• Follow Us on

Home ႐ုရွားနိုင္ငံက တိုက္ခ်င္းပစ္ဒုံးက်ည္မ်ား စမ္းသပ္ပစ္လႊတ္

႐ုရွားနိုင္ငံက တိုက္ခ်င္းပစ္ဒုံးက်ည္မ်ား စမ္းသပ္ပစ္လႊတ္

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၃ (People Media)
 
႐ုရွားတပ္မေတာ္က အိုေကာ့ခ္ပင္လယ္ျပင္ရွိ ေရငုပ္သေဘၤာတစ္စင္းမွ တိုက္ခ်င္းပစ္ဒုံးက်ည္တစ္စင္း စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားသည္။
 
ဒုံးထိပ္ဖူးပုံတူမ်ား တပ္ဆင္ထားသည့္ ဘူလာဗာ တိုက္ခ်င္းပစ္ဒုံးက်ည္မ်ားကို ဗလာဒီမာမိုနိုမာ ေရငုပ္သေဘၤာမွ ပစ္လႊတ္ခဲ့ျခင္းျဖစ္ၿပီး မိုင္ ၃၄၀၀ ေက်ာ္ ကြာေဝးသည့္ ႐ုရွားနိုင္ငံအေနာက္ေျမာက္ပိုင္း အာခန္ ဂ်ယ္ခ္ေဒသရွိ သတ္မွတ္ထားေသာပစ္မွတ္မ်ားကို ထိမွန္ခဲ့သည္။
 
႐ုရွားနိုင္ငံ မဟာဗ်ဴဟာေျမာက္ န်ဴကလီးယားတပ္ဖြဲ႕၏ ေလးရက္ၾကာ စစ္ေရးေလ့က်င့္မႈ ၿပီးစီးသည့္ အ ထိမ္းအမွတ္အျဖစ္ တိုက္ခ်င္းပစ္ဒုံးက်ည္ စမ္းသပ္ပစ္လႊတ္ခဲ့ျခင္းျဖစ္သည္။
 
အဆိုပါစစ္ေရးေလ့က်င့္မႈတြင္ ဘားရန္႔ပင္လယ္ျပင္မ် ဒုံးက်ည္ပစ္လႊတ္ျခင္း၊ ႐ုရွားနိုင္ငံအေနာက္ေျမာက္ ပိုင္းရွိ ပလီဆတ္ခ္ေဒသမွ ေျမျပင္အေျချပဳ တိုက္ခ်င္းပစ္ဒုံးက်ည္ပစ္လႊတ္ျခင္းတို႔လည္း ပါဝင္ခဲ့သည္။
 
အေမရိကန္နိုင္ငံႏွင့္ ခ်ဳပ္ဆိုထားသည့္ န်ဴကလီးယားစာခ်ဳပ္တစ္ရပ္ သက္တမ္းကုန္ရန္ ႏွစ္လအလို အ ေနာက္နိုင္ငံမ်ားႏွင့္ တင္းမာမႈမ်ား ျမင့္တက္ေနစဥ္ ယခုစစ္ေရးေလ့က်င့္မႈ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
 
႐ုရွားႏွင့္ အေမရိကန္နိုင္ငံတို႔က မဟာဗ်ဴဟာေျမာက္လက္နက္သစ္မ်ား ေလၽွာ့ခ်ေရးစာခ်ဳပ္ေခၚ New START သက္တမ္းတိုးရန္ သေဘာတူခဲ့သည္။
 
ကိုးကား – နယူးေယာက္ပို႔စ္
 
Ref; Russia test-fires ballistic missiles
 
#PeopleMedia
 
(unicode)
ရုရှားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ် …………………………………
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃ (People Media) ရုရှားတပ်မတော်က အိုကော့ခ်ပင်လယ်ပြင်ရှိ ရေငုပ်သင်္ဘောတစ်စင်းမှ တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ဒုံးထိပ်ဖူးပုံတူများ တပ်ဆင်ထားသည့် ဘူလာဗာ တိုက်ချင်းပစ်ဒုံးကျည်များကို ဗလာဒီမာမိုနိုမာ ရေငုပ်သင်္ဘောမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး မိုင် ၃၄၀၀ ကျော် ကွာဝေးသည့် ရုရှားနိုင်ငံအနောက်မြောက်ပိုင်း အာခန် ဂျယ်ခ်ဒေသရှိ သတ်မှတ်ထားသောပစ်မှတ်များကို ထိမှန်ခဲ့သည်။ ရုရှားနိုင်ငံ မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့၏ လေးရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြီးစီးသည့် အ ထိမ်းအမှတ်အဖြစ် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ဘားရန့်ပင်လယ်ပြင်မျ ဒုံးကျည်ပစ်လွှတ်ခြင်း၊ ရုရှားနိုင်ငံအနောက်မြောက် ပိုင်းရှိ ပလီဆတ်ခ်ဒေသမှ မြေပြင်အခြေပြု တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်ခြင်းတို့လည်း ပါဝင်ခဲ့သည်။ အမေရိကန်နိုင်ငံနှင့် ချုပ်ဆိုထားသည့် နျူကလီးယားစာချုပ်တစ်ရပ် သက်တမ်းကုန်ရန် နှစ်လအလို အ နောက်နိုင်ငံများနှင့် တင်းမာမှုများ မြင့်တက်နေစဉ် ယခုစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရုရှားနှင့် အမေရိကန်နိုင်ငံတို့က မဟာဗျူဟာမြောက်လက်နက်သစ်များ လျှော့ချရေးစာချုပ်ခေါ် New START သက်တမ်းတိုးရန် သဘောတူခဲ့သည်။ ကိုးကား – နယူးယောက်ပို့စ်
Ref; Russia test-fires ballistic missiles
#PeopleMedia

Share this post