဒီယိုဖိုင်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခုနှစ်အစောပိုင်းကာလက ထုတ်လွှင့်ပြသခဲ့သည်။ စမ်း သပ်ပစ်လွှတ်မှုတွင် မြန်နှုန်းမြင့်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

 

Ref: New Russian S-500 Air Defense System Enters Service

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: New Russian S-500 Air Defense System Enters Service

 

#PeopleMedia


Share this post