• Follow Us on

Home ႐ုရွားနိုင္ငံက ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ထုတ္လုပ္မႈ စတင္

႐ုရွားနိုင္ငံက ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ထုတ္လုပ္မႈ စတင္

Share this post

နိုင္ငံတကာ၊ ၾသဂုတ္ ၁၆

သမၼတ ဗလာဒီမာပူတင္က ကာကြယ္ေဆးတစ္မ်ိဳးကို အတည္ျပဳသည့္ ကမာၻ႔ ပထမဆုံးတိုင္းျပည္အျဖစ္ ေၾကညာၿပီးေနာက္ ပထမအသုတ္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ထုတ္လုပ္ခဲ့ေၾကာင္း ႐ုရွားနိုင္ငံက ေျပာၾကား လိုက္သည္။

သမၼတ ပူတင္၏ ၾသဂုတ္လ ၁၁ ရက္က ဗိုင္းရပ္စ္ကာကြယ္ေဆးႏွင့္ပတ္သက္ေသာ ေၾကညာခ်က္ကို သိပၸံပညာရွင္မ်ားႏွင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းထံမွ သတိေပးခဲ့ၿပီး ေဘးအႏၲရာယ္ကင္းမႈ ျပန္လည္သုံးသပ္ ရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။

ဂါမာလီယာအင္စတီက်ဳ႕ရဲ႕ ပထမအသုတ္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ထုတ္လုပ္ပါၿပီ” ဟု က်န္း မာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာသည္။

လက္ေတြ႕စမ္းသပ္မႈမ်ား မၿပီးဆုံးေသးသလို လူေပါင္း ၂၀၀၀ ေက်ာ္ပါဝင္ေသာ ေနာက္ဆုံးအဆင့္ စမ္း သပ္မႈကို ယခုအပတ္အတြင္း စတင္ခဲ့ေသာ္လည္း ဗိုင္းရပ္စ္ကာကြယ္ေဆးက အႏၲရာယ္ကင္းၿပီး သမီးတစ္ဦးကို ကာကြယ္ေဆးထိုးခဲ့ေၾကာင္း သမၼတ ပူတင္က ေျပာၾကားခဲ့သည္။

အေနာက္နိုင္ငံမ်ားမွ သိပၸံပညာရွင္မ်ားက ကာကြယ္ေဆးတစ္မ်ိဳး ျမန္ဆန္စြာ ထုတ္လုပ္မႈက အႏၲရာယ္ မ်ားေၾကာင္း သတိေပးခဲ့ေသာ္လည္း ႐ုရွားနိုင္ငံ၏ သုေတသသနကို ထိခိုက္ေစသည့္ ႀကိဳးပမ္းမႈတစ္ရပ္ဟုဆိုကာ ပူတင္က ေဝဖန္မႈမ်ားကို ရႈတ္ခ်ခဲ့သည္။

႐ုရွားနိုင္ငံထုတ္ ဗိုင္းရပ္စ္ကာကြယ္ေဆးကို ၁၉၅၇ ခုႏွစ္တြင္ အာကာသအတြင္း ပထမဆုံးအႀကိမ္ လႊတ္ တင္ခဲ့သည့္ ဆိုဗီယက္ေခတ္ ၿဂိဳဟ္တုျဖစ္ေသာ “စပြတ္ညစ္ ဗြီ” ဟု ေခၚဆိုသည္။

အဆိုပါဗိုင္းရပ္စ္ကာကြယ္ေဆးကို ေမာ္စကိုၿမိဳ႕ေတာ္ရွိ ကူးစက္ေရာဂါဆိုင္ရာ သုေတသနအဖြဲ႕အစည္း ျဖစ္သည့္ ဂါမာလီယာက ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနႏွင့္ ညွိႏွိုင္းေဆာင္႐ြက္ကာ ထုတ္လုပ္ခဲ့ျခင္းျဖစ္သည္။

ဗိုင္းရပ္စ္ကာကြယ္ေဆး ထုတ္လုပ္မႈကို စက္တင္ဘာလမွ စတင္မည္ဟု ေမွ်ာ္မွန္းရၿပီး ဒီဇင္ဘာ သို႔မ ဟုတ္ ဇန္နဝါရီလမွစ၍ တစ္လလ်င္ အလုံးေရ ၅ သန္း ထုတ္လုပ္ရန္ စီစဥ္ထားေၾကာင္း ႐ုရွားနိုင္ငံက ေျပာသည္။

ဗိုင္းရပ္စ္ကာကြယ္ေဆးကို ပထမဆုံးအေနျဖင့္ ဆရာဝန္မ်ား၊ ေနာက္ပိုင္း ႐ုရွားနိုင္ငံသားအားလုံးရရွိ ေအာင္ ေဆာင္႐ြက္မည္ဟု က်န္းမာေရးဝန္ႀကီး မီေခးလ္မူရတ္ရွ္ကိုက ေျပာၾကားခဲ့သည္။

ဗိုင္းရပ္စ္ကူးစက္မႈ ၉၁၇၀၀၀ ေက်ာ္ရွိေသာ ႐ုရွားနိုင္ငံက အေမရိကန္၊ ဘရာဇီးႏွင့္ အိႏၵိယနိုင္ငံၿပီးလ်င္ ကမာၻေပၚတြင္ ကူးစက္မႈအရ စတုတၳအျမင့္ဆုံးတိုင္းျပည္ျဖစ္သည္။

႐ုရွားနိုင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသ ဆုံးသူ ၁၅၄၀၀ ဦး၊ ေဆး႐ုံတက္ကုသသူ ၉၂၀၀၀ ဦးႏွင့္ အထူးၾကပ္မတ္ေဆာင္၌ ကုသမႈခံယူရသူ ၂၉၀၀ ဦးရွိ ေၾကာင္း သိရသည္။

ကိုးကား – ဗန္ေကာက္ပို႔စ္

Ref; Russia starts producing vaccine

[Unicode]
ရုရှားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်မှု စတင်
………………………………………………………

နိုင်ငံတကာ၊ သြဂုတ် ၁၆

သမ္မတ ဗလာဒီမာပူတင်က ကာကွယ်ဆေးတစ်မျိုးကို အတည်ပြုသည့် ကမ္ဘာ့ ပထမဆုံးတိုင်းပြည်အဖြစ် ကြေညာပြီးနောက် ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ခဲ့ကြောင်း ရုရှားနိုင်ငံက ပြောကြား လိုက်သည်။

သမ္မတ ပူတင်၏ သြဂုတ်လ ၁၁ ရက်က ဗိုင်းရပ်စ်ကာကွယ်ဆေးနှင့်ပတ်သက်သော ကြေညာချက်ကို သိပ္ပံပညာရှင်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းထံမှ သတိပေးခဲ့ပြီး ဘေးအန္တရာယ်ကင်းမှု ပြန်လည်သုံးသပ် ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဂါမာလီယာအင်စတီကျု့ရဲ့ ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်ပါပြီ” ဟု ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။

လက်တွေ့စမ်းသပ်မှုများ မပြီးဆုံးသေးသလို လူပေါင်း ၂၀၀၀ ကျော်ပါဝင်သော နောက်ဆုံးအဆင့် စမ်း သပ်မှုကို ယခုအပတ်အတွင်း စတင်ခဲ့သော်လည်း ဗိုင်းရပ်စ်ကာကွယ်ဆေးက အန္တရာယ်ကင်းပြီး သမီးတစ်ဦးကို ကာကွယ်ဆေးထိုးခဲ့ကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့သည်။

အနောက်နိုင်ငံများမှ သိပ္ပံပညာရှင်များက ကာကွယ်ဆေးတစ်မျိုး မြန်ဆန်စွာ ထုတ်လုပ်မှုက အန္တရာယ် များကြောင်း သတိပေးခဲ့သော်လည်း ရုရှားနိုင်ငံ၏ သုတေသသနကို ထိခိုက်စေသည့် ကြိုးပမ်းမှုတစ်ရပ်ဟုဆိုကာ ပူတင်က ဝေဖန်မှုများကို ရှုတ်ချခဲ့သည်။

ရုရှားနိုင်ငံထုတ် ဗိုင်းရပ်စ်ကာကွယ်ဆေးကို ၁၉၅၇ ခုနှစ်တွင် အာကာသအတွင်း ပထမဆုံးအကြိမ် လွှတ် တင်ခဲ့သည့် ဆိုဗီယက်ခေတ် ဂြိုဟ်တုဖြစ်သော “စပွတ်ညစ် ဗွီ” ဟု ခေါ်ဆိုသည်။

အဆိုပါဗိုင်းရပ်စ်ကာကွယ်ဆေးကို မော်စကိုမြို့တော်ရှိ ကူးစက်ရောဂါဆိုင်ရာ သုတေသနအဖွဲ့အစည်း ဖြစ်သည့် ဂါမာလီယာက ရုရှား ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်မှုကို စက်တင်ဘာလမှ စတင်မည်ဟု မျှော်မှန်းရပြီး ဒီဇင်ဘာ သို့မ ဟုတ် ဇန်နဝါရီလမှစ၍ တစ်လလျင် အလုံးရေ ၅ သန်း ထုတ်လုပ်ရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံက ပြောသည်။

ဗိုင်းရပ်စ်ကာကွယ်ဆေးကို ပထမဆုံးအနေဖြင့် ဆရာဝန်များ၊ နောက်ပိုင်း ရုရှားနိုင်ငံသားအားလုံးရရှိ အောင် ဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီး မီခေးလ်မူရတ်ရှ်ကိုက ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှု ၉၁၇၀၀၀ ကျော်ရှိသော ရုရှားနိုင်ငံက အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံပြီးလျင် ကမ္ဘာပေါ်တွင် ကူးစက်မှုအရ စတုတ္ထအမြင့်ဆုံးတိုင်းပြည်ဖြစ်သည်။

ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေ ဆုံးသူ ၁၅၄၀၀ ဦး၊ ဆေးရုံတက်ကုသသူ ၉၂၀၀၀ ဦးနှင့် အထူးကြပ်မတ်ဆောင်၌ ကုသမှုခံယူရသူ ၂၉၀၀ ဦးရှိ ကြောင်း သိရသည်။

ကိုးကား – ဗန်ကောက်ပို့စ်

Ref; Russia starts producing vaccine


Share this post