• Follow Us on

Home ရုရှားနိုင်ငံက လက်တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ဂျာမနီသံတမန် နှစ်ဦးအား နှင်ထုတ်

ရုရှားနိုင်ငံက လက်တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ဂျာမနီသံတမန် နှစ်ဦးအား နှင်ထုတ်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁ (People Media)

 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် လက်တုံ့ပြန်ဆောင်ရွက်မှုတစ်ခုအနေဖြင့် ရုရှားနိုင်ငံရှိ ဂျာမနီနိုင်ငံသံရုံးမှ ဝန်ထမ်းနှစ်ဦးအား နှင်ထုတ်ခြင်းကို ဒီဇင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။

 

ဝန်ကြီးဌာနသည် ရုရှားနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ် Geza Andreas von Geyr အား ဆင့်ခေါ်ကာ သံရုံး၌ အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းနှစ်ဦးအား “မကြိုဆိုထိုက်သူ” အဖြစ် ကြေညာရန် ဆုံးဖြတ်ချက်နှင့် ပတ် သက်၍ အသိပေးပြောကြားခဲ့သည်။

 

ဂျော်ဂျီယာနိုင်ငံသား Zelimkhan Khangoshvili ကို သတ်ဖြတ်မှုဖြင့် ရုရှားနိုင်ငံသား V.A. Sokolov အား ဘာလင်တရားရုံးချုပ်က “တရားမျှတမှုမရှိ၊ ဘက်လိုက်မှု” အပေါ်အခြေခံကာ စီရင်ချက်ချခဲ့ပြီး ဂျာမနီနိုင်ငံမှ ရုရှားသံတမန်နှစ်ဦးအား နှင်ထုတ်ရန် ဂျာမနီနိုင်ငံ၏ ရန်လိုသည့်ဆုံးဖြတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ရုရှား နိုင်ငံက ဆတူ ပြန်လည်လက်တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားနိုင်ငံ၏ နိုင်ငံတော်အဆင့်တာဝန်ရှိသူများက ရာဇဝတ်မှုများတွင် ပါဝင်နေသည်ဟူသော အခြေအမြစ်မရှိသည့် စွပ်စွဲပြောဆိုချက်အား အခိုင်အမာပယ်ချကြောင်း ပြောကြားခဲ့ပြီး ဂျာမနီနိုင်ငံမှ နောက်ထပ်ထိပ်တိုက်ရင်ဆိုင်လှုပ်ရှားမှုမှန်သမျှအား အချိုးကျကျတုံ့ပြန်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

 

(Xinhua)

 

#PeopleMedia #ရုရှား

 

(unicode)


……………………………………………………………

 


 


 


 


 


 

(Xinhua)

 



Share this post