• Follow Us on

Home ႐ုရွားနိုင္ငံက အာဖရိကတိုက္၌ စစ္ဘက္အေျခစိုက္စခန္းမ်ား တည္ေဆာက္ရန္ စီစဥ္ေန

႐ုရွားနိုင္ငံက အာဖရိကတိုက္၌ စစ္ဘက္အေျခစိုက္စခန္းမ်ား တည္ေဆာက္ရန္ စီစဥ္ေန

Share this post

နိုင္ငံတကာ၊ ၾသဂုတ္ ၅

တိုင္းျပည္ေျခာက္ခု၌ စစ္ဘက္အေျခစိုက္စခန္းမ်ား တည္ေဆာက္မႈပါဝင္ေသာ အာဖရိကဗဟာဗ်ဴဟာ သစ္၏ တစ္စိတ္ တစ္ေဒသအျဖစ္ အာဖရိကနိုင္ငံမ်ားႏွင့္ စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ အရွိန္ျမႇင့္တင္ရန္ ႐ုရွားနိုင္ငံက စီစဥ္ေနေၾကာင္း ဂ်ာမနီ နိုင္ငံျခားေရးဝန္ႀကီးဌာန၏ လွ်ို႔ဝွက္အစီရင္ခံစာတစ္ေစာင္အား ကိုးကား၍ ဂ်ာမနီသတင္းစာ Bild က ေဖာ္ျပခဲ့သည္။

“႐ုရွားနိုင္ငံ၏ အာဖရိကရည္မွန္းခ်က္သစ္မ်ား” ဟု အမည္ေပးထားေသာ အဆိုပါအစီရင္ခံစာအရ ႐ုရွား သမၼတ ဗလာဒီမာပူတင္က အာဖရိကတိုက္ကို ထိပ္တန္းဦးစားေပးတစ္ခုအျဖစ္ သတ္မွတ္ခဲ့ေၾကာင္း သိရသည္။ အာဖရိကေဒသတြင္ ႐ုရွားနိုင္ငံ၏ သိသာေသာ လုပ္ေဆာင္ခ်က္တစ္ခုမွာ အာဖရိကတိုက္ရွိ အာဏာရွင္ အစိုးရ မ်ားႏွင့္ စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈျဖစ္သည္။

၂၀၁၅ ခုႏွစ္ေနာက္ပိုင္း ႐ုရွားနိုင္ငံက အာဖရိကတိုက္ရွိ နိုင္ငံ ၂၁ ခုႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး စာခ်ဳပ္ မ်ား ခ်ဳပ္ဆိုခဲ့ေၾကာင္း အဆိုပါေပါက္ၾကားခဲ့သည့္ အစီရင္ခံစာအရ သိရသည္။

ယခင္က အာဖရိကတိုက္တစ္ဝန္း စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူညီခ်က္ ေလးခုသာရွိခဲ့ေၾကာင္း အစီရင္ခံစာက ဆိုသည္။

ဗဟိုအာဖရိကတိုက္ရွိ ဗဟိုအာဖရိကသမၼတနိုင္ငံ၊ အီဂ်စ္၊ အီရီထရီးယား၊ မာဒါဂတ္စကား၊ မိုဇမ္ဘတ္ႏွင့္ ဆူဒန္နိုင္ငံတို႔တြင္ စစ္ဘက္အေျခစိုက္စခန္း ေျခာက္ခုတည္ေဆာက္ရန္ ႐ုရွားနိုင္ငံက ခြင့္ျပဳခ်က္ရရွိခဲ့ေၾကာင္း၊ ထို႔ အျပင္ ႐ုရွားတပ္မေတာ္က အဆိုပါတိုင္းျပည္မ်ားမွ တပ္ဖြဲ႕ဝင္မ်ားကို လွ်ို႔ဝွက္ ေလ့က်င့္ေပးေနေၾကာင္း သိရ သည္။

ဥပမာ ႐ုရွားစစ္ဘက္နည္းျပ ၁၈၀ မွာ ဗဟိုအာဖရိကသမၼတနိုင္ငံ သို႔မဟုတ္ အာဖရိကတိုက္တစ္ဝန္း အ ေျခစိုက္ေၾကာင္း အစီရင္ခံစာက ေဖာ္ျပခဲ့သည္။

႐ုရွားနိုင္ငံ၌ ႏွစ္စဥ္ မာလီတပ္ဖြဲ႕ဝင္ ၂၀ ဝန္းက်င္ကို ေလ့က်င့္ေပးေနသည္ဟု အဆိုပါအစီရင္ခံစာက ဆို သည္။ ႐ုရွားနိုင္ငံက အာဖရိကတိုက္၌ တပ္ဖြဲ႕မ်ား အၿမဲတမ္း ျဖန့္ၾကက္ထားရန္ ႀကိဳးပမ္းေနယုံသာမက လစ္ဗ်ား နိုင္ငံရွိ စစ္ဘုရင္ ခါလီဖာဟတ္ဖ္တာအား ကူညီတိုက္ခိုက္ေပးမႈေၾကာင့္ အမည္ပ်က္ေနသည့္ Wagner Group ကဲ့ သို႔ေသာ ပုဂၢလိကတပ္ဖြဲ႕မ်ား ေစလႊတ္ရန္လည္း လုပ္ေဆာင္လ်က္ရွိသည္ဟု အစီရင္ခံစာက ေဖာ္ျပခဲ့သည္။

စစ္ဘက္ဆိုင္ရာ ကြၽမ္းက်င္သူမ်ားက Wagner Group အဖြဲ႕ကို ႐ုရွားနိုင္ငံ၏ နိုင္ငံေရး၊ စီးပြားေရးႏွင့္ စစ္ ေရးၾသဇာအာဏာ တည္ေဆာက္ရာတြင္ အသုံးျပဳေသာအဖြဲ႕အစည္းအျဖစ္ သတ္မွတ္ထားသည္။ အာဖရိကတိုက္ ရွိ အာဏာရွင္အစိုးရမ်ားကို ကူညီမႈေပးရန္ ႐ုရွားနိုင္ငံက ေၾကးစားစစ္သားမ်ား ျဖန့္ၾကက္နိုင္ေၾကာင္း အစီရင္ခံစာ က ဆိုသည္။

႐ုရွားလက္နက္ကိုင္တပ္ဖြဲ႕ႏွင့္ ေၾကးစားစစ္သားမ်ား၏ စြမ္းေဆာင္ရည္မ်ားက ဆန့္က်င္မႈျပဳလုပ္ေသာ ျပည္သူမ်ားကို ႏွိမ္နင္းလိုသည့္ အာဏာရွင္အစိုးရမ်ားအတြက္ ႀကီးမားေသာ အက်ိဳးေက်းဇူးျဖစ္ေစေၾကာင္း အစီ ရင္ခံစာက ေျပာသည္။ ႐ုရွားနိုင္ငံက အာဖရိကတိုက္ရွိ တိုင္းျပည္မ်ားအတြက္ အဓိကလက္နက္ေရာင္းခ်သဴျဖစ္ သည္။

အာဖရိကတိုက္၏ လက္နက္ေစ်းကြက္ေဝစု ၃၇ ဒသမ ၆ ရာခိုင္ႏႈန္းရရွိထားသည့္ ႐ုရွားနိုင္ငံက အာဖရိ ကတိုက္သို႔ လက္နက္အမ်ားဆုံးတင္ပို႔သည္ တိုင္းျပည္ျဖစ္ၿပီး အေမရိကန္နိုင္ငံက ေစ်းကြက္ေဝစု ၁၆ ရာခိုင္ႏႈန္း၊ ျပင္သစ္နိုင္ငံက ၁၄ ရာခိုင္ႏႈန္းႏွင့္ တ႐ုတ္နိုင္ငံက ၉ ရာခိုင္ႏႈန္း ရရွိထားသည္။

အယ္လ္ဂ်ီးရီးယားနိုင္ငံက အာဖရိ ကတိုက္တြင္ ႐ုရွားနိုင္ငံလုပ္ လက္နက္အမ်ားဆုံး ဝယ္ယူသည္တိုင္းျပည္ျဖစ္ၿပီး အီဂ်စ္၊ ဆူဒန္ႏွင့္ အင္ဂိုလာနိုင္ငံ တို႔က အစဥ္လိုက္ရပ္တည္ေနသည္။

ကိုးကား – ယီနီဆာဖတ္

Ref; Russia building military bases in Africa: Report

[Unicode]
ရုရှားနိုင်ငံက အာဖရိကတိုက်၌ စစ်ဘက်အခြေစိုက်စခန်းများ တည်ဆောက်ရန် စီစဉ်နေ
……………………………………………………………………………….

နိုင်ငံတကာ၊ သြဂုတ် ၅

တိုင်းပြည်ခြောက်ခု၌ စစ်ဘက်အခြေစိုက်စခန်းများ တည်ဆောက်မှုပါဝင်သော အာဖရိကဗဟာဗျူဟာ သစ်၏ တစ်စိတ် တစ်ဒေသအဖြစ် အာဖရိကနိုင်ငံများနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် ရုရှားနိုင်ငံက စီစဉ်နေကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လျှို့ဝှက်အစီရင်ခံစာတစ်စောင်အား ကိုးကား၍ ဂျာမနီသတင်းစာ Bild က ဖော်ပြခဲ့သည်။

“ရုရှားနိုင်ငံ၏ အာဖရိကရည်မှန်းချက်သစ်များ” ဟု အမည်ပေးထားသော အဆိုပါအစီရင်ခံစာအရ ရုရှား သမ္မတ ဗလာဒီမာပူတင်က အာဖရိကတိုက်ကို ထိပ်တန်းဦးစားပေးတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ အာဖရိကဒေသတွင် ရုရှားနိုင်ငံ၏ သိသာသော လုပ်ဆောင်ချက်တစ်ခုမှာ အာဖရိကတိုက်ရှိ အာဏာရှင် အစိုးရ များနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

၂၀၁၅ ခုနှစ်နောက်ပိုင်း ရုရှားနိုင်ငံက အာဖရိကတိုက်ရှိ နိုင်ငံ ၂၁ ခုနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ် များ ချုပ်ဆိုခဲ့ကြောင်း အဆိုပါပေါက်ကြားခဲ့သည့် အစီရင်ခံစာအရ သိရသည်။

ယခင်က အာဖရိကတိုက်တစ်ဝန်း စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လေးခုသာရှိခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

ဗဟိုအာဖရိကတိုက်ရှိ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ အီဂျစ်၊ အီရီထရီးယား၊ မာဒါဂတ်စကား၊ မိုဇမ်ဘတ်နှင့် ဆူဒန်နိုင်ငံတို့တွင် စစ်ဘက်အခြေစိုက်စခန်း ခြောက်ခုတည်ဆောက်ရန် ရုရှားနိုင်ငံက ခွင့်ပြုချက်ရရှိခဲ့ကြောင်း၊ ထို့ အပြင် ရုရှားတပ်မတော်က အဆိုပါတိုင်းပြည်များမှ တပ်ဖွဲ့ဝင်များကို လျှို့ဝှက် လေ့ကျင့်ပေးနေကြောင်း သိရ သည်။

ဥပမာ ရုရှားစစ်ဘက်နည်းပြ ၁၈၀ မှာ ဗဟိုအာဖရိကသမ္မတနိုင်ငံ သို့မဟုတ် အာဖရိကတိုက်တစ်ဝန်း အ ခြေစိုက်ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံ၌ နှစ်စဉ် မာလီတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်ကို လေ့ကျင့်ပေးနေသည်ဟု အဆိုပါအစီရင်ခံစာက ဆို သည်။ ရုရှားနိုင်ငံက အာဖရိကတိုက်၌ တပ်ဖွဲ့များ အမြဲတမ်း ဖြန့်ကြက်ထားရန် ကြိုးပမ်းနေယုံသာမက လစ်ဗျား နိုင်ငံရှိ စစ်ဘုရင် ခါလီဖာဟတ်ဖ်တာအား ကူညီတိုက်ခိုက်ပေးမှုကြောင့် အမည်ပျက်နေသည့် Wagner Group ကဲ့ သို့သော ပုဂ္ဂလိကတပ်ဖွဲ့များ စေလွှတ်ရန်လည်း လုပ်ဆောင်လျက်ရှိသည်ဟု အစီရင်ခံစာက ဖော်ပြခဲ့သည်။

စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများက Wagner Group အဖွဲ့ကို ရုရှားနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ် ရေးသြဇာအာဏာ တည်ဆောက်ရာတွင် အသုံးပြုသောအဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။ အာဖရိကတိုက် ရှိ အာဏာရှင်အစိုးရများကို ကူညီမှုပေးရန် ရုရှားနိုင်ငံက ကြေးစားစစ်သားများ ဖြန့်ကြက်နိုင်ကြောင်း အစီရင်ခံစာ က ဆိုသည်။

ရုရှားလက်နက်ကိုင်တပ်ဖွဲ့နှင့် ကြေးစားစစ်သားများ၏ စွမ်းဆောင်ရည်များက ဆန့်ကျင်မှုပြုလုပ်သော ပြည်သူများကို နှိမ်နင်းလိုသည့် အာဏာရှင်အစိုးရများအတွက် ကြီးမားသော အကျိုးကျေးဇူးဖြစ်စေကြောင်း အစီ ရင်ခံစာက ပြောသည်။ ရုရှားနိုင်ငံက အာဖရိကတိုက်ရှိ တိုင်းပြည်များအတွက် အဓိကလက်နက်ရောင်းချသူဖြစ် သည်။

အာဖရိကတိုက်၏ လက်နက်စျေးကွက်ဝေစု ၃၇ ဒသမ ၆ ရာခိုင်နှုန်းရရှိထားသည့် ရုရှားနိုင်ငံက အာဖရိ ကတိုက်သို့ လက်နက်အများဆုံးတင်ပို့သည် တိုင်းပြည်ဖြစ်ပြီး အမေရိကန်နိုင်ငံက စျေးကွက်ဝေစု ၁၆ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံက ၁၄ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံက ၉ ရာခိုင်နှုန်း ရရှိထားသည်။

အယ်လ်ဂျီးရီးယားနိုင်ငံက အာဖရိ ကတိုက်တွင် ရုရှားနိုင်ငံလုပ် လက်နက်အများဆုံး ဝယ်ယူသည်တိုင်းပြည်ဖြစ်ပြီး အီဂျစ်၊ ဆူဒန်နှင့် အင်ဂိုလာနိုင်ငံ တို့က အစဉ်လိုက်ရပ်တည်နေသည်။

ကိုးကား – ယီနီဆာဖတ်

Ref; Russia building military bases in Africa: Report


Share this post